Home တွေ့ဆုံမေးမြန်းခန်း မြဝတီမြို့နယ် မဲဆန္ဒနယ်၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းအဖြစ် ‌ရွေး‌ကောက်ပွဲဝင်မည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)မှ နန်းဖြူဖြူဝင်း နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

မြဝတီမြို့နယ် မဲဆန္ဒနယ်၊ အမျိုးသား လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းအဖြစ် ‌ရွေး‌ကောက်ပွဲဝင်မည့် ဖလုံ-စ‌ဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)မှ နန်းဖြူဖြူဝင်း နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

1827

‌အောက်တိုဘာ ၈ ရက်၊ ၂၀၁၅ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအိုင်စီ။ ။ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက် အ‌ရွေးခံရတဲ့ ရည်ရွယ်ချက်ကို ‌ပြောပြပါအုံး။
နန်းဖြူဖြူဝင်း။ ။ ကျမအ‌နေနဲ့ ဖလုံ-စ‌ဝေါ်ပါတီထဲမှာ အမျိုးသားလွှတ်‌တော်‌နေရာက‌နေပြီး‌တော့ ‌ရွေး‌ကောက်ပွဲ ဝင်ရတဲ့ အဓိက ရည်ရွယ်ချက်‌တော့ ကျမတို့ ကရင်ပြည်နယ်၊ ကရင်တိုင်းရင်းသား ‌ကျေးရွာ‌တွေ အားလုံး လိုလိုပဲ ပညာ‌ရေးပိုင်းမှာ‌ပေါ့‌နော်။ ‌နောက်ကျတယ်။ အခွင့်အ‌ရေး‌တွေ ဆုံးရှုံးခဲ့တယ်။ ပညာ‌ရေးပိုင်း အားနည်းမှု တအားနည်းတဲ့အတွက်‌ကြောင့် ကျမတို့ ကရင်ပြည်နယ်၊ တပြည်နယ်လုံး ‌နေရာတိုင်းလိုလို ပညာ‌ရေးဖွံ့ဖြိုးမှု၊ များစွာလုပ်‌ဆောင်‌ပေးရန် လိုအပ်တဲ့အတွက်‌ကြောင့် ကျမ စွမ်းစွမ်းတမံနဲ့ ရည်ရွယ်ချက်ကြီးကြီးနဲ့ ပညာ‌ရေးအတွက် ရည်ရွယ်ပြီး‌တော့ ‌ရွေး‌ကောက်ပွဲဝင်တာဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ အကယ်၍ ‌ရွေး‌ကောက်ပွဲမှာ မဲအနိုင်ခဲ့လို့ရှိရင် ဆရာမအ‌နေနဲ့ ကိုယ်နိုင်ခဲ့တဲ့ မဲဆန္ဒနယ်အတွက် ဘာ‌တွေ အဓိက လုပ်‌ပေးမလဲ။
နန်းဖြူဖြူဝင်း။ ။ အဓိကက‌တော့ ကျမတို့ ပြည်နယ်ဖွံ့ဖြိုး‌ရေး လုပ်‌ဆောင်တဲ့‌နေရာမှာ ကျမတို့ ပြည်နယ်‌ဒေသကို ဘယ်လိုပဲ မြင့်မား‌အောင် ဖွံ့ဖြိုး‌ရေးပဲလုပ်လုပ်၊ ပညာ‌ရေးပိုင်းက နှိမ့်ကျ‌နေအုံးမယ်ဆိုရင် မပြည့်ဝဘူးဆိုရင် ဘယ်‌နေရာ အခန်းကဏ္ဍပဲဖြစ်ဖြစ်၊ ကျမတို့က လူ‌နေမှုစနစ် မြင့်မားပြီး‌တော့ လူ‌တွေရဲ့စိတ်ဓာတ်က နှိမ့်ကျတယ်လို့ ကျမယူဆတာ‌ပေါ့‌နော်။ ဘာဖြစ်လဲဆို‌တော့ ဒီဖွံ့ဖြိုး‌ရေးအပိုင်းကလည်း ပညာအားနဲ့ အသိဉာဏ်အားနဲ့ ပြည့်ဝမှပဲ ကျမတို့ ‌ဒေသဖွံ့ဖြိုး‌ရေးကို ‌ရေရှည်တည်တံ့‌အောင် ထိန်းသိမ်းနိုင်မယ်။ ပညာ‌ရေးပိုင်းနဲ့ ‌ကောင်း၏ မ‌ကောင်း၏ကို သုံးသပ်နိုင်မယ်။ ဆုံးဖြတ်နိုင်မယ်။ အဲဒီအတွက်‌ကြောင့် ပညာ‌ရေးအပိုင်းက ဖွံ့ဖြိုးမှုနဲ့ တန်းတူမဟုတ်ရင်‌တောင်မှ လိုက်ဖက်ညီ‌ထွေ‌အောင်‌ပေါ့‌နော်။ ပညာ‌ရေးလည်း အထိုက်အ‌လျောက် မြင့်မားနိုင်‌အောင် အဓိက လိုအပ်တယ်လို့ ကျမယူဆပါတယ်။

‌ကေအိုင်စီ။ ။ ကိုယ်က အမျိုးသမီးတစ်‌ယောက်ဖြစ်တဲ့အတွက် အမျိုးသမီး‌တွေအတွက်‌ကော ဘာ‌တွေ လုပ်‌ပေးဖို့ စိတ်ကူးရှိသလဲ။
နန်းဖြူဖြူဝင်း။ ။ ကျမတို့ ကရင့်‌ရေးရာ လုပ်ငန်းထဲမှာ ဆိုရင်လည်း အမျိုးသမီးကဏ္ဍအ‌နေနဲ့ အများကြီး လိုအပ်ပါတယ်။ ဒါကဏ္ဍအသီးသီးမှာဆိုရင် အမျိုးသားတစ်ဦးတည်းနဲ့ အမျိုးသားတစ်မျိုးတည်းနဲ့ပဲ ပြီးသွားတာမရှိဘူး။ အမျိုးသမီးကဏ္ဍအ‌နေနဲ့ အများကြီး အ‌ရေးပါတယ်။ ကျမတို့‌ဒေသမှာဆိုရင် အမျိုးသမီး‌တွေအ‌နေနဲ့ မိခင်‌လောင်းစိတ်ဓာတ်မြင့်မားဖို့လည်း လိုတယ်။ အမျိုးသမီးကဏ္ဍမှာလည်း ထဲထဲဝင်ဝင်ပါလာ‌အောင်၊ ကျမတို့ အနှိမ်ခံရတာ‌တွေ၊ မတရားခံရတာ‌တွေအတွက်ကိုလည်း ကျမတို့ အမျိုးသမီးအချင်းချင်း စွမ်းစွမ်းတမံ ‌ဆောင်ရွက်နိုင်တဲ့သူ‌တွေကလည်း ‌ဆောင်ရွက်နိုင်‌အောင်၊ လုပ်နိုင်တဲ့ သူကလည်း ဝိုင်းကူလုပ်နိုင်‌အောင်လည်း ကျမရည်ရွယ်ထားပါတယ်။ ကျမတို့ ‌ဒေသမှာရှိ‌နေတဲ့ လူငယ်ပိုင်းက အစ ‌လောင်းကစား‌တွေ၊ ‌ဆွေးသုံးစွဲမှု‌တွေကလည်း များပြားလာတယ်‌ပေါ့‌နော်။ ဒါ‌တွေဟာ မိခင်၊ ကျမတို့ အမျိုးသမီး‌တွေရဲ့အ‌ပေါ်မှာ တာဝန်ကြီးတစ်ရပ်အ‌နေနဲ့ ကျမခံယူထားတာရှိပါတယ်။ အဲဒီအတွက်ကိုလည်း ကျမတို့ အမျိုးသမီး‌တွေအ‌နေနဲ့ ပိုပြီးဂရုစိုက်ရမယ်။ လုပ်ရမယ်။ အာရုဏ်စိုက်ထားရမယ်။ အဲဒီအတွက်‌ကြောင့် အမျိုးသမီး‌တွေကို ပြန်လည်ပြီး‌တော့ စိတ်ထဲတာဝန်ကြီးတစ်ရပ်အ‌နေနဲ့ ထဲထဲဝင်ဝင် ပြန်လုပ်နိုင်‌အောင်၊ ဂရုစိုက်တတ်လာ‌အောင် အဲဒီကို ရည်ရွယ်ပြီး‌တော့ KPU ဆိုတဲ့ ကရင်အမျိုးသမီး စွမ်းရည်မြင့်တင်‌ရေးအဖွဲ့ကို ကျမကြိုးစားပြီး‌တော့ အ‌ကောင်အထည်‌ဖော်‌နေတာ ဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်အ‌ရွေးခံမယ့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း‌တွေထဲမှာ အမျိုးသမီးက လူနည်းစုဖြစ်‌နေတယ်။ အဲဒီလူနည်းစုထဲမှာ ဆရာမက တစ်‌ယောက်အပါအဝင်ဆို‌တော့ ဘာ‌တွေ အခက်အခဲ ကြုံရမယ်လို့ထင်လဲ။
နန်းဖြူဖြူဝင်း။ ။ အမျိုးသမီးတစ်‌ယောက်အ‌နေနဲ့ ကျမခံစားချက်က တအားများလှပါတယ်။ ဘာဖြစ်လဲဆို‌တော့ ဘယ်‌နေရာ ဘယ်ကဏ္ဍမဆို အမျိုးသား‌တွေဟာ ကျမတို့ အမျိုးသမီးကို သိပ်ပြီး‌တော့ ‌လေး‌လေးနက်နက် မထားတာတို့ ၊ အသိအမှတ်မပြုတာတို့ ကျမတို့ အမြဲတမ်းခံစားရတယ်။ ဘာပဲဖြစ်ဖြစ် ကျမတို့ အမျိုးသမီး‌တွေ မှာလည်း တာဝန်ကြီးပါတယ်ဆိုတာကို အမျိုးသမီးကဏ္ဍအ‌နေနဲ့လည်း ‌ဖော်ပြချင်တာလည်း ပါတယ်။ ‌နောက်‌တော့ အမျိုးသမီး‌တွေလည်း အသံ‌လေး ထွက်လာရင် မိခင်‌တွေရဲ့ စိတ်ဓာတ်‌တွေ၊ အမျိုးသမီးတွရဲ့ အ‌ရေးကြီးတဲ့ အခန်း‌တွေ ပါဝင်တယ်ဆိုတာ သိ‌စေချင်တာလည်းပါတယ်။ အမျိုးသမီး‌တွေ လုပ်‌ဆောင်နိုင်ပါ တယ်ဆိုတဲ့ စွမ်း‌ဆောင်ရည် ပြနိုင်‌အောင်လည်း ကျမရည်စူးထားတယ်‌ပေါ့‌နော်။ ကျမအမြဲတမ်း ရည်ရွယ်ထား တဲ့ ကဏ္ဍ ကျမအ‌ကောင်အထည်‌ဖော်ချင်တယ်။ ကျမတို့ အမျိုးသမီး‌တွေကို ပါဝင်လာနိုင်‌အောင် ကျမက ‌နေပြီး‌တော့ သတ္တိရှိရှိနဲ့ထိပ်ဆုံး ဒီ‌ရွေး‌ကောက်ပွဲကို ကျမဝင်ရခြင်းဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ အခုက ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေးအတွက် ပါတီစည်းရုံး‌ရေးဆင်းတဲ့ ကာလ ဖြစ်တယ်‌ပေါ့‌နော်။ ဆရာမတို့အ‌နေနဲ့ ပါတီစည်းရုံး‌ရေး လုပ်‌ဆောင်‌နေတဲ့ကာလမှာ ဘာအခက်အခဲ‌တွေ ကြုံ‌နေရသလဲ။
နန်းဖြူဖြူဝင်း။ ။ ကျမအ‌နေနဲ့ ထူးထူး‌ထွေ‌ထွေ‌တော့ သိပ်ပြီးအခက်အခဲကြုံတာ သိပ်မရှိပါဘူး။ ကျမ နဂို ကတည်းကလည်း မြဝတီမြို့မှာဆိုရင် သမီး‌တွေနဲ့‌ပေါ့‌နော်။ Pre School ကို ‌ဆောင်ရွက်‌နေတယ်။ လုပ်ကိုင် ‌နေတဲ့အတွက်‌ကြောင့် က‌လေး‌တွေရဲ့ အနာဂတ်အ‌ရေးကို အမြဲတမ်း တိုးတက်‌နေ‌အောင် စိတ်ကူးယဉ်ပြီး‌တော့ အမြဲတမ်း ကိုယ့်ရဲ့က‌လေး‌တွေဟာ တစ်‌နေ့တစ်ချိန် နိုင်ငံသား‌ကောင်းပီပီ၊ တကယ့်အသိစိတ်ဓာတ်နဲ့ မျိုးချစ် စိတ်ဓာတ်နဲ့ လုပ်‌ဆောင်နိုင်‌အောင် ကျမမြဲတမ်း‌တွေးပြီး‌တော့ ကြိုးစား‌ဆောင်ရွက်‌နေတာလည်း ဖြစ်တယ်။ ‌နောက်ပြီး‌တော့ ကျမကလည်း ကရင်အမျိုးသမီးလည်း ဖြစ်တယ်။ ကရင့်‌ဒေသမှာဆိုရင်လည်း ကျမငယ်စဉ်က တကယ်တမ်းကို ကရင်‌ရေးရာနဲ့ပတ်သက်ပြီး‌တော့ လူမှု‌ရေးစိတ်ဓာတ်အမြဲတမ်းရှိတဲ့အတွက်‌ကြောင့် အမြဲတမ်း လုပ်ကိုင်ခဲ့တဲ့အတွက် ကရင်ရိုးရာပွဲ‌တွေ၊ ကရင်နှစ်သစ်ကူးပွဲ‌တွေဆိုရင်လည်း ပါဝင်‌ဆောင်ရွက်‌နေတဲ့ အတွက်၊ ဒီကရင်အဖွဲ့အစည်းနဲ့‌ကော၊ ကရင်အသိ‌တွေနဲ့‌ကော ‌တွေ့ဆုံ‌နေကျဖြစ်တဲ့အတွက်‌ကြောင့် ကျမတို့ စည်းရုံး‌ရေး ဆင်းရတာလည်း အသိမိတ်‌ဆွေ‌ကော၊ အ‌ပေါင်းအသင်း‌တွေ‌ကော ကိုယ်နဲ့ရင်းနှီးနဲ့ လူမျိုးသားချင်း‌တွေပဲ ဖြစ်တဲ့ အတွက်‌ကြောင့် ဒါလည်း ပြဿနာမရှိပါဘူး။ ‌နောက်ပြီးတစ်ခုက‌တော့ ကျမတို့ဟာလည်း ကိုယ့်ကရင်ပြည်နယ် မှာ ငြိမ်းချမ်း‌ရေးကို ‌ဖော်‌ဆောင်‌နေတဲ့အချိန်လည်း ဖြစ်ပါတယ်။ ကျမတို့ ကရင့်‌ရေးရာ‌တွေမှာ အမြဲတမ်းပဲ ဒီငြိမ်းချမ်း‌ရေးအတွက် ကျမတို့ ပါတီကလည်း စွမ်းစွမ်းတမံ ငြိမ်းချမ်း‌ရေးကိုလည်း ထဲထဲဝင်ဝင် လုပ်‌ဆောင်‌နေ တဲ့ အဖွဲ့တစ်ဖွဲ့လို့လည်း ကျမမြင်ပါတယ်။ ဘာဖြစ်လဲဆို‌တော့ ကျမတို့ အဖွဲ့ကလည်း ကရင်အမျိုးသားဖြစ်တဲ့ အတွက်‌ကြောင့် ကျမတို့ ကရင်‌တွေရဲ့ စိတ်ရင်းကိုက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ‌မေတ္တာတရားကို ‌ရှေ့တန်းထားတဲ့ လူမျိုးဖြစ်တဲ့အတွက်‌ကြောင့် ငြိမ်းချမ်း‌ရေးဆိုတာ သူများ‌တွေထက် ကျမတို့က ပိုပြီး‌တော့ လိုလားပါတယ်။ အဲဒီအတွက်‌ကြောင့် ကျမတို့က ငြိမ်းချမ်း‌ရေးမှာလည်း ပါဝင်လှုပ်ရှားတဲ့ အဖွဲ့ဖြစ်တဲ့အတွက် ကျမတို့ စည်းရုံး‌ရေးဆင်းတဲ့အခါကျ‌တော့ အ‌ပေါင်းအသင်း‌တွေ၊ ‌ဒေသခံ နယ်ခံ‌တွေနဲ့ ပြန်‌တွေ့တဲ့အခါကျ‌တော့ သိပ်ပြီး‌တော့ ခဲခဲယင်းယင်းမရှိလှဘူးလို့ ကျမတို့ ထင်ပါတယ်။

ကိုယ်‌ရေးအကျဉ်း
အမည် – နန်းဖြူဖြူဝင်း
အသက် – ၅၃နှစ်။
ဇာတိ – ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊
မိဘ – ဦးမန်း‌ကျော်စိန်(သစ်‌တောအရာရှိ/လမ်းစဉ် လူငယ်ဥက္ကဋ္ဌ)၊ ‌ဒေါ်နန်းသန်းတင်(မူလတန်းပြဆရာမ မဲသိမ်)
ပညာအရည်အချင်း – ဖားအံ‌ဒေသ ‌ကောလိပ်၊ ပထဝီတတိယနှစ်။
ကိုးကွယ်သည့်ဘာသာ ။ ။ ဗုဒ္ဓဘာသာ
အလုပ်အကိုင် – စီးပွား‌ရေးလုပ်ငန်း
လူမှု‌ရေးနှင့် အမျိုးသား‌ရေး လုပ်‌ဆောင်မှု – ကရင်စာ‌ပေတိုးတက်ပြန့်ပွား‌ရေးအသင်းရုံးနှင့် KPU အမျိုးသမီးစွမ်း‌ဆောင်မြှင့်တင်‌ရေးအဖွဲ့တို့တွင် ပါဝင်လုပ်ကိုင်ခဲ့။
မြဝတီမြို့ အမျိုးသမီးအဖွဲ့ ဥက္ကဋ္ဌတာဝန်၊ A & HC Preschool ကို ဖွင့်လှစ်ခဲ့။
ယှဉ်ပြိုင်မည့် လွှတ်‌တော်- အမျိုးသားလွှတ်‌တော်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်- မြဝတီမြို့နယ် မဲဆန္ဒနယ်