စက်တင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စောညွန့်သောင်း
တစ်နိုင်ငံလုံး အပစ်ရပ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲနှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ ပူးပေါင်းပါဝင်ကြရန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ အရှေ့တောင်ဒေသ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးညီလာခံသို ့ တက်ရောက်လာသူ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန်က တိုက်တွန်းပြောကြားသည်။
ပဒိုနော်စီဖိုးရာစိန်က “တိုင်းပြည် ပြန်လည်တည်ဆောက်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီး ပါတယ်။ ကျမတို့နဲ့ အတူ ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါလို့ တိုက်တွန်းလိုပါတယ်”ဟု ညီလာခံဖွင့်ပွဲနေ့တွင် ပြောကြားသည်။
အဆိုပါညီလာခံကို မြန်မာနိုင်ငံတောင်ပိုင်း ကရင်၊ ကယား၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်းဒေသကြီးအတွင်းရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများ စုပေါင်းကာ ငြိမ်းချမ်းရေးအပေါ် အမြင်သဘောထားများ ဖော်ထုတ်ပြသဆွေးနွေးရန် ရည်ရွယ်ကာ ဒေသ တွင်း လူမှုအဖွဲ့အစည်းများနှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်ဟု ညီလာခံဖြစ်မြောက်ရေး ကော်မတီဝင် ဆရာစောကျော်စွာက ပြောသည်။
လက်ရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာဝပြောရေးအတွက် တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဖြစ်ကာ အပစ်ရပ်ပြီးနောက် ဆက်လုပ်ရမည့် လုပ်ငန်းစဉ် အမြောက်အ များ ရှိနေသေးသဖြင့် နိုင်ငံတည်ဆောက်ရေးတွင် ပြည်သူလူထု၊ ပညာရှင်၊ ဘာသာရေးခေါင်းဆောင်များနှင့် ဒေသအသီးသီး ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်ပူးပေါင်းလုပ်ဆောင်မှ ပိုမိုထိရောက်အောင်မြင်မည်ဟု KNU ဒုတိယဥက္ကဌ ပဒိုနော်စိဖိုး ရာစိန်က ဆက်ပြောသည်။
ညီလာခံတက်ရောက်လာသူ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကိုယ်စားလှယ် စောခဲနီကဲက “ငြိမ်းချမ်း ရေးဖော်ဆောင်တဲ့အခါ အရပ်ဘက်အဖွဲ့တွေလည်း ပါဝင်သင့်တယ်၊ လူထုအတွက် အကျိုးမရှိရင် အလကားပဲ။ ဒီညီလာခံမှာ လူကြီးတွေ ဘာတွေဆွေးနွေးလည်းဆိုတာ သိချင်တယ်။ လိုအပ်ချက်ရှိရင် ကျနော် ပါဝင်ဆွေးနွေးသွားမယ်”ဟု ကေအိုင်စီသို ့ ပြောသည်။
ယမန်နေ့က စတင်ကျင်းပသည့် ညီလာခံပထမနေ့တွင် တိုင်းရင်းသားအဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ (SD) ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ (UPWC) တာဝန်ရှိသူများက လက်ရှိငြိမ်းချမ်းရေး ဖော် ဆောင်မှုအခြေအနေများကို လူမှုအဖွဲ့အစည်းများထံ ရှင်းလင်းပြောဆိုခဲ့သလို လူမှုအဖွဲ့အစည်းများကလည်း ဒေသအလိုက် ငြိမ်းချမ်းရေးဆိုင်ရာ စာတမ်းဖတ်ကြား ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါညီလာခံသို့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ၊ အစိုးရတာဝန်ရှိသူများ အပါအဝင် ကရင်၊ ကယား၊ မွန် ပြည်နယ်နှင့် တနသင်္ာရီတိုင်းဒေသကြီးများရှိ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၀ဝ ဝန်းကျင် တက်ရောက်ဆွေးနွေးနေ ကြောင်း ညီလာခံစီစဉ်သူများထံမှ သိရသည်။