Home သတင်း မဲရုံလုံခြုံ‌ရေးကြပ်မတ်ရန် မြဝတီခရိုင်၌ အထူးရဲ ၄၉ဦး တာဝန်‌ပေးမည်

မဲရုံလုံခြုံ‌ရေးကြပ်မတ်ရန် မြဝတီခရိုင်၌ အထူးရဲ ၄၉ဦး တာဝန်‌ပေးမည်

1863

စက်တင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

မြဝတီရိုင်၊ မြဝတီမြို့နယ်တွင် ‌ရွေး‌ကောက်ပွဲ ‌ချော‌မွေ့စွာ ကျင်းပနိုင်ရန် မြဝတီမြို့နယ်ရှိ မဲရုံ ၄၉ရုံ၏ လုံခြုံ‌ရေးကို ကြပ်မတ်ရန် မြန် မာနိုင်ငံရဲတပ်ဖွဲ့မှ ဖွဲ့စည်းလိုက်သည့် အထူးရဲ ၄၉ဦးအား တာဝန်‌ပေးအပ်သွားမည်ဟု မြဝတီခရိုင် ရဲမှူးဦးမိုးညိုက ယ‌နေ့ မြဝတီမြို့ ခရိုင်ရဲတပ်ဖွဲ့ရုံး၌ ပြုလုပ်သည့် တစ်လတစ်ကြိမ် ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ‌ပြောကြားခဲ့သည်။

ခရိုင်ရဲမှူး ဦးမိုးညိုက “မဲ‌ပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး လွတ်လွတ်လပ်လပ်နဲ့ ‌ခေါင်းနဲ့စဉ်းစားပြီး‌တော့ ‌ပေးချင်တဲ့ပါတီကို ‌ပေး နိုင်‌အောင် လုံခြုံ‌ရေးပိုင်းအ‌နေနဲ့က‌တော့ စီမံချက်‌တွေလည်း ‌ရေးဆွဲထားတာရှိသလို လိုက်ပါပူး‌ပေါင်းပြီး‌တော့မှ ‌ဆောင်ရွက်တာ ‌တွေ အများကြီးရှိပါတယ်။ ကျ‌နော်တို့ ရဲတပ်ဖွဲ့‌တွေ မဟုတ်ဘဲနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ဘတ်ဂျက်နဲ့ အထူးရဲတပ်ဖွဲ့‌လေး‌တွေ မဲရုံ ကို တစ်‌ယောက်တစ်‌ယောက်နဲ့ ၄၉ဦး ‌လေ့ကျင့်ပြီး‌တော့မှ ‌ဆောင်ရွက်မှာဖြစ်တယ်”ဟု ‌ပြောကြားခဲ့သည်။

ထို့အပြင် မြဝတီခရိုင်ရဲတပ်ဖွဲ့နှင့် အထူးရဲတပ်ဖွဲ့တို့သည် မဲရုံ၏ လုံခြုံ‌ရေးတင်မကဘဲ ‌ရွေး‌ကောက်ပွဲ ဝင်‌ရောက်အ‌ရွေးခံမည့် ပါတီ ကိုယ်စားလှယ်‌လောင်းများ၏ လုံခြုံ‌ရေး၊ လူပုဂ္ဂိုလ်များ၏ လုံခြုံ‌ရေးတို့ကိုလည်း ‌ဆောင်ရွက်‌ပေးသွားမည်ဟု ခရိုင်ရဲမှူးဦးမိုးညိုက ဆက်‌ပြောသည်။

ယခုကိစ္စအ‌ပေါ် မြဝတီမြို့နယ်၊ ‌ဝှေ့ရှမ်း‌ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက “ရပ်မိရပ်ဖ‌တွေ၊ ‌ကျေးရွာလုံခြုံ‌ရေးအဖွဲ့‌တွေ၊ အဲန်ဂျီအို (အစိုးရမဟုတ်‌သောအဖွဲ့)အဖွဲ့‌တွေ အားလုံးကလည်း ဒီလုံခြုံ‌ရေးကိစ္စကို တာဝန်ယူ‌ပေး‌နေရတာပဲ။ ‌တောထဲ‌ရောက်‌နေတဲ့ အ‌နေ အထားမျိုးကျ‌တော့ (လုံခြုံ‌ရေးပိုင်း) မ‌ပြောတတ်ဘူး‌နော်။ ကျ‌နော်တို့ မြို့နဲ့ အလှမ်းမီတဲ့‌ကျေးလက်က ‌အေး‌ဆေးဖြစ်ဖို့က‌တော့ များပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရွေး‌ကောက်ပွဲလုံခြုံ‌ရေးအတွက် ကြိုတင်ပြင်ဆင်သည့်အ‌နေဖြင့် မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး၊ မြဝတီခရိုင်ရဲမှူး၊ ဋ္ဌာနဆိုင်ရာများနှင့် စစ်တပ်တို့ ပါဝင်သည့် ‌ရွေး‌ကောက်ပွဲလုံခြုံ‌ရေး ဆပ်‌ကော်မတီတစ်ခုကို ပြီးခဲ့သည့် ရက်အနည်းငယ်က ဖွဲ့စည်းထားခဲ့ပြီးသလို ‌ရွေး‌ကောက်ပွဲကာလအတွင်း မီးရှူး၊ မီးပန်းများ ‌ဖောက်ခြင်းတို့ကိုလည်း တားမြစ်ထားသည်ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့က ‌ပြောသည်။

မြန်မာနိုင်ငံတဝှမ်းလုံးတွင် ၂၀၁၅‌ရွေး‌ကောက်ပွဲ လုံခြုံ‌ရေးအတွက် ‌စောင့်ကြည့်ကြပ်မတ်‌ပေးရန် အကျင့်စာရိတ္တနှင့် ကိုယ်လက် အဂင်္ါ ‌ကောင်းမွန်သည့် အသက် ၁၈နှစ်မှ ၆ဝနှစ်အကြားရှိ သက်ဆိုင်ရာ နယ်ခံများကို အထူးရဲတပ်ဖွဲ့အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဖွဲ့စည်း‌ပေးလျှက်ရှိသည်။

ကရင်ပြည်နယ်ရှိ မဲရုံစုစု‌ပေါင်း ၆၈၄ရုံတွင် မဲထည့်ပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်း ၈သိန်း‌ကျော်ရှိသည့်အနက် မြဝတီခရိုင်၊ မြဝတီ မြို့နယ်တွင် မဲရုံ‌ပေါင်း ၄၉ရုံတွင် မဲ‌ပေးမည့် မဲဆန္ဒရှင်ဦး‌ရေ ၆၉,၂၂၁ဦးရှိသည်ဟု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ထုတ်ပြန်‌ကြေညာ ချက်အရ သိရသည်။

ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊ နိုဝင်ဘာလ ၇ရက်‌နေ့ ‌ရွေး‌ကောက်ပွဲ မဲထည့်အပြီး‌နောက်တစ်ရက်တွင် ဒီ‌ကေဘီ‌အေအဖွဲ့က ‌ရွေး ‌ကောက်ပွဲရလဒ်ကို သပိတ်‌မှောက်ကာ အစိုးရစစ်တပ်၊ နယ်ခြား‌စောင့်တပ်များနှင့် မြဝတီမြို့တွင်း၌ လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး မြဝတီ‌ဒေသခံ ၃‌သောင်းနီးပါး ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့သို့ စစ်‌ဘေး‌ရှောင်ခဲ့ရ‌သေးသည်။