Home သတင်း အာရှလမ်းသစ်သည် ငြိမ်းချမ်း‌ရေး၏သ‌ကေင်္တ အသီးအပွင့်ဟု KNU ဥက္ကဋ္ဌ ‌ပြောဆို

အာရှလမ်းသစ်သည် ငြိမ်းချမ်း‌ရေး၏သ‌ကေင်္တ အသီးအပွင့်ဟု KNU ဥက္ကဋ္ဌ ‌ပြောဆို

2082

ဩဂုတ် ၃ဝရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

ယ‌နေ့ ဖွင့်လှစ်လိုက်သည့် မြဝတီ-‌ကော့ကရိတ် ‌ဒေါန‌တောင်ပတ် အာရှလမ်းသစ်သည် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်း‌ရေး သ‌ကေင်္တ၏ အသီးအပွင့်ဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဌ ဗိုလ်ချုပ်ကြီးမူတူး‌စေးဖိုးက ‌ပြောဆိုလိုက် သည်။

၎င်းက “ဒီအာရှလမ်းစီမံကိန်းဟာ ကျ‌နော်တို့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ကရင်ပြည်နယ်အတွင်းမှာရှိတာ ဖြစ်တယ်။ ငြိမ်း ချမ်း‌ရေးကို ‌ကေအဲန်ယူက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပါဝင်ဖို့ သနိ္နဌာန်ချထားပါတယ်။ အာရှလမ်းဟာ ယုံကြည်မှုတည်‌ဆောက် တဲ့ အဆင့်တစ်ဆင့် ဖြစ်ပါတယ်။ ဒီလမ်းဟာ ငြိမ်းချမ်း‌ရေးသ‌ကေင်္တ အသီးအပွင့် ဖြစ်တယ်”ဟု ယ‌နေ့ပြုလုပ်သည့် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

၎င်းအာရှလမ်းဖွင့်ပွဲတွင် ‌ကေအဲန်ယူကိုယ်စား၊ ကရင်အမျိုးသားများကိုယ်စား စကား‌ပြောခွင့်ပြုသည့် ထိုင်း-မြန်မာနှစ်နိုင်ငံ‌ခေါင်း ‌ဆောင်များကို အထူး‌ကျေးဇူးတင်ရှိ‌ကြောင်းနှင့် ယ‌နေ့သည် ကရင်ပြည်နယ်အတွက် အလွန်မဂင်္လာရှိ‌သော‌နေ့ဖြစ်ပြီး မြန်မာနှင့် အာဆီယံ‌ဒေသတွင်းနိုင်ငံများ၏ သမိုင်းမှတ်‌ကျောက်တင်သည့်‌နေ့ဖြစ်သည်ဟုလည်း ‌ကေအဲန်ယူဥက္ကဋ္ဌက ‌ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU သည် အမျိုးသားရင်ကြား‌စေ့‌ရေးအတွက် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူ စာချုပ်-NCA လက်မှတ်‌ရေးထိုးမှုမှတဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင် ပါဝင်သွားမည်ဖြစ်ကာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လို လား‌နေသည့် ဒီမိုက‌ရေစီဖက်ဒရယ်စနစ်ကို တည်‌ဆောက်သွားမည်ဟုလည်း ဖြည့်စွက်‌ပြောကြားခဲ့သည်။
1
ယ‌နေ့ပြုလုပ်သည့် မြဝတီ‌ကော့ကရိတ် ‌ဒေါန‌တောင်ပတ် အာရှလမ်းသစ် တရားဝင်ဖွင့်လှစ်ပွဲကို မြဝတီမြို့နယ်၊ သကင်္န်းညီ‌နောင် လမ်းဆုံတွင် ကျင်းပခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ် နိုင်ဆုန်ခစ်ကျတူစီဖိ ထတို့က တက်‌ရောက်ဖွင့်လှစ်‌ပေးသည့်အပြင် ‌ကေအဲန်ယူဥက္ကဋ္ဌ ‌စောမူတူး‌စေးဖိုးကို အထူးဧည့်သည်‌တော်အဖြစ် တက်‌ရောက် ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းဒုတိယဝန်ကြီးချုပ်က ယခုဖွင့်လှစ်လိုက်သည့် အာရှလမ်းသစ်သည် ထိုင်း- မြန်မာနှစ်နိုင်ငံ၏ ချစ်ကြည်‌ရေး တိုးတက်ခိုင်မာ မှု သ‌ကေင်္တဖြစ်သည်ဟု ‌ပြောကြားခဲ့ကာ မြန်မာဒုသမ္မတက ထိုင်းနှင့်မြန်မာသည် ၁၉၄၈ခုနှစ်၊ နှစ်နိုင်ငံ သံတမန် အဆက်အ သွယ် မပြုလုပ်မှီကာလကပင် သမိုင်း‌ကြောင်းအရ အပြန်အလှန် ရင်းနှီးချစ်ကြည်ခဲ့ကြသည်ဟု ‌ပြောဆိုသည်။

လမ်းအရှည် ၂၈မိုင် ၂ဖာလုံရှိသည့် မြဝတီ-‌ကော့ကရိတ် ‌ဒေါန‌တောင်ပတ် အာရှလမ်းသစ်သည် အာရှဖွံ့ဖြိုး‌ရေးဘဏ်၏ အကူအ ညီဖြင့် ထိုင်းနိုင်ငံက အချိန်‌လေးနှစ်နီးပါးယူကာ တည်‌ဆောက်‌ပေးခဲ့ခြင်းဖြစ်သည်။