Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1602

ဒီမိုအင်အားစုများ ဖက်ဒရယ်အတွက် ညီညွှတ်ကြပြီလား?

‘အချိန်သည် လူကိုမ‌စောင့်’ ဆိုသည့်အတိုင်း ရက်၊ လ၊ နှစ်တို့ တ‌ရွေ့‌ရွေ့နှင့်ပင် ကုန်ဆုံးလာခဲ့သည်။ ဩဂုတ်လအတွင်း မြန်မာ့ နိုင်ငံ‌ရေးဖြစ်စဉ်များကို ပြန်‌ပြောင်းကြည့်မည်ဆိုလျှင် တိုင်းရင်းသားညီအစ်ကိုများ၏ အနာဂတ်ဘဝ သာယာဝ‌ပြော‌ရေး တနည်း ဆို‌သော် တိုင်းရင်းသား ညီအစ်ကိုများ မှီတင်း‌နေထိုင်‌နေသည့် အမိတိုင်းပြည်တိုးတက်‌ရေးအတွက် ဖက်ဒရယ် ဒီမိုက‌ရေစီ တည် ‌ဆောက်ဖို့ရာ အလှမ်း‌ဝေး‌နေဆဲပင် ဖြစ်သည်။

ဒီမိုက‌ရေစီ အသွင်ကူး‌ပြောင်း‌ရေး လုပ်‌ဆောင်‌နေသည်ဟုဆိုသည့် အာဏာကိုင် ကြံ့ဖွံ့ပါတီတွင်း အာဏာလွန်ဆွဲပွဲ၊ ပါတီနိုင်ငံ ‌ရေးသမားများ ပါတီအကူးအ‌ပြောင်းကိစ္စ၊ တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့ ကိုယ်စားလှယ် SD နှင့် အစိုးရ UPWC တို့ ၉ကြိမ် ‌မြောက် ‌တွေ့ဆုံပြီးသည်အထိ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ်မှာလည်း အားလုံးပါဝင်မှုအ‌ပေါ် ညှိနှိုင်းမရ ဖြစ်‌နေခြင်း၊ ၈၈ ဒီမိုက‌ရေစီ အတိုက်အခံအင်အားစုနှင့် NLD တို့ အက်‌ကြောင်းစထွက်လာသလို တိုင်းရင်းသားအဖွဲ့အ ချို့၏ အပစ်ရပ်စာချုပ် လက်မှတ်ထိုးမည်ဟု ‌ပြောဆိုမှုများကို ကြည့်မည်ဆိုလျှင် တိုင်းရင်းသားညီအစ်ကိုများ ‌မျှော်လင့်‌နေကြ သည့် ဖက်ဒရယ်ပြည်‌ထောင်စုနှင့်လည်း အလှမ်း‌ဝေး‌နေဆဲပင် ဖြစ်သည်။

လူသည် နိုင်ငံ‌ရေးသတ္တဝါပင် ဖြစ်သည်ဟု ပညာရှင်တို့ ‌ပြောဆိုခဲ့ကြသည်။ မိမိတို့ဘဝ ‌နေ့စဉ် ထိ‌တွေ့လုပ်‌ဆောင်‌နေမှုများ အား လုံးမှာလည်း မျက်‌မှောက်နိုင်ငံ‌ရေးနှင့် တစ်နည်းနည်းဖြင့် ဆက်စပ်လျက်ရှိ‌နေသည်။ လတ်တ‌လောဖြစ်ပျက်‌နေသည့် နိုင်ငံ‌ရေး ဖြစ်စဉ်များ‌ကြောင့် တိုင်းရင်းသားညီအစ်ကိုများ ‌နေ့တဓူဝ စား၊ ဝတ်၊ ‌နေ‌ရေးအတွက် ပိုခက်ခဲလာသလို သဘာဝ‌ဘေးဒဏ်တဖန် ခံလိုက်ပြန်ရသဖြင့် တစ်ပူ‌ပေါ် နှစ်ပူမက ဆင့်ကာဆင့်ကာ များစွာ ကြပ်တည်းလာသည်ကို ‌တွေ့ရကြားရမည်ဖြစ်သည်။

လွတ်လပ်‌ရေးရပြီးသည်မှာ နှစ် ၇ဝနီးပါးရှိလာခဲ့‌သော်လည်း အမိတိုင်းပြည်မှာ ကမ္ဘာ့နိုင်ငံများထက် အဖက်ဖက်မှ နိမ့်ကျနွမ်းပါး ‌နေ‌သေး‌ပေရာ ယင်းသို့ဖြစ်ရခြင်းမှာ အာဏာကို နည်းအမျိုးမျိုးဖြင့် ဆုပ်ကိုင်လိုသူ အာဏာပါးကွက်သားများ‌ကြောင့်သာ ဖြစ် သည်။ ထိုရာစုနှစ်နီးပါးကာလအတွင်း ကြုံ‌တွေ့ဖြတ်သန်းရင်ဆိုင်လာခဲ့ရသည့် ပဋိပက္ခများအတွက် ကုစားရမည့်အ‌ဖြေမှာ အနာ ဂတ် သာယာဝ‌ပြော‌ရေးအတွက် စစ်မှန်သည့် ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေးပင် ဖြစ်သည်။

အမှန်စင်စစ် ဖက်ဒရယ်ဒီမိုက‌ရေစီ တည်‌ဆောက်‌ရေးအတွက် ထိုသို့ အာဏာဆုပ်ကိုင်ထားသူ လူတစ်စုကို တိုင်းရင်းသား ညီအစ်ကိုများနှင့် ဒီမိုက‌ရေစီအင်အားစုများက ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံး တွန်းလှန်မည်ဆိုပါက မကြာမီပင် ‌အောင် မြင်မှုကို ရရှိမည်ဖြစ်သည်။ ကုန်လွန်ခဲ့သည်ကာလအတွင်း ပြည်တွင်း၌လည်း တိုင်းရင်းသားမဟာမိတ်များနှင့် ဒီမိုက‌ရေစီအင် အားစုများအကြား ‌ရွေး‌ကောက်ပွဲအ‌ကြောင်းပြုကာ ပြိုင်ဘက်သဖွယ် သ‌ဘောထား‌နေကြသည်မှာ တိုင်းရင်းသားပြည်သူအားလုံး ‌မျှော်မှန်းသည့် ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စုနှင့် ပိုအလှမ်း‌ဝေးသွားသည်ကို သက်ဆိုင်ရာ‌ခေါင်း‌ဆောင်များ သတိပြုရမည် ဖြစ်သည်။

အာဏာရှင်တို့မည်သည် မိမိတို့ ‌ရေရှည်ရပ်တည်‌ရေးနှင့် ကိုယ်ကျိုးစီးပွားကာကွယ်‌ရေးအတွက် နည်းမျိုးစုံသုံးကာ လုပ်‌ဆောင် တတ်သလို တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များကြား စည်းလုံးမှုအားနည်း‌အောင်၊ အတိုက်အခံအင်အားစုများ ပြိုကွဲ‌အောင် သပ်လျှို‌သွေးခွဲလုပ်‌ဆောင်မှုများကို သတိပြုကာ တိုင်းရင်းသားညီအစ်ကိုများ၏ ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုက‌ရေစီနိုင်ငံ ထူ‌ထောင်နိုင်‌ရေးအတွက် ဖက်ဒရယ်ဒီမိုက‌ရေစီအင်အားစုများက ညီညာခိုင်မြဲစွာဖြင့် လုပ်‌ဆောင်သွားရန် တိုက်တွန်းအပ်‌ပေ သည်။