Home သတင်း ၁၂၅ကြိမ်‌မြောက် ‌မေ‌ဒေး‌နေ့ အခမ်းအနား မဲ‌ဆောက်တွင်ကျင်းပ

၁၂၅ကြိမ်‌မြောက် ‌မေ‌ဒေး‌နေ့ အခမ်းအနား မဲ‌ဆောက်တွင်ကျင်းပ

1837

‌မေ ၁ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ(JACBA)မှ ဦး‌ဆောင်၍ ယ‌နေ့ကျ‌ရောက် သည့် (၁၂၅)နှစ်‌မြောက် နိုင်ငံတကာအလုပ်သမား‌နေ့(May Day) အခမ်းအနားကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့အနီး ‌ဝှေ့မုရွာတွင် ပြုလုပ်ကျင်းပခဲ့သည်။

ထိုင်းနိုင်ငံ‌ရောက် မြန်မာအလုပ်သမားများအား ‌မေ‌ဒေး‌နေ့ ဖြစ်‌ပေါ်လာရခြင်း၏ အတိတ်သမိုင်း‌ကြောင်းနှင့် အလုပ်သမားများအ ‌နေဖြင့် မိမိရသင့်ရထိုက်‌သော အလုပ်သမားအခွင့်‌ရေးများ၊ ရရှိသည့်အခွင့်အ‌ရေးအ‌ပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုများကို သိရှိ‌စေ ရန် ရည်ရွယ်၍ ၎င်းအခမ်းအနားကို ကျင်းပရခြင်းဖြစ်သည်ဟု (JACBA) ၏ ဥက္ကဋ္ဌ ဦးမိုးကြိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီ‌နေ့ အခမ်းအနားက ကျ‌နော်တို့ ‌ဝှေ့မုအပြင် ဖုတ်ဖရမြို့နယ်အတွင်းမှာလည်း နှစ်‌နေရာလုပ်တယ်။ အခမ်းအနား‌တွေမှာ ‌တော့ လုပ်အားခအနည်းဆုံးနဲ့ အ‌ထောက်ထားမဲ့အများဆုံးဖြစ်တဲ့ ဒီမဲ‌ဆောက်မြို့က အလုပ်သမားများရဲ့ ဆုံးရှုံးနစ်နာမှု‌တွေနဲ့ ခွဲခြားဆက်ဆံခံ‌နေရမှုများကို အချက်အလက်‌တွေ စု‌ဆောင်းပြီး‌တော့ ထိုင်းအစိုးရကို တိုက်တွန်းသွားမယ့် အစီအရင်ခံစာတစ် ‌စောင်ကို မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဋ္ဌာနသို့ တိုက်ရိုက် အစီရင်ခံစာတင်သွားမယ်”ဟု ဆိုသည်။

မဲ‌ဆောက်‌ဒေသတွင် ထိုင်းအာဏာပိုင်များမှ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးမှုများရှိ‌သော‌ကြောင့် အကျဉ်းချုံးပုံစံများဖြင့်သာ ကျင်းပနိုင်ခဲ့‌ကြောင်းနှင့် အခမ်းအနားတွင် JACBA အပါအဝင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ စုစု‌ပေါင်း ၃၀‌ကျော် တက် ‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

အခမ်းအနားတက်‌ရောက်ခဲ့သူ ‌တောင်ယာအလုပ်သမား ကို‌ဋ္ဌေးက “ကျ‌နော်အ‌နေနဲ့ ဒီအခမ်းအနားကို တက်‌ရောက်ဖြစ်တဲ့အ တွက် ကိုယ့်ရဲ့အခွင့်အ‌ရေးနဲ့ တာဝန်ဝတ္တရား‌တွေကို သိခွင့်ရတယ်။ ပြီး‌တော့ ပါဝင်ခွင့်ရတာ‌ကြောင့်လည်း ကျ‌နော်အ‌နေနဲ့ အတိုင်းမသိ ဝမ်းသာမိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲ‌ဆောက်မြို့တွင် ပြီးခဲ့သည့် ဆယ်စုနှစ်များမှစ၍ နှစ်စဉ် ‌မေလ ၁ရက်‌နေ့တွင် ကျ‌ရောက်သည့် ကမ္ဘာ့အလုပ်သမား‌နေ့(May Day)‌နေ့ကို ထိုင်းအလုပ်သမားများနှင့် မြန်မာအလုပ်သမားများ ပူး‌ပေါင်း၍ ကျင်းပခဲ့သည်။