Home သတင်း မဲဆန္ဒရှင်များအား ပူး‌ပေါင်းပညာ‌ပေးရန် ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲနှင့် CSO အဖွဲ့များ ‌တွေ့ဆုံ

မဲဆန္ဒရှင်များအား ပူး‌ပေါင်းပညာ‌ပေးရန် ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲနှင့် CSO အဖွဲ့များ ‌တွေ့ဆုံ

1803

‌မေ ၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲများ၊ အစိုးရတာဝန်ရှိသူများသည် မဲဆန္ဒရှင်ပညာ‌ပေးခြင်း လုပ်ငန်းများ ပူး‌ပေါင်း ‌ဆောင်ရွက်နိုင်‌ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်း(CSO)များအား ဧပြီလ ၃ဝရက်‌နေ့က ဖားအံမြို့ Angel Land ဟိုတယ် တွင် ပထမအကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။

ကွန်ပျူတာအတွင်းသို့ ထည့်သွင်းပြီးစီး‌သော ကရင်ပြည်နယ်တစ်ခုလုံး၏ အ‌ခြေခံမဲဆန္ဒရှင်စာရင်းများကို ကပ်ထား‌ကြေညာခြင်း မပြုမီ မဲဆန္ဒရှင်အား ပညာ‌ပေးခြင်းလုပ်ငန်းများ ပူး‌ပေါင်း‌ဆောင်ရွက်နိုင်ရန်၊ မဲဆန္ဒရှင်များ၏ အမည်စာရင်းများ အမှားအယွင်း မရှိ‌စေရန်နှင့် တိကျခိုင်မာသည့် မဲဆန္ဒရှင်များ၏ အမည်စာရင်းများ ရရှိ‌စေရန် ရည်ရွယ်၍ ယခုလို ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ် သည်ဟု ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦး‌ကျော်ဝင်းက ‌ပြောသည်။

ဦး‌ကျော်ဝင်းက “မဲစာရင်းထုတ်ပြန်တဲ့အခါမှာ မိမိတို့အမည်စာရင်း‌တွေ မဲဆန္ဒရှင်စာရင်းမှာ မပါဘူးဆိုရင် ပြန်ဖြည့်ဖို့။ ပါခဲ့ရင် လည်း အမည်မမှားဖို့၊ အချက်အလက်မှားရင်လည်း ပြင်ဆင်ဖို့၊ ‌နောက်ပြီး မပါသင့် မပါထိုက်တဲ့သူ‌တွေကို ဖယ်ပျက်‌ပေးဖို့နဲ့ ပြည့်စုံမှန်ကန်တဲ့ မဲစာရင်းရ‌အောင် ခိုင်မာတဲ့မဲစာရင်းကို လုပ်‌ဆောင်‌နေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ လုပ်ငန်းများလုပ်‌ဆောင်ရာတွင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်နှင့် အစိုးရတာဝန်ရှိသူများက ဦးစီးသည့်အ‌နေဖြင့် မဟုတ်ဘဲ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အတူတကွ ညှိနှိုင်းပူး‌ပေါင်းလုပ်‌ဆောင်မည်ဖြစ်‌ကြောင်းနှင့် မည်သို့လုပ်‌ဆောင်သွားကြရန် ကြိုတင်‌ဆွေး‌နွေးခြင်းသာဖြစ်‌ကြောင်း သိရသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲအ‌ပေါ် ဖားအံမြို့ရှိ အရပ်ဘက်လူမှုအဖွဲ့တစ်ခုမှ ‌စောစိန်‌ထွေးက “ကျ‌နော်တို့ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲရလဒ်က‌တော့ လာမယ့် ‌မေ (၁၁)ရက်မှာ ဖားအံမြို့၊ ပအိုဝ်းစာ‌ပေယဉ်‌ကျေးမှု အ‌ဆောက်အဦးမှာ ပြန်‌တွေ့ကြမယ်။ အဲဒီအခါကျရင် ကရင်ပြည် နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ခွဲအဖွဲ့မှ ၇ဦးနဲ့ CSO အဖွဲ့တို့ ‌တွေ့ဆုံအလုပ်လုပ်မယ့် ‌ကော်မတီကို ဖွဲ့မယ်။ မဲဆန္ဒပညာ‌တွေ လိုက် ‌ပေးမယ်။ အသံချဲ့စက်‌တွေနဲ့ ‌ကြေညာ‌ပေးတဲ့လုပ်ငန်း‌တွေ၊ နံရံကပ်ပိုစတာ‌တွေ လိုက်ကပ်‌ပေးမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် မဲဆန္ဒရှင် အမည်စာရင်းများကို ‌မေလ ၃ဝရက်‌နေ့တွင် ကရင်ပြည်နယ်တစ်ခုလုံးအတွက် အပြီးစုစည်းမည်ဖြစ်ပြီး ပြည် သူလူထုများ သိရှိနိုင်ရန် ဇွန်လ ၈ရက်‌နေ့၌ ထုတ်ပြန်‌ကြေညာမှု ပြုလုပ်သွားမည်ဖြစ်သည်ဟု ကရင်ပြည်နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ခွဲက ‌ပြောဆိုထားသည်။

ယခု ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲဖြစ်‌မြောက်‌ရေးအတွက် International Foundation for Electoral Systems (IFES) မှ ကူညီ‌ထောက် ပံ့‌ပေးခဲ့ခြင်းဖြစ်ပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်၊ ခရိုင် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်အဖွဲ့များ၊ အစိုးရတာ ဝန်သူများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ လူဦး‌ရေ‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။