Home သတင်း ရန်ကုန်တိုင်း‌ဒေသကြီးတွင် ကရင်မဲဆန္ဒရှင်စာရင်း ၄‌သောင်း ဝန်းကျင်တိုးလာ

ရန်ကုန်တိုင်း‌ဒေသကြီးတွင် ကရင်မဲဆန္ဒရှင်စာရင်း ၄‌သောင်း ဝန်းကျင်တိုးလာ

1460

‌မေ ၁၅ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီးရှိ ကရင်လူမျိုး မဲဆန္ဒရှင်စာရင်း ၄‌သောင်း(၄၀,၀၀၀) ဝန်းကျင်တိုးများလာ‌ကြောင်း တိုင်းလူဝင်မှုကြီးကြပ် ‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန(လဝက)က ပြုစု‌နေသည့် ကနဦးစာရင်းများအရ သိထားသည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်က ‌မေလ ၁၃ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“လဝက စာရင်းအရ‌ပေါ့။ အကြမ်းဖျင်း သိထားတာက‌တော့ ကရင်လူမျိုးမဲဆန္ဒရှင်စာရင်း ‌လေး‌သောင်း‌လောက် တက်သွား တယ်။ စာရင်းအတိအကျကို လဝက ကို ‌တောင်းထားတယ်။ ဒီတစ်ပတ်ထဲ သိရမယ်။ ဒါက မဲစာရင်းအရပါ။ ရန်ကုန်တိုင်းထဲမှာ ကရင်လူဦး‌ရေ စာရင်းအတိအကျ‌တော့ ‌ပြောလို့မရဘူး‌ပေါ့‌နော်”ဟု ဝန်ကြီး ‌စောထွန်း‌အောင်မြင့်က ‌ပြောသည်။

လက်ရှိ ပြည်သူ့လွှတ်‌တော်‌ရွေး‌ကောက်ပွဲ ဥပ‌ဒေအရ ‌ရွေး‌ကောက်ပွဲ စတင်ကျင်းပသည့်‌နေ့တွင် အသက် ၁၈နှစ်ပြည့်ပြီး သတ် မှတ်ချက်နှင့် ကိုက်ညီသူများသာ မဲ‌ပေးခွင့်ရှိသည့်အတွက် အ‌ခြေခံမဲစာရင်းပြုစုရာတွင်လည်း အသက် ၁၈နှစ် ပြည့်ပြီးသူများကို သာ ထည့်သွင်းပြုစုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁ဝပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း ကရင်လူမျိုးမဲဆန္ဒရှင် စာရင်း တစ်သိန်း ‌ခြောက်‌သောင်းခန့်ရှိပြီး ယခု ‌လေး‌သောင်းဝန်းကျင်စာရင်း ထပ်တိုးလာသည့်အတွက် လာမည့် ၂၀၁၅ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ တွင် ကရင်လူမျိုးမဲဆန္ဒရှင်စာရင်း နှစ်သိန်းဝန်းကျင်ရှိလာနိုင်‌ကြောင်း ကရင်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်က ဆက်‌ပြော သည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် တစ်နိုင်ငံလုံး အ‌ခြေခံမဲဆန္ဒရှင် စာရင်းကို ပြုစု‌နေပြီးဖြစ်သလို ရန်ကုန်တိုင်း‌ဒေသကြီးအတွင်း၌ မဲစာရင်းပြုစု‌နေပြီးဖြစ်‌သော်လည်း တိုင်းရင်းသား‌ရေးရာအတွက် မဲစာရင်းကို အ‌သေအချာ မပြုစုရ‌သေး‌ကြောင်း ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၊ ရန်ကုန်တိုင်း‌ဒေသကြီး‌ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးကိုကိုကလည်း ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

၎င်းက “တိုင်းရင်းသား‌ရေးရာ မဲစာရင်းက အန်ကယ်တို့ ‌သေ‌သေချာချုာ မပြုစုရ‌သေးဘူး။ မပြုစုရ‌သေးဘူးဆိုတာ အန်ကယ်တို့ ‌ကော်မရှင်အဖွဲ့ခွဲအ‌နေနဲ့ တိုင်းလဝကကို တိုင်းရင်းသားလူမျိုး‌တွေရဲ့ အ‌ရေအတွက်ကို ‌တောင်းထားတယ်၊ အဲ့ဒါ‌လေး မရ‌သေး ဘူး။ တခု‌တော့ရှိတယ်၊ အခု ပြုစုလိုက်တဲ့ အ‌ခြေခံမဲဆန္ဒရှင်စာရင်းမှာ‌တော့ သူတို့ပါမှာ‌ပေါ့။ အဲ့ဒီမှာ ‌သေ‌သေချာချာ ခွဲမထုတ်ရ ‌သေးဘူး”ဟု ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီးရှိ ၁ဝမြို့နယ်အတွက် အ‌ခြေခံမဲဆန္ဒရှင်စာရင်းကို တိုင်း‌ရွေး‌ကောက်ပွဲ‌ကော်မရှင် အဖွဲ့ခွဲက မတ်လ ၃ဝရက် ‌နေ့တွင် ပထမအကြိမ်ထုတ်ပြန်ခဲ့ပြီး ကျန်ရှိ‌နေသည့် မြို့နယ်များကို ‌မေလကုန်ပိုင်းနှင့် ဇွန်လအတွင်း ထပ်မံ ထုတ်ပြန်သွားရန်ရှိ ‌ကြောင်း တိုင်း‌ကော်မရှင်အဖွဲ့ခွဲက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁ဝပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသားလူမျိုး မဲဆန္ဒရှင်ဦး‌ရေ ၁၅၈,၄၂၉ဦးရှိ‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။