Home သတင်း မင်းသုဝဏ် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း‌ဆောင်သစ် ပြုပြင်ဖွင့်လှစ်

မင်းသုဝဏ် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း‌ဆောင်သစ် ပြုပြင်ဖွင့်လှစ်

2060

ဧပြီ ၂၅ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့နယ်ရှိ မဲ့ကု‌ကျေးရွာတွင် ထိုင်းနိုင်ငံ‌ရောက် မြန်မာ‌ရွှေ့‌ပြောင်း‌တောင်ယာအလုပ်သမားများ၏ သားသမီး များ ပညာသင်ကြားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် မင်းသုဝဏ်‌ကျောင်း‌ဆောင်မှာ ‌ဟောင်းနွမ်းပျက်စီးလာသည့်အတွက် ‌ကျောင်း‌ဆောင်သစ်တစ်ခုကို ဧပြီလ ၂၃ရက်‌နေ့က ‌ပြောင်း‌ရွှေ့‌ဆောက်လုပ်ပြီးစီးခဲ့သည်။

အဆိုပါ‌ကျောင်း‌ဆောင်သစ်အတွက် ထိုင်းနိုင်ငံ‌ရောက် မြန်မာနိုင်ငံဖွား ‌ဂေါ်ရခါးလူငယ်အစည်းအရုံး(Thai Base Myanmar Born Gurkha Youth Association)က ထိုင်းဘတ်‌ငွေ ၁၇၀,၀၀၀‌ကျော် အကုန်ကျခံ၍ ပြည်သူ့‌စေတနာ့ဝန်ထမ်းအဖွဲ့ (People Volunteer Association-PVA)တို့နှင့် ပူး‌ပေါင်းကာ အသစ် ပြန်လည်မွမ်းမံကာ ‌ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။

PVA ပညာ‌ရေးတာဝန်ခံ ကိုလူ‌မော်က “အရင်‌ကျောင်း‌ဟောင်းက သစ်သားတိုင် အင်ဖက်မိုးတဲ့အဆင့်သာ ရှိတယ်။ အခု အဲ့ဒါ ‌တွေက အချိန်ကြာလာနဲ့အမျှ ‌ဆွေး‌မြေ့လာ‌တော့ လာမယ့် ၂၀၁၅-၁၆ ပညာသင်နှစ်အတွက် ပညာသင်ကြားဖို့ အခက်အခဲရှိတာ ‌ကြောင့် အသစ်‌ဆောက်လုပ်ရခြင်းဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မူလတန်းအဆင့်ရှိ ၎င်းမင်းသုဝဏ်‌ကျောင်း‌ဆောင်သစ်ကို ယခုနှစ်၊ မတ်လ ၂၃ရက်မှ ဧပြီလ ၂၃ရက်‌နေ့အထိ တစ်လကြာ ‌ဆောက်လုပ်ခဲ့ရပြီး ‌ကျောင်း‌ဆောင်သစ်တွင် ‌ကျောင်းသားဦး‌ရေ ၁၅၀‌ကျော် ပညာသင်ကြားနိုင်ရန် ရည်ရွယ်ထား‌ကြောင်း ကိုလူ‌မော်က ဆက်‌ပြောသည်။ ပြီးခဲ့သည့် ၂၀၁၄-၁၅ ပညာသင်နှစ်တွင် ‌ကျောင်းသား‌ကျောင်းသူဦး‌ရေ ၉၀‌ကျော် တက်‌ရောက်ခဲ့ ပြီး ‌စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ သုံးဦးက မြန်မာအစိုးရ၏ ပညာ‌ရေး သင်ရိုးညွန်းတမ်းအတိုင်း သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်။

‌ကျောင်း‌ဆောင်သစ် ပြန်လည်မွမ်းမံပြီး‌နောက် ပြုလုပ်သည့် အခမ်းအနားဖွင့်ပွဲတွင် အလှူရှင် ‌ဂေါ်ရခါးလူငယ်အဖွဲ့၊ PVA တာဝန်ရှိ သူများ၊ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းဆရာ ဆရာမများ၊ ထိုင်းအာဏာပိုင်များ၊ ‌ကျောင်းသားမိဘများ၊ ‌ကျောင်းသား‌ကျောင်းသူများ စုစု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ဖွင့်ပွဲတက်‌ရောက်ခဲ့သူ Children Development Center – CDC ‌ကျောင်းအုပ်ဆရာမန်း‌ရွှေနှင်းက “မြန်မာ‌တောင်ယာအလုပ်သ မား‌တွေရဲ့ သားသမီး‌တွေဟာ သူတို့ဘဝ ဒီလိုပဲ မကုန်ဆုံး‌စေချင်ဘူး။ ဒီ‌ကျောင်းရှိခြင်းအားဖြင့် ပညာ‌ရေးနဲ့ပတ်သက်ပြီး သူတို့ သားသမီး‌တွေအတွက် အတိုင်းအတာတစ်ခုထိ‌တော့ အ‌ထောက်အကူပြု‌စေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ သားသမီးများကို ထိန်း‌ကျောင်းပြုပြင်ရန် ရည်ရွယ်၍ နယ်စပ်အ‌ခြေစိုက် ‌စေတနာ့ဝန်ထမ်း အသင်းအဖွဲ့များ၏ ပူး‌ပေါင်းကူညီမှုများဖြင့် မင်းသုဝဏ်‌ကျောင်းကို ၂၀၁၁ခုနှစ်တွင် စတင် တည်‌ထောင်ခဲ့သည်ဟု သိရသည်။