Home သတင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် မူကြမ်း လက်မှတ်ထိုးသည့်အ‌ပေါ် UNFC သ‌ဘောထားထုတ်ပြန်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် မူကြမ်း လက်မှတ်ထိုးသည့်အ‌ပေါ် UNFC သ‌ဘောထားထုတ်ပြန်

1953

ဧပြီ ၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)နှင့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်း‌ကော်မတီ(UPWC)တို့အကြား မကြာ‌သေးမီက လက်မှတ်‌ရေးထိုးထား‌သော တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ‌ရေးစာချုပ် မူကြမ်း(NCA)အ‌ပေါ် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီ(UNFC)က ဧပြီ ၇ရက်‌နေ့တွင် သ‌ဘောထားတစ်‌စောင် ထုတ်ပြန်ခဲ့သည်။

မတ်လ ၃၁ရက်‌နေ့က NCCT နှင့် UPWCတို့ နှစ်ဖက်ကိုယ်စားလှယ်များ သ‌ဘောတူညီ လက်မှတ်‌ရေးထိုးထား ‌သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် မူကြမ်းကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထုများအကြား အမြင် ရှင်းလင်းမှုမရှိသည့်အ‌ပေါ် ယခုလို ထုတ်ပြန်ရှင်းလင်းရခြင်းဖြစ်သည်ဟု UNFC အတွင်း‌ရေးမှူး ခူဦးရယ်က ‌ပြောသည်။

“လူထုကြားထဲမှာ‌ကော တခြား‌သော နိုင်ငံတကာ အသင်းအဖွဲ့ကြားထဲမှာပါ အမြင်က ရှင်းရှင်းလင်းလင်း မဖြစ်ဘူးလို့ ကျ‌နော်တို့က ထင်တယ်‌ပေါ့‌နော်။ ဒီ Single Text ကို လက်မှတ်ထိုးလိုက်ပြီးလို့ တစ်ချက်တည်း မြင်လိုက်တဲ့အ‌ပေါ်မှာ မရှင်းမလင်းတာကို ကျ‌နော်တို့က ရှင်းရှင်းလင်းလင်းဖြစ်‌အောင် ထုတ်ပြန်တာ ဖြစ်ပါတယ်”ဟု ခူဦးရယ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် မူကြမ်းကို UNFC အ‌နေဖြင့် သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့ အားလုံး၏ ထိပ်သီးအစည်းအ‌ဝေးတစ်ခုတွင် အ‌သေးစိပ် ညှိနှိုင်း‌ဆွေး‌နွေးကာ သ‌ဘောတူညီထားသည့် အချက်အလက်အားလုံးကို လက်ခံနိုင်မှု ရှိမရှိ ပြုလည်သုံးသပ်ကြမည့်အပြင် အကယ်၍ သ‌ဘောတူညီချက်ပါ အချက်များအနက် ပြုပြင်‌ပြောင်းလဲရန် လိုအပ်ပါက ‌ပြောင်းလဲရမည်ဟုလည်း UNFC က ‌ပြောသည်။

ထို့အပြင် UNFC သ‌ဘောထားထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် မူကြမ်းတွင် အပြီးသတ် သ‌ဘောတူညီလိုက်သည့်စာချုပ် မဟုတ်‌ကြောင်း၊ စာချုပ်ပါ အ‌ကြောင်းအရာအချို့ကို ဆက်လက် ‌ဆွေး‌နွေးပြီး သည့်‌နောက် “လိုအပ်သည့် အ‌ကောင်အထည်‌ဖော်မှု”ရှိမှသာ အပြီးသတ် သ‌ဘောတူလက်မှတ်ထိုး နိုင်မည်ဖြစ်သည်ဟု ‌ဖော်ပြထားသည်။

ယခု ထုတ်ပြန်ချက်အ‌ပေါ် ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အတွင်း‌ရေးမှူး(၂) ပဒိုမန်းမန်းမန်း ကလည်း “NCCT နဲ့ UPWC တို့ရဲ့ (၇)ကြိမ်‌မြောက်‌ဆွေး‌နွေးပွဲမှာ Single Tex ရဲ့ မူကြမ်းကို ‌နောက်ဆုံး အဆုံးသတ်ညှိနှိုင်းတယ်လို့ပဲ ကျ‌နော်တို့ နားလည်ပါတယ်။ NCA စာချုပ်ကို လက်မှတ်‌ရေးထိုးဖို့က NCCT အ‌နေနဲ့ ထိုးပိုင်ခွင့် မရှိပါဘူး။ NCCTရဲ့ အဖွဲ့ဝင်အားလုံး တစ်ဖွဲ့ချင်းဆီမှာ ပြန်ပြီး တင်ပြရမှာ‌ပေါ့‌နော်။ အဲဒါပြီးတာ နဲ့ ထိပ်သီးအစည်းအ‌ဝေးကို တစုတစည်းတည်း၊ တညီတညွတ်တည်း ပြန်ပြီး စဉ်းစားဆုံးဖြတ်ဖို့ လို‌သေးတယ်” ဟု ‌ပြောသည်။

အဆိုပါ ညှိနှိုင်းပြီးစီးခဲ့‌သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် မူကြမ်းထဲတွင် အ‌ရေးကြီးသည့် တပ်ပိုင်း ဆိုင်ရာ ကိစ္စ၊ လုံခြုံ‌ရေးဆိုင်ရာ ပြန်လည်‌ပေါင်းစည်း‌ရေး ကိစ္စနှင့် ကြားကာလ အ‌ခြေအ‌နေ စသည့် အ‌ရေး‌သော အချက်များကို ‌ကျော်လွှားလိုက်သကဲ့သို့ ဖြစ်‌နေသည့်အ‌ပေါ် ဆက်လက်ညှိနှိုင်းရန် လိုအပ်‌သေးသည်ဟု ရှုမြင်‌ကြောင်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ စု‌ပေါင်း၍ UNFC ကို ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၆ရက်‌နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် KIO, KNPP, NMSP, CNF, SSPP-SSA, PNLO, PSLF, LDU, ANC, WNO, MNDAA ဟူ၍ အဖွဲ့ဝင် ၁၁ဖွဲ့နှင့် ဆက်စပ်အဖွဲ့ ၅ဖွဲ့ဖြစ်သည့် ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP)၊ ရခိုင် တပ်မ‌တော်(AA)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ KNU/KNLA PC၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)တို့ဖြင့် ပါဝင်လျှက်ရှိသည်။