Home သတင်း ကားဓါးပြမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ ကရင်ရွာသားများမှာ တရားခံအစစ်မဟုတ်ဟု ‌ဒေသခံများ‌ပြောဆို

ကားဓါးပြမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသူ ကရင်ရွာသားများမှာ တရားခံအစစ်မဟုတ်ဟု ‌ဒေသခံများ‌ပြောဆို

2452

ဖမ်းဆီးခံရသည့် ရွာသားတစ်ဦး

ဧပြီလ ၈ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်က ရာဇာမင်းခရီးသည်တင်ကား ဓါးပြတိုက်မှုဖြင့် ဖမ်းဆီးခံရကာ ၂၀၁၅၊ ဇန်နဝါရီလ ၁၆ ရက်‌နေ့က ပြစ်ဒဏ်ချမှတ်ခံရသူ ကရင်ရွာသား ၆ဦးမှာ တရားခံအစစ်များ မဟုတ်‌ကြောင်းနှင့် အမှုမှန် ‌ဖော်ထုတ်‌ပေးရန် တာဝန် ရှိသူများအား ‌တောင်းဆိုထား‌ကြောင်း ‌ဒေသခံများက ‌ပြောသည်။

ယင်းအမှုကို သထုံခရိုင် တရားရုံးတွင် စစ်‌ဆေးခဲ့ခြင်းဖြစ်ပြီး အပြစ်‌ပေးခံရသူ ရွာသားများဖြစ်ကြသည့် ‌စော‌အောင်ထူး၊ ‌စော‌ဇော် ဝိတ်၊ ‌စော‌မောင်ငယ်၊ ‌စောဝင်းဗိုလ်၊ ‌စော‌ဂေတို့အား ပြစ်မှုဆိုင်ရာ ဥပ‌ဒေပုဒ်မ ၃၉၆ အရ ‌သေဒဏ်ချမှတ်ခဲ့ပြီး ‌စောလင်း‌အောင် တို့ကို ပုဒ်မ ၃၉၆/၁၁၉ အရ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။

သထုံမြို့နယ်၊ စခန်းကြီး‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး ‌စောထွန်းနိုင်ဦးက “ရာဇာမင်း ကားဓါးပြတိုက်မှုမှာ ကျ‌နော် ‌လေ့လာရသ ‌လောက် ကျ‌နော့်ရွာသား‌တွေ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူတို့က ဒီအနီးအနားမှာပဲ လုပ်ကိုင်စား‌သောက်‌နေကြတယ်။ ခရီးသွား တာ‌တွေလည်း မရှိဘူး။ ပြီး‌တော့ ဒီရွာက အိမ်‌ခြေ ၇၀‌ကျော်ပဲရှိတယ်ဆို‌တော့ အခုက မဟုတ်ဘူးဆိုတာ ကျ‌နော်တို့သိတယ်။ ပထမဦးဆုံး ‌အောင်‌ကျော်သန်းကို လာဖမ်းတယ်။ ကျ‌နော်သွား‌တွေ့‌တော့ ‌ပေးမ‌တွေ့ဘူး။ ‌မေးစရာ‌တွေပြီးရင် ပြန်လွှတ်‌ပေးမယ် လို့ ရဲ‌တွေက ‌ပြောတယ်။ ‌အောင်‌ကျော်သန်း ပြန်လွတ်လာပြီး ၁ဝရက်‌ကျော်‌လောက်မှာ ‌နောက်ထပ်လူ‌တွေကို ထပ်ဖမ်းပြန် တယ်။ အဖမ်းခံရသူ‌တွေမှန်သမျှ ကျ‌နော်က ‌တွေ့ခွင့်‌တောင်းတယ်။ တစ်‌ယောက်မှ ‌ပေးမ‌တွေ့ဘူး။ ‌ပြောရမယ်ဆိုရင်‌တော့ဗျာ။ သူတို့‌တွေက ရိုးသားတဲ့ ‌တောသူ‌တောင်သား‌တွေပါ။ ဒီဓါးပြတိုက်မှုမှာ ဒီလူ‌တွေ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ ကျ‌နော် ရဲရဲ အာမခံရဲပါတယ်”ဟု ဆိုသည်။

ပြစ်ဒဏ်ချမှတ်ခံရသူများမှာ ရာဇာမင်းကား ဓါးပြတိုက်သူများ မဟုတ်‌ကြောင်း၊ ၎င်းတို့အား သထုံရဲတပ်ဖွဲ့ဝင်များက ၂၀၁၃ခုနှစ်၊ ဇွန်လ ၂၁ရက်‌နေ့တွင် မသကာင်္မှုဖြင့် ဖမ်းဆီးခဲ့ပြီး ရိုက်နှက်၊ ညှင်းပမ်းနှိပ်စက်သည်ကို မခံနိုင်‌တော့သဖြင့် ညီဖြစ်သူ၏အမည်ကို ‌ပြောမိခဲ့ခြင်းဖြစ်‌ကြောင်း၊ သထုံမြို့မရဲစခန်းတွင် ၆ရက်တိုင် ရဲများ၏ ဖမ်းဆီးရိုက်နှိက်၊ ညှင်းပမ်းနှိပ်စက်မှု အမျိုးမျိုးခံရပြီး ပြန် လည်လွတ်‌မြောက်လာသူ ‌ညောင်‌ချောင်ရွာသား ‌စော‌အောင်‌ကျော်သန်းက ‌ပြောသည်။

“ရဲ‌တွေက ကျ‌နော် ပျိုးသွားနုတ်၊ ‌ကောက်သွားစိုက်တဲ့‌နေရာမှာ လာဖမ်းတယ်။ စခန်းမှာ ကျ‌နော့်ကို ‌ခေါ်စစ်တယ်။ လက်‌နောက် ပြန်ခတ်တယ်။ အ‌ပေါ်မှာ ကြိုးဆွဲတင်တယ်။ ‌ခြေဖ‌နောက်မှာ သံချွန်နဲ့ ‌ထောက်တယ်။ ‌ကျောမှာ၊ ရင်ဘတ်မှာ ဒုတ်နဲ့ ရိုက်တယ်။ အခုထိ ကျ‌နော် အလုပ်မလုပ်နိုင်‌သေးဘူး။ ကျ‌နော် မသိရဘူးလို့‌ပြောလည်း မရဘူး။ မသိလို့ မရဘူး။ နင်သိရမယ်တဲ့ ရဲက ‌ပြော တယ်။ ကျ‌နော်က သိမှမသိတာ ဘယ်လို‌ပြောရမလဲ။ ညှင်းဆဲ‌တော့ ကျ‌နော် မခံနိုင်‌တော့ဘူး။ ကျ‌နော့်ကို သတ်ရင်လည်း သတ် လိုက်‌တော့လို့ ‌ပြောတယ်။ ‌နောက်ဆုံး ရိုက်ထု ညှင်းဆဲတာ‌တွေကို ကျ‌နော် မခံနိုင်‌တော့လို့ ကျ‌နော့်ညီ ပါတယ်လို့ပဲ ‌ပြောလိုက်ရ တယ်”ဟု ၎င်းက ရှင်းပြသည်။

တရားခံဟုဆိုကာ ဖမ်းဆီးထားသူများမှာ နှိပ်စက်ခံကြရသည့်အပြင် ဖမ်းဆီးထားချိန် ကာလအတွင်း ၎င်းတို့၏မိသားစုမှာ စား ‌သောက်‌ရေးအတွက်ပင် ခက်ခဲလာ‌နေ‌ကြောင်း ‌သေဒဏ်ချမှတ်ခံရသူ ‌စော‌ဇော်ဝိတ်၏ဇနီး ‌နော်ဖွားလယ်က ‌ကေအိုင်စီသို့ ယခု လို ‌ပြောသည်။

“ဖမ်းထားတဲ့ တနှစ်‌ကျော်အတွင်းမှာ မိသားစုနဲ့ က‌လေး‌တွေ အ‌တော် အခက်အခဲ‌တွေရှိတယ်။ ရုံးချိန်းမှာ သွား‌တွေ့‌နေရ‌တော့ က‌လေး‌တွေကိုလည်း ‌ကောင်း‌ကောင်းမွန်မွန် မထားနိုင်ဘူး။ အိမ်မှာလည်း တခါတ‌လေ က‌လေး‌တွေကို ထမင်းမ‌ကျွေးနိုင်ဘူး။ ကျမအ‌နေနဲ့ ဘာမှမတတ်နိုင်‌တော့ဘူး။ အမှန်တရားအတွက် ကူညီ‌ပေးသူရှိရင်လည်း ‌မျှော်လင့်တယ်။ အမှန်တရားကိုပဲ လိုချင် ပါတယ်”ဟု သူမက ‌ပြောဆိုသည်။

ယင်းအမှုတွင် သက်‌သေခံပစ္စည်းကို ရဲများက မတင်ပြနိုင်သဖြင့် သထုံခရိုင် ဒုရဲအုပ်‌အောင်သူက မိုး‌ကောင်း‌ကျေးရွာအုပ်စုမှ ဦးခိုင်ထွန်းထံ သွား‌ရောက် အကူအညီ‌တောင်းခံရာ ဦးခိုင်ထွန်းက KNU တပ်မဟာ(၁)မှ ‌သေနတ်တစ်လက်ကို ကျပ် ၈သိန်းဖြင့် သွား‌ရောက်ဝယ်ယူခဲ့ပြီး တရားခံ၏ သက်‌သေခံပစ္စည်းအဖြစ် တရားရုံးသို့ တင်ပြခဲ့‌ကြောင်း ယင်းအမှုအား လိုက်လံကူညီ‌ဆောင် ရွက်‌ပေး‌နေသည့် သထုံမြို့‌နေ ‌စောထွန်းဝင်းက ‌ပြောသည်။

‌စောထွန်းဝင်းက “သက်‌သေကလည်း မရှိဘူး။ ‌ရွှေ‌တွေပါတယ်။ ဆွဲကြိုးပါတယ်။ နာရီပါတယ်။ ဖုန်းပါတယ်။ ‌ငွေသားပါတယ်။ အဲဒါ‌တွေကို ရုံးမှာတစ်ခုမှ မ‌ဖော်ထုတ်နိုင်တဲ့အခါကျ‌တော့ ရဲ‌တွေက မိုး‌ကောင်းအုပ်ချုပ်‌ရေးမှူး ခိုင်ထွန်းဆီမှာ အကူအညီ သွား ‌တောင်းပြီး‌တော့ ကျ‌နော်တို့ [KNLA] တပ်မဟာ(၁) ဗျူဟာမှူးဆီမှာ ‌သေနတ်တစ်လက် ဝယ်လာပြီး‌တော့ ဒီအမှုနဲ့ချိတ်ပြီး‌တော့ ဒီလူ‌ခြောက်‌ယောက်ကို ‌သေဒဏ်(၅)‌ယောက်၊ တစ်သက်တစ်ကျွန်း (၁)‌ယောက် အဲလိုအမိန့်ချခဲ့တယ်”ဟု ဆိုသည်။

အဆိုပါခရီးသည်တင်ကားကို ဓါးပြတိုက်သူများသည် မွန်ဘာသာစကား ‌ပြောဆိုကြပြီး ဓါးပြတိုက်စဉ် မွန်စကား‌ပြောတတ်သည့် အတွက် မိမိ၏ပစ္စည်းများကို ယူ‌ဆောင်ခဲ့ခြင်းမရှိဟု ကား‌ပေါ်ပါလာခဲ့သူ သံဖြူဇရပ်မြို့‌နေ ခရီးသည်‌ဒေါ်ရင်‌အေးက သထုံခရိုင် တရားရုံး၌ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၁၁ရက်‌နေ့တွင် ထွက်ဆိုထားသည်ကို တရားရုံးမှတ်တမ်းများအရ သိရသည်။

ယင်းအမှုသည် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇွန်လ ၈ရက်‌နေ့တွင် ကျိုက္ခမီ-ရန်ကုန်၊ ရာဇာမင်း ခရီးသည်တင် မှန်လုံကား အမှတ်-၈ဇ/ ၁၁၁၁ ကို အမည်မသိလူ ၅ဦးက ဓါးပြတိုက်ကာ လူသတ်ခဲ့သည့်အမှု ဖြစ်သည်။ ယင်းအမှုတွင် ‌သေဒဏ်နှင့် တစ်သက်တစ် ကျွန်း ပြစ်ဒဏ်ချမှတ်ခံရသူများသည် တရားခံအစစ်များ မဟုတ်သည့်အတွက် ၎င်းတို့အား လွတ်ငြိမ်းချမ်းသာခွင့်‌ပေးရန်နှင့် တရားစီရင်ရာတွင် လွဲမှားမှုများစွာ ရှိ‌နေသဖြင့် အမှုမှန် ပြန်လည် ‌ဖော်ထုတ်‌ပေးရန် သမ္မတနှင့် ‌နေပြည်‌တော်ရှိ ဌာနဆိုင်ရာ ၁ဝခုသို့ အသနားခံစာ ‌ပေးပို့ထားသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

ဒီသတင်းအတွက် ရုပ်သံ ဒီမှာ နှိပ်ပါ…