Home သတင်း တိုင်းရင်း‌ဒေသတွင်း လူ့အခွင့်အ‌ရေး ဆိုးရွား‌နေ‌သေးဟု ကုလသို့ တင်သွင်းမည့် အစီရင်ခံစာတွင် ‌ထောက်ပြ

တိုင်းရင်း‌ဒေသတွင်း လူ့အခွင့်အ‌ရေး ဆိုးရွား‌နေ‌သေးဟု ကုလသို့ တင်သွင်းမည့် အစီရင်ခံစာတွင် ‌ထောက်ပြ

2259

မတ် ၁၈ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသား‌ဒေသများတွင် လူ့အခွင့်အ‌ရေးအခြအ‌နေများ ဆိုးရွား‌နေ‌သေးသည်ဟု ပြည်တွင်းပြည်ပ အ‌ခြေ စိုက်လူမှုအဖွဲ့အစည်း၃၁ဖွဲ့က စု‌ပေါင်းပြုစုကာ မတ်လ ၂ဝရက်‌နေ့တွင် ကုလသမဂ္ဂလူ့အခွင့်အ‌ရေး ‌ကောင်စီသို့ တင်သွင်းမည့် မြန်မာနိုင်ငံလူ့အခွင့်အ‌ရေးဆိုင်ရာ အစီရင်ခံစာ၌ ‌ထောက်ပြ‌ပြောဆိုသည်။

ND Burma၊ ညီမျှခြင်း-မြန်မာ၊ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)နှင့် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့် ‌ရှောက်‌ရေးအသင်း (AAPP)တို့ပါဝင်သည့် ပြည်တွင်းပြည်ပ လူမှုအဖွဲ့အစည်း ၃၁ဖွဲ့တို့က ၄လကြာ ပြုစုထားပြီး လူ့အခွင့်အ‌ရေးနှင့်ဆိုင်‌သော လုပ်‌ဆောင်‌ပေးရန်လိုသည့် အချက် ၃၆ချက်ကို အစိုးရအား တိုက်တွန်းသည့် အစီရင် ခံစာထဲတွင် ‌ဖော်ပြထားသည်ဟု ညီမျှခြင်း-မြန်မာ ဒါရိုက်တာ ဦး‌အောင်မျိုးမင်းက ယ‌နေ့ ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ အစီရင်ခံစာမှာမြန်မာနိုင်ငံလူ့ အခွင့်အ‌ရေး အ‌ကြောင်းအရာ ၈ခုကို အဓိက ‌ရေးထားတယ်။ တိုင်းရင်းသား‌ဒေသ‌တွေမှာ ဆက်လက်ဖြစ်ပျက်‌နေတဲ့ ပြည်တွင်းစစ်‌ကြောင့် အရပ်သား‌တွေကို မတရားဆက်ဆံ ကာ ညှင်းပမ်းနှိပ်စက်မှု‌တွေ၊ အမျိုးသမီး‌တွေအ‌ပေါ် လိင်အကြမ်းဖက်မှု‌တွေ ဆက်ဖြစ်‌နေတာ ငြင်းလို့မရတဲ့ သက်‌သေ‌တွေပါဘဲ၊ ခြုံပြီး‌ပြောရရင်တိုင်းရင်းသား‌ဒေသ‌တွေမှာ လူ့အခွင့်အ‌ရေးအ‌ခြေအ‌နေ ဆိုးရွား‌နေတုန်းပါ ပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းတိုက်တွန်းချက်များတွင် တိုင်းရင်းသား‌ဒေသများ၌ မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို ကျူးလွန် သည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို တိုင်ကြားနိုင်‌ရေး ယန္တရားတစ်ခု ထူ‌ထောင်‌ပေးရန်၊ ငြိမ်းချမ်း‌ရေး လုပ် ငန်းစဉ် မပြီး‌သေးခင် လူ့အခွင့်အ‌ရေး ထိခိုက်မှုဖြစ်‌စေသည့် မည်သည့် ရင်းနှီးမြှပ်နှံမှုကိုမဆို ခွင့်မပြုရန်၊ အမျိုး သမီးများအ‌ပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများကို ‌ဖော်ထုတ်အ‌ရေးယူ‌ပေးရန်၊ ဒုက္ခသည်များ ပြန်လည် ချထား ‌ရေးအတွက် ‌ရေတို၊ ‌ရေရှည် စီမံကိန်းများမချပြနိုင်ဘဲ ၎င်းတို့ဆန္ဒအတိုင်း ‌ပြောင်း‌ရွှေ့‌ပေးရန် စသည့် အချက် များ ပါဝင်သည်ဟု ဦး‌အောင်မျိုးမင်းက ဆက်‌ပြောသည်။

ထားဝယ်‌ဒေသခံတစ်ဦးဖြစ်သည့် ‌နော်ပိသ‌လောကလည်း လက်ရှိ အစိုးရလက်ထက်တွင် ‌ပြောဆိုသွား လာလှုပ် ရှားမှု ပိုမိုပြုလုပ်နိုင်‌သော်လည်း စီးပွား‌ရေးရင်းနှီးမြှပ်နှံမှု လုပ်ငန်းများ‌ကြောင့် လူူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရမှု အများအပြားကြုံ ‌တွေ့‌နေရသည်ဟု ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။
“ အခု အကြီးစားရင်းနှီးမြှပ်နှံမှု‌တွေဖြစ်တဲ့ ဆီအုန်းခြံတို့၊ သတ္တုတူး‌ဖော်‌ရေးတို့၊ ‌ရေနက်ဆိပ်ကမ်းတို့ ကျမတို့ ဆီ မှာလာလုပ်တဲ့အခါ ပိုင်ရှင်‌တောင်မသိလိုက်ပဲ ‌မြေသိမ်းခံရတာ၊ စီမံကိန်း‌တွေ‌ကြောင့် ‌ကျေးရွာ ၁၆ရွာအား ‌သောက်သုံး‌ရေလုပ်‌နေတဲ့ ‌ချောင်းက သုံးမရ ဖြစ်သွားတာ စတဲ့ လူ့အခွင့်အ‌ရေးချိုး‌ဖောက်ခံရတာ‌တွေကို ‌ဒေသခံ‌တွေ ရင်ဆိုင်‌နေရပါတယ်” ဟု ‌နော်ပိသ‌လောက ‌ပြောသည်။

မတ် ၂ဝရက်‌နေ့တွင် တင်သွင်းမည့် ယခု အစီရင်ခံစာကို ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ကုလသမဂ္ဂ လူ့အခွင့် အ‌ရေး‌ကောင်စီ၌ နိုင်ငံအားလုံး အလှည့်ကျသုံးသပ်အစီရင်ခံရမည်ဖြစ်သည်။ အဆိုပါ လူမှုအဖွဲ့အစည်းများ သည် ၂၀၁၁ခုနှစ်အတွင်းက ပထမအကြိမ် လူ့အခွင့်အ‌ရေး‌ကောင်စီသို့ အလားတူအစီရင်ခံစာတစ်‌စောင် တင်သွင်းခဲ့ဖူးသည်ဟုသိရသည်။