Home သတင်း အပစ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ အစီရင်ခံစာသစ် ကရင်နီလူမှုကွန်ရက် ထုတ်ပြန်

အပစ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးဆိုင်ရာ အစီရင်ခံစာသစ် ကရင်နီလူမှုကွန်ရက် ထုတ်ပြန်

1609

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာအစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်‌ရေးပါတီ(KNPP)တို့၏ ၂နှစ်‌ကျော်ကြာ အပစ်ခတ်ရပ်စဲ‌ရေးကာလအတွင်း ကရင်နီ (ကယား)ပြည်နယ် ဖြစ်ပျက်ခဲ့သည့် အ‌ကြောင်းအရင်းများကို စုစည်း၍ ကရင်နီအ‌ခြေပြု လူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) မှ “ဘယ်မှာလဲ စစ်မှန်သည့် အပစ်အခတ်ရပ်စဲ‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်း စဉ်”‌ခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၅ရက်‌နေ့က အစီရင်ခံ စာတစ်‌စောင် ထုတ်ပြန်လိုက်သည်။

KCSN တာဝန်ခံ မီရယ်က “အပစ်ခတ်ရပ်စဲ‌ရေး လုပ်ပြီးတဲ့‌နောက်မှာ ကျ‌နော်တို့‌တွေက ‌တောင်းဆိုချက်‌တွေရှိတယ်။ တပ်မ‌တော် ‌တွေကလည်း ငြိမ်းချမ်း‌ရေးလိုချင်တယ်လို့ ‌ပြော‌ပေမဲ့လည်း တကယ့်အပြင်မှာ စစ်တပ်အုပ်ချုပ်မှု‌တွေ ရှိ‌နေဆဲပဲ။ တကယ်ငြိမ်း ချမ်း‌ရေးလို့ ‌အော်‌နေ‌ပေမဲ့လည်း အနှစ်သာရ ဘာမှမရှိတဲ့အ‌ပေါ်မှာ အချက်အလက်‌တွေစုပြီး ဒီအစီရင်ခံစာ‌ခေါင်းစဉ်နဲ့ ထုတ် လိုက်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းအစီရင်ခံစာတွင် အပစ်ခတ်ရပ်စဲ‌ရေး ယူထားသည့်‌နောက်ပိုင်း ကရင်နီပြည်နယ်အတွင်း ဖြစ်‌ပေါ်လာသည့် သယံဇာတများ ထုတ်ယူမှု လယ်ယာ‌မြေသိမ်းဆည်းမှု စစ်တပ်များတိုးချဲ့ခြင်းနှင့် သံလွင်မြစ်‌ရေကာတာ တည်‌ဆောက်မည့်စီမံကိန်းသည် ပွင့် လင်းမြင်သာမှု အားနည်းသည့်အချက်များကို ထည့်သွင်း‌ဖော်ပြထားသည်။

KNPPက ခူးဦးရယ်က “ပွင့်လင်းမြင်သာမှု မရှိတာ‌တွေက အများကြီးရှိတယ်။ အထူးသဖြင့် နိုင်ငံခြားကုမ္ပဏီ‌တွေ စီမံကိန်း‌တွေအ တွက် ဝင်လာတဲ့အ‌ပေါ်မှာ ဘာ‌တွေလုပ်လို့၊ ဘာ‌တွေပြင်လဲ။ ဘယ်လိုသ‌ဘောထား‌တွေနဲ့ ဝင်လာလဲ သ‌ဘောတူညီမှုရှိ၊ မရှိဆို တာ‌လေး‌တွေကို အခုထိ ပွင့်လင်းမြင်သာမှု မရှိဘူး။ သွား‌နေတဲ့ ဖြစ်စဉ်က‌တော့ အရင်အတိုင်းပဲ။ ဒါ‌ကြောင့် ပွင့်လင်းမြင်သာမှုရှိ ဖို့ ကျ‌နော်တို့လည်း အစိုးရကို ‌တောင်းဆိုထားတယ်”ဟု ၎င်း၏အမြင်ကို ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းအချို့နှင့် တစ်ဖွဲ့ချင်းစီ အပစ်အခတ်ရပ်စဲ‌ရေးကို သုံးနှစ်ကြာ ပြုလုပ်လာပြီဖြစ်‌သော်လည်း အစိုးရစစ်တပ်အ‌နေဖြင့် ကရင်နီပြည်နယ် အပါအဝင် တိုင်းရင်းသားနယ်‌မြေများ‌ပေါ် တပ်စွဲထား သည့်တပ်များကို ရုပ်သိမ်း‌ပေးခြင်းမရှိသည့်အပြင် အင်အားများ ထပ်မံဖြည့်စွက်တိုးချဲ့ခြင်းဖြင့် တိုင်းရင်းသားနယ်‌မြေများကို ထိန်း ချုပ်လွမ်းမိုးကာ သယံဇာတများ ထုတ်ယူသွားသည်ကို မြင်‌တွေ့ရ‌ကြောင်း KCSN အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

စာမျက်နှာ ၃၆မျက်နှာပါ ၎င်းအစီရင်ခံစာတွင် စစ်တပ်၏ စီးပွား‌ရေးလုပ်ငန်းများ‌ကြောင့် ပြည်သူလူထု၏ လယ်ယာ‌မြေ ပျက်စီးမှု နှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကို ယခင်အပစ်ခတ်ရပ်စဲ‌ရေး မတိုင်မီထက် ပိုမိုဆိုးရွားလာပြီး ‌ဒေသခံလူများမှ ကန့်ကွက် ‌တောင်းဆိုမှုများလာသည်ဟုလည်း KCSN က ဆိုသည်။

တစ်တိုင်းပြည်လုံး အပစ်ခတ်ရပ်စဲ‌ရေးနှင့် နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးမှုမှတဆင့် စစ်မှန်‌သော ငြိမ်းချမ်း‌ရေး မ‌ပေါ်‌ပေါက်သ‌ရွေ့ အကြီးစား စီမံကိန်းလုပ်ငန်းများနှင့် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုများကို မြန်မာအစိုးရအ‌နေဖြင့် ရပ်ဆိုင်းထားရန်လည်း KCSN က ‌တောင်းဆိုထားသည်။

KCSN ကို ကရင်နီအမျိုးသားလူငယ်အစည်းအရုံး(KNYO)၊ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)၊ ကရင်နီအမြဲစိမ်းလန်းစို‌ပြေ ‌ရေးအဖွဲ့(KEG)၊ ကရင်နီလူမှုကယ်ဆယ်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပင်မဌာန(KSWDC)၊ ကရင်နီမှတ်တမ်း‌ရေးအဖွဲ့(KDC)၊ ကရင်နီ‌မြေပုံအ ဖွဲ့(KMP)၊ ကရင်နီ‌ကျောင်းသားသမဂ္ဂ(KSU)၊ ပြည်တွင်းဌာန ကျန်းမာ‌ရေးအဖွဲ့နှင့် ပညာ‌ရေးအဖွဲ့တို့ အပါအဝင် ကရင်နီလူမှုအဖွဲ့ ၉ဖွဲ့ဖြင့် ၂၀၁၁ခုနှစ်၊ ဇွန်လ ၁၆ရက်‌နေ့က ဖွဲ့စည်းခဲ့သည်။