Home သတင်း ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း မဲဆန္ဒနယ် ၆၀‌ကျော် KPP ဝင်ပြိုင်မည်

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း မဲဆန္ဒနယ် ၆၀‌ကျော် KPP ဝင်ပြိုင်မည်

2073

ဒီဇင်ဘာ ၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ၂၀၁၅ ခုနှစ်၊ ပါတီစုံ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်သူ့ပါတီ(KPP)က ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း မဲဆန္ဒနယ်‌ပေါင်း ၆၀‌ကျော်၌ ဝင်‌ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်‌ကြောင်း ပါတီ‌ပြော‌ရေးဆိုခွင့်ရှိသူ ဒုဥက္ကဌ ‌စော‌စေးဝါးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဧရာဝတီတိုင်း‌ဒေသကြီးမှာ အ‌ရေးကြီးတဲ့ ‌နေရာ ၆၀‌ကျော်ဝင်ပြိုင်ဖို့ ကျ‌နော်တို့ ဆုံးဖြတ်ထားတယ်။ နိုဝင်ဘာလကုန်ပိုင်း ကလုပ်တဲ့ ပါတီရဲ့ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌ရွေးချယ်ပွဲမှာ ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေး ‌ကော်မတီက ဆုံးဖြတ်လိုက် တာပါ။ မဝင်နိုင်တဲ့ မြို့နယ် ၂‌နေရာ‌လောက်ပဲ ရှိတယ်။ ကရင်လူထုကို ဦး‌ဆောင်နိုင်မယ့် ပါတီကို ‌သေ‌သေချာချာ ‌ရွေးချယ်သင့် တယ်လို့ ‌ပြောချင်တယ်”ဟု ‌ပြောဆိုသည်။

ဝင်‌ရောက်ယှဉ်ပြိုင်သွားမည့် မဲဆန္ဒနယ်များအတွင်း ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး‌နေရာအတွက် လျာထားရာ၌ ရန်ကုန် တိုင်း ‌ဒေသကြီးတွင် လက်ရှိ‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ ပဲခူးတိုင်း‌ဒေသကြီးတွင် လက်ရှိ‌ရေးရာဝန်ကြီး ‌စောဂျူပလီစံလှ နှင့် ဧရာဝတီတိုင်း‌ဒေသကြီး ‌ရေးရာဝန်ကြီး‌နေရာကို လက်ရှိ ဧရာဝတီတိုင်း‌ဒေသကြီး KPP ဥက္ကဌဖြစ်သူ မန်းထွန်းတင်တို့ ဝင် ‌ရောက်ယှဉ်ပြိုင်ရန် ‌ရွေးချယ်လိုက်သည်ဟု သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နေရာဝင်ပြိုင်မည့် မန်းထွန်းတင်က “မဲဆန္ဒရှင်‌တွေကို ‌ပြောချင်တာ က‌တော့ ကရင်လူမျိုး‌တွေရဲ့ အကျိုးအတွက်‌ရော၊ တိုင်းရင်းသားလူမျိုး‌တွေရဲ့အကျိုးအတွက်‌ရော ကရင်ပြည်သူ့ပါတီကို အား‌ပေး ပါလို့ ‌ပြောချင်တယ်။ အင်အားကြီးပါတီ‌တွေနဲ့ ပြိုင်ရမှာဖြစ်‌ပေမဲ့ သူတို့ကိုလည်း ‌လေး‌လေးစားစားနဲ့ ပြိုင်သွားမှာပါ”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

KPP အ‌နေဖြင့် ရန်ကုန်တိုင်း‌ဒေသကြီး၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ မွန်ပြည်နယ်တို့ရှိ မဲဆန္ဒနယ်များအတွက် ကိုယ်စားလှယ် ‌လောင်းများ ‌ရွေးချယ်ခြင်းကို ‌နောင် ထပ်မံပြုလုပ်မည့် ပါတီအစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးပြီးမှသာ သတင်းထုတ်ပြန်သွားမည်ဖြစ် ‌ကြောင်း ပါတီတာဝန်ရှိသူများက ‌ပြောဆိုသည်။

KPP ဥက္ကဌ ‌စောထွန်း‌အောင်မြင့်ကလည်း “ရန်ကုန်တိုင်းက တစ်နိုင်ငံလုံးကို ထိန်းတဲ့မြို့ဖြစ်တယ်။ ပိုးကရင်၊ စ‌ကောကရင် မျိုးစုံရှိ တယ်။ ‌နောက်ပြီး ကိုးကွယ်တဲ့ ဘာသာစုံတယ်။ လူမှုအဖွဲ့အစည်းလည်း စုံတယ်။ ကျ‌နော်မှ မဟုတ်ဘူး။ အားလုံးကို ထိန်း‌ပေးတဲ့ သူကို ‌ရွေး‌ပေါ့။ ကျ‌နော်က‌တော့ တကယ်ယုံကြည်စိတ်ချရသူရှိရင်လည်း အ‌ရွေးခံချင်မှ ခံမှာ‌ပေါ့။ လိုအပ်မယ်ဆိုရင်လည်း ပြန် ‌ရွေးမှာပါ”ဟု ‌ပြောသည်။

ရန်ကုန်မြို့အ‌ခြေစိုက် ကရင်ပါတီတစ်ခုဖြစ်သည့် KPP သည် ပြီးခဲ့သည့် ၂၀၁ဝ ‌ရွေး‌ကောက်ပွဲက ကရင်တိုင်းရင်းသား‌ရေးရာဝန် ကြီး ငါး‌နေရာ အပါအဝင် မဲဆန္ဒနယ် ၄၂‌နေရာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းရင်းသား‌ရေးရာဝန်ကြီး ၂‌နေရာ အပါအဝင် စုစု ‌ပေါင်း လွှတ်‌တော်ကိုယ်စားလှယ် ၆ဦး အနိုင်ရရှိခဲ့သည်။