Home သတင်း ဖက်ဒရယ်တပ်မ‌တော် ‌တောင်ပိုင်းစစ်‌ဒေသတာဝန်ခံအဖြစ် KNLA ဒုစစ်ဦးစီးချုပ်အား ခန့်အပ်

ဖက်ဒရယ်တပ်မ‌တော် ‌တောင်ပိုင်းစစ်‌ဒေသတာဝန်ခံအဖြစ် KNLA ဒုစစ်ဦးစီးချုပ်အား ခန့်အပ်

2049

ဒီဇင်ဘာ ၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ဖက်ဒရယ်ပြည်‌ထောင်စုတပ်မ‌တော်(FUA)က လွတ်‌မြောက်နယ်‌မြေတစ်‌နေရာတွင် နှစ်ရက်တာ ကျင်းပခဲ့သည့် ၎င်းတို့၏ ပထမ အကြိမ် စစ်ဦးစီးများအစည်းအ‌ဝေးအပြီးတွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယ ဗိုလ် ချုပ်ကြီး‌စော‌ဘော‌ကျော်ဟဲအား ‌တောင်ပိုင်းစစ်‌ဒေသ တာဝန်ခံအဖြစ် ခန့်အပ်လိုက် ‌ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ‌ပြောသည်။

ထိုသို့ ခန့်အပ်လိုက်သည့်အ‌ပေါ် FUA အကြံ‌ပေးပုဂ္ဂိုလ် ဗိုလ်မှူးကြီးခွန်ဥက္ကာက “KNU က မူအရ UNFC အဖွဲ့ဝင်အဖြစ် ယာယီ ရပ်ဆိုင်းထား‌ပေမယ့် နိုင်ငံ‌ရေးအရ တစ်ပိုင်း‌ပေါ့။ အခု အ‌ခြေအ‌နေက ‌အောက်‌ခြေမှာ ပူးတွဲလုပ်စရာရှိတာ‌တော့ ဖြတ်ထားလို့ မရဘူး‌လေ။ ‌နောက်ပြီး တိုင်း‌ရေးပြည်‌ရေး အ‌ခြေအ‌နေအရ လုပ်သင့်လို့ ကျ‌နော်တို့လည်း ဆုံးဖြတ်ချက်ချပြီး လုပ်လိုက်တာပါ” ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ ဇွန်လက ပြုလုပ်ခဲ့‌သော ဖက်ဒရယ်ပြည်‌ထောင်စုတပ်မ‌တော်(FUA)၏ အစည်းအ‌ဝေးတစ်ရပ်၌ ‌တောင် ပိုင်းစစ်‌ဒေသတာဝန်ခံကို အဖွဲ့ဝင်အသီးသီးက လျှို့ဝှက်စွာ ‌ရွေးချယ်ထားခဲ့ခြင်းဖြစ်ပြီး ‌နောက်ပိုင်းတွင် ယခုလို စစ်ဖက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်‌ရောက်‌သော အစည်းအ‌ဝေး၌ ‌ဆွေး‌နွေး အတည်ပြုခဲ့ခြင်းဖြစ်သည်။

‌တောင်ပိုင်းစစ်‌ဒေသ တာဝန်ခံ ခန့်အပ်ခြင်းအ‌ပေါ် KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းက “ဒီလိုခန့်တဲ့အ ‌ပေါ်မှာ ကျ‌နော်တို့ပြန်ပြီး ‌မေးမြန်းသွားမယ်။ အဲဒီ‌တော့ ဒီကိစ္စက ဘယ်‌လောက်‌သေချာလည်း ဆိုတာ ခန့်အပ်ခံရတဲ့ အဖွဲ့ဝင်ကိုပဲ ‌သေချာပြန်ပြီး ‌မေးမြန်းရမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

FUA ပြုလုပ်သည့် ပထမအကြိမ်အစည်းအ‌ဝေးတွင် ‌တောင်ပိုင်းစစ်‌ဒေသ တာဝန်ခံအဖြစ် ‌ရွေးချယ်ခန့်အပ်ခံရသည့် ဒုတိယဗိုလ် ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲကိုယ်တိုင် တက်‌ရောက်ခဲ့သည့်အပြင် ၎င်းအစည်းအ‌ဝေး၌ KIO ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂန်‌ရှောင် အား ‌မြောက်ပိုင်းစစ်‌ဒေသ တာဝန်ခံအဖြစ်လည်း ‌ရွေးချယ်ခန့်အပ်ခဲ့ကြ‌ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

ဖက်ဒရယ်ပြည်‌ထောင်စုတပ်မ‌တော်(Federal Union Army-FUA)ကို ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင် စီ(UNFC) စတင်ဖွဲ့စည်းသည့် ၂၀၁၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၆ရက်‌နေ့တွင် UNFC ၏ အဖွဲ့ဝင် ၁၁ဖွဲ့ဖြင့် ဖွဲ့စည်းခဲ့သည်။

KNLA သည် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံဖြစ်ပြီး KNU အ‌နေဖြင့် ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ပြု လုပ်ခဲ့‌သော UNFC ပထမအကြိမ် ညီလာခံတွင် အဖွဲ့ဝင်အဖြစ် ပူး‌ပေါင်းပါဝင်မှုမှ ယာယီရပ်ဆိုင်းထားခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်သည်။