Home သတင်း ကရင်ဖြူ‌ကျေးရွာ ၁၀ဝ ‌ကျော်စု‌ပေါင်းကာ နှစ်သစ်ကူးပွဲ‌တော် ပထမအကြိမ်ကျင်းပမည်

ကရင်ဖြူ‌ကျေးရွာ ၁၀ဝ ‌ကျော်စု‌ပေါင်းကာ နှစ်သစ်ကူးပွဲ‌တော် ပထမအကြိမ်ကျင်းပမည်

1790

ဒီဇင်ဘာလ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ဖြူမျိုးနွယ်စုများ ‌နေထိုင်ရာ‌ဒေသဖြစ်သည့် ပင်‌လောင်း၊ ပျဉ်းမနား၊ လယ်‌ဝေး၊ သံ‌တောင်မြို့နယ်တို့မှ ‌ကျေးရွာ‌ပေါင်း ၁၀၀‌ကျော်ရှိ ‌ဒေသခံများက စု‌ပေါင်းကာ ပထမဦးဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲ‌တော်ကို ပျဉ်းမနားမြို့နယ်၊ မြလင်းရွာ၌ ဒီဇင်ဘာ ၂၁ရက်‌နေ့တွင် ပြုလုပ်မည်ဟု အခမ်းအနားဖြစ်‌မြောက်‌ရေး စီစဉ် ‌နေသူ ဆာမူ‌ထော်လူမှု အ‌ထောက်အကူပြုအဖွဲ့မှ ‌စောဒီထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကရင်ဖြူမှာ ကရင်နှစ်သစ်ကူးလုပ်တာ ဒါပထမဦးဆုံးအကြိမ်ပါ။ ဒီနှစ်က‌တော့ ကျ‌နော်တို့ ဦး‌ဆောင် ပြီး‌တော့ လုပ်‌ပေးမယ်။ လာမယ့်နှစ်ကျရင် သူတို့ဟာသူတို့ ပြန်လုပ်‌ပေါ့‌နော်။ ဒါ‌ပေမယ့် ကျ‌နော်တို့ ကရင်နှစ် သစ်ကူးက ၂၇၅၄နှစ်‌မြောက်ရှိပြီးဆိုတာ သူတို့ မသိရှာဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့က ကရင်နှစ်သစ်ကူး ဖြစ် ‌ပေါ်လာပုံအ‌ကြောင်း‌တွေ ‌နောက်ပြီး‌တော့ ‌နောင်လာ‌နောင်သား‌တွေ သိရှိ‌အောင် လုပ်‌ပေးချင်တယ်”ဟု ‌ပြောဆိုသည်။

အဆိုပါ နှစ်သစ်ကူးပွဲ‌တော် ဖြစ်‌မြောက်‌ရေးအတွက် ကရင်အမျိုးသားစည်းလုံး‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC)၊ ကရင့်‌ရေးရာ‌ကော်မတီ(KAC)၊ ‌ကေအဲန်ယူတပ်မဟာ (၂) အကြီးအကဲများ၊ ဩစ‌တေးလျားနိုင်ငံ ‌ရောက် ကရင်အမျိုးသားများ၊ ဆာမူ‌ထော်လူမှု အ‌ထောက်အကူပြုအဖွဲ့တို့က ကုန်ကျစရိတ်များကို ဝိုင်းဝန်း ကူညီ‌ပေးသလို ကရင်အမျိုးသားများ စည်းလုံး‌ရေးနှင့် မျိုးနွယ်စုအလိုက် ယဉ်‌ကျေးမှုဖလှယ်ကာ အချိတ်အ ဆက်များရရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ‌စောဒီထူးက ဆက်‌ပြောသည်။

မြလင်းရွာမှ ‌ဒေသခံတစ်ဦးဖြစ်သူ‌စောတင်‌အေးက “အခုလိုမျိုး ကျ‌နော်တို့ဆီကို လာ‌ရောက်ပြီး‌တော့ ကရင် နှစ်သစ်ကူး ကျင်းပ‌ပေးတာ ကြိုဆိုတယ်။ ဝမ်းလည်းသာတယ်။ ဒီလိုမျိုးကရင်နှစ်သစ်ကူးကို တစ်ခါမှ မကြုံ ဖူးဘူး။ ကြားပဲ ကြားဖူးတယ်။ ကျ‌နော်တို့လည်း အခုမှ ကိုယ်ရိုးရာကို ပြန်‌တွေ့ရတယ်”ဟု ‌ပြောဆိုသည်။

ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနား မနက်ပိုင်းတွင် တံခွန်တိုင်စိုက်ထူခြင်း၊ ကရင်အမျိုးသားအလံ‌တော်ကို အ‌လေးပြုခြင်း၊ ကရင်နှစ်သစ်ကူး‌နေ့သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ကရင်နှစ်သစ်ကူးဖြစ်‌ပေါ်လာပုံ၊ ကရင် လူမျိုးများ မြန်မာပြည်တွင်းသို့ ‌ရောက်ရှိလာပုံ၊ ကရင်တံခွန်တိုင်အ‌ကြောင်းတို့ကိုု ‌ဟော‌ပြောမည်ဖြစ်ပြီး ည ပိုင်းတွင် ကရင်ရိုးရာဒုံးယိမ်းအကများ၊ ဝါးညှပ်အကများ၊ ကရင်ဖြူရိုးရာအကများဖြင့် တင်ဆက်ကပြမည်ဖြစ် ‌ကြောင်း သိရသည်။

၂၇၅၄နှစ်‌မြောက် ပြာသိုလဆန်း (၁)ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို ရန်ကုန် တိုင်း‌ဒေသကြီး၊ ဧရာဝတီတိုင်း‌ဒေသကြီး၊ တနသင်္ာရီတိုင်း‌ဒေသကြီး၊ မြန်မာနိုင်ငံအထက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့်‌နေရာအနှံ့အပြားနှင့် ပြည်ပ‌ရောက် ကရင်လူမျိုးများတွင်လည်း ကျင်းပသွားမည်ဟု သိရသည်။