Home သတင်း သူရဦး‌ရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်‌ရေးစကား ‌ရှေ့‌နောက်မညီဟု ကရင်ပါတီ ၂ခု ‌ဝေဖန်

သူရဦး‌ရွှေမန်း၏ ဖွဲ့စည်းပုံပြင်ဆင်‌ရေးစကား ‌ရှေ့‌နောက်မညီဟု ကရင်ပါတီ ၂ခု ‌ဝေဖန်

1554

နိုဝင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာနိုင်ငံတွင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲကျင်းပပြီး အသစ်တက်လာမည့် အစိုးရလက်ထက်မှသာ ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်သွားမည်ဟု ပြည်‌ထောင်စုလွှတ်‌တော်နာယက သူရဦး‌ရွှေမန်း၏ ‌ပြောကြားချက်သည် ‌ရှေ့‌နောက်မညီဟု ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီ ၂ခုက ယမန်‌နေ့က ‌ဝေဖန်လိုက်သည်။

သူရဦး‌ရွှေမန်းသည် နိုဝင်ဘာ ၁၈ရက်‌နေ့က ဥပ‌ဒေပြင်ဆင်‌ရေးကိစ္စနှင့် ပတ်သက်၍ သတင်းမီဒီယာများအား ‌ပြောကြားခဲ့ပြီး‌နောက် နိုင်ငံ‌ရေးပါတီအများအပြား သ‌ဘောမကျမှုများဖြစ်‌ပေါ်လာချိန်တွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက် တစ်ပါတီ(PSDP)နှင့် ကရင်ဒီမို ကရက်တစ်ပါတီ(KDP)တို့ကလည်း ထိုသို့ ‌ဝေဖန်‌ပြောလိုက်ခြင်းဖြစ်သည်။

PSDP ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက “အ‌ခြေခံဥပ‌ဒေကို ပြင်‌ပေးပါ့မယ်။ ပြင်မပြင်‌စောင့်ကြည့်ပါဆိုတဲ့စကား အရင်က ဦး‌ရွှေးမန်းက ‌ပြောခဲ့တယ်။ ‌ပြောခဲ့တဲ့ စကားက အခုစကားနဲ့ ‌ရှေ့‌နောက်မညီ ဖြစ်‌နေတယ်။ လူကြီးတစ်‌ယောက် က ဒီလို‌ရှေ့‌နောက်မညီနဲ့တဲ့စကားကို ‌ပြောကြားတာက‌တော့ စဉ်းစားစရာ ဘဝင်မကျစရာ‌တွေပဲ။ ငြိမ်းချမ်း‌ရေး ကိစ္စတို့၊ ဒီမိုက‌ရေစီကိစ္စ အများကြီးထိခိုက်နိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ပြည်‌ထောင်စုလွှတ်‌တော် နာယက သူရဦး‌ရွှေမန်းသည် နိုဝင်ဘာ ၁၈ရက်‌နေ့ သတင်းမီဒီယာများအား ‌ပြောဆိုရာ၌ လာမည့် ‌မေလတွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေပြင်ဆင်နိုင်‌ရေး လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်‌သော် လည်း ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေပြင်ဆင်‌ရေးကို ၂၀၁၅ ‌ရွေး‌ကောက်ပွဲ‌နောက်ပိုင်း ထွက်‌ပေါ်လာမည့် အ‌ဖြေ‌ပေါ်မူတည်၍ ‌ဆောင်ရွက်သွားမည်ဟု ‌ပြောကြားခဲ့သည်။

KDPယာယီ ဥက္ကဌ ‌စောရဲဝင်းနိုင်က “အခုက သူတို့(မြန်မာအစိုးရ)လိုချင်တဲ့အတိုင်း လုပ်‌နေကြတာပဲ။ PR လုပ်လိုက်၊ ဟိုဟာတစ်မျိုး ပြန်လုပ်လိုက်နဲ့။ ၂၀၀၈ ဥပ‌ဒေ ပြင်ဆင်‌ရေးမှာလည်း ဒီလိုပဲ လ်ိုက်လုပ်‌နေတယ်။ ဒီလိုလုပ်‌တော့ မြန်မာ့နိုင်ငံ‌ရေးအတွက် အများကြီးထိခိုက်‌စေပါတယ်” ဟု ‌စောရဲဝင်းနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်မ‌တော်သား ၂၅ရာခိုင်နှုန်းပါဝင်သည့် ဖွဲ့စည်းပုံအ‌ခြေခံပဥပ‌ဒေဆိုင်ရာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်‌ပေးရန် အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်၊ ၈၈ မျိုးဆက်ငြိမ်းချမ်း‌ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအပါအဝင် ပြည်သူလူထု များက အစိုးရအား ‌တောင်းဆို‌နေချိန်တွင် သူရဦး‌ရွှေမန်းက ၂၀၁၅ ‌ရွေး‌ကောက်ပွဲပြီးမှသာ ပြင်ဆင်သွားရန် ‌ပြောဆိုလာခြင်းလည်း ဖြစ်သည်။