Home သတင်း ၁၃ကြိမ်‌မြောက် ပြည်တွင်းဌာ‌နေမဲ့ ‌ကျောင်းများ စုံညီပွဲ‌တော်ကျင်းပ

၁၃ကြိမ်‌မြောက် ပြည်တွင်းဌာ‌နေမဲ့ ‌ကျောင်းများ စုံညီပွဲ‌တော်ကျင်းပ

2363

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ပြည်တွင်းဌာ‌နေမဲ့ဒုက္ခသည်(IDP) စာသင်‌ကျောင်းများရှိ ‌ကျောင်းသူ‌ကျောင်းသားများ အမြင်ကျယ်လာရန် ရည်ရွယ်၍ ၁၃ကြိမ်‌မြောက်ဌာ‌နေမဲ့‌ကျောင်းများ စုံညီပွဲ‌တော်ကို နိုဝင်ဘာ ၁၉ မှ ၂၁ ရက်‌နေ့အထိ ကရင်ပြည် နယ်၊ လှိုင်းဘွဲမြို့နယ် ‌စေဖိုးခီး‌ကျေးရွာတွင် ၃ရက်တာ ပြုလုပ်ကျင်းပခဲ့သည်။

ကရင်ပြည်တွင်းဌာနမဲ့‌ကျောင်းများကို ကူညီ‌ပေး‌နေသည့် Karen Internally Displace School(KIDS)မှ ‌စောရင်းဘိုး ဦး‌ဆောင်၍ နယ်စပ်‌ဒေသရှိ IDP စာသင်‌ကျောင်းများဖြစ်သည့် ‌စေဖိုးခီး၊ က‌လေဖိုးခီး၊ က‌လေမိုခီး၊ ထီးက‌ဟော၊ ထီးက‌ဟော ပီစီ၊ နယ်ဖိုးခီး၊ မယ်လအားခီး၊ မယ်လအားထာ့ အပါအဝင် ‌ကျောင်း‌ပေါင်း ၁၄ ‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများအတွက် အဆိုပါ စုံညီပွဲ‌တော်ကို ကျင်းပ‌ပေးခြင်းဖြစ်သည်။

‌စောရင်းဘိုးက “အရင်က နိုင်ငံ‌ရေးအ‌ခြေအ‌နေမ‌ကောင်းလို့ ဒီမှာရှိတဲ့ IDP ‌ကျောင်း‌တွေကို ‌တွေ့‌ပေးဖို့ မလွယ် ဘူး။ တချို့‌ကျောင်း‌တွေက အစိုးရနယ်‌မြေနဲ့ DKBAနယ်‌မြေမှာရှိတယ်။ တချို့က‌တော့ KNU နယ်‌မြေမှာ ရှိတယ်။ နယ်‌မြေ‌တွေ ကွဲပြားတဲ့အတွက် သူတို့ရဲ့စိတ်‌နေစိတ်ထား ကွဲပြားတာ ရှိတယ်။ ဒါ‌တွေကို ကျ‌နော်တို့ ကရင်အချင်းချင်း အမြင်ချင်း၊ ရည်မှန်းချက်ချင်း တူကြဖို့ ရည်ရွယ်ပြီး ဒီပွဲကို လုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်တာ ပြုလုပ်ခဲ့သည့် ယင်းစုံညီပွဲ‌တော်တွင် ‌ကျောင်းသူ‌ကျောင်းသားအတွက် ‌ဘောလုံးပွဲ၊ ချဲ‌ဘော၊ မြားပစ် စသည့် ‌ပျော်ပွဲရွှင်ပွဲများ ပြုလုပ်‌ပေးသလို သီချင်း၊ ကဗျာ၊ သရုပ်‌ဖော်ပြဇာတ်ပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများ ကို ပြုလုပ်‌ပေးသည်ဟု ‌စောရင်းဘိုးက ဆက်‌ပြောသည်။

အဆိုပါ စုံညီပွဲ‌တော်တွင် KIDS၊ မြန်မာ့‌ရေးရာအဖွဲ့(BI)၊ ကရင်လူငယ်များအစည်းအရုံး(KYO)တို့မှ ကိုယ်စား လှယ်အချို့နှင့် ‌ဒေသခံ ‌ကျောင်းဆရာ၊ ဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများ စုစု‌ပေါင်း လူဦး‌ရေ ၃၅၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

က‌လေမိုခီး‌ကျောင်းမှ ‌ကျောင်းသားတစ်ဦးဖြစ်သူ ‌စောသာ့ကလယ်ကလည်း “ကျ‌နော်ဒီလိုပွဲလာတာ အရမ်းဝမ်းသာရတယ်။ ကျ‌နော်‌ကျောင်း ပြီးသွားရင် ဆရာအတတ်သင် သင်တန်း‌ကျောင်းတက်ဖို့ ရည်ရွယ် တယ်။ ‌နောက်‌တော့ ‌ခေါင်း‌ဆောင်မှု‌ကျောင်း ကိုလည်း တက်ချင်မယ်။ ဒီမှာပွဲကို လာတာ အများကြီးကို အမြင်ကျယ်လာတယ်။ ဒီပွဲ မလာနိုင်တဲ့ သူငယ်ချင်း ‌တွေကိုလည်း ပြန်အား‌ပေးမယ်၊ ပြန်‌ပြောပြမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

က‌လေဖိုးခီး ‌ကျောင်းဆရာမတစ်ဦးဖြစ်သူ ‌နော်လယ်ခီးလာကလည်း စုံညီပွဲ‌တော်သို့ တက်‌ရောက်သူ လူကြီးများက ‌ကျောင်းသူ‌ကျောင်းသားများနှင့် ‌ကျောင်းဆရာ၊ ဆရာမများကို အာ‌ပေးစကားကြားရသည့် အတွက် ဝမ်းသာအားရပြီး ‌ကျောင်းဆရာ၊ ဆရာမ အချင်းချင်း များအကြား ရင်းနှီးမှုလည်းရလာသည်ဟု ‌ပြောသည်။

ပြည်တွင်းဌာ‌နေမဲ့ ‌ကျောင်းများစုံညီပွဲ‌တော်ကို ပြည်တွင်းဌာ‌နေမဲ့ ‌ကျောင်းများတွင် စာသင်ကြား‌နေသည့် ‌ကျောင်းဆရာ၊ ဆရာများ၏ ကြိုးစားအားထုတ်‌ပေးမှု‌ကြောင့် ၂၀၀၂ ခုနှစ်မှစ၍ နှစ်စဉ် နိုဝင်ဘာလအတွင်း တစ်နှစ်တစ်ကြိမ်ဖြင့် ပြုလုပ်ကျင်းပလာခဲ့ပြီး ပြီးခဲ့သည့် ၁၂ကြိမ်‌မြောက် စုံညီပွဲ‌တော်ကို ‌စေဖိုးခီးရွာမှာပင် ကျင်းပခဲ့‌ကြောင်း သိရသည်။