Home သတင်း ကရင်အဖွဲ့အစည်းများ ညီညွတ်မှုရှိရန် နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး‌ကော်မတီ နာယက တိုက်တွန်း

ကရင်အဖွဲ့အစည်းများ ညီညွတ်မှုရှိရန် နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး‌ကော်မတီ နာယက တိုက်တွန်း

1772

နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အဖွဲ့အစည်းများ စည်းလုံးညီညွတ်ခိုင်မာမှုရှိကြရန် နိုဝင်ဘာ ၂၃ ရက်‌နေ့၊ မွန်းလွဲပိုင်း၌ အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဝကင်္ဘာ၊ အာလိန်ငါးဆင့်‌ကျောင်းတိုက်တွင် ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို ‌ကော်မတီ(မဟာရန်ကုန်)၏ နာယက ကြီးများဩဝါဒခံယူပွဲတွင် နာယက တစ်ဦးဖြစ်သူ မန်းသက်စိုးက တိုက်တွန်း‌ပြောဆိုလိုက်သည်။

မန်းသက်စိုးက “ကရင်လူမျိုး‌တွေဟာ တခြားတိုင်းရင်းသား‌တွေနဲ့ ရင်‌ဘောင်တန်းလိုက်နိုင်‌စေကာမူ စည်းလုံးမှု၊ ကျစ်လစ်ခိုင်မာမှုရှိဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒီက‌နေ့အ‌နေအထားအရ ကြည့်ရမယ်ဆိုရင် ကျ‌နော်တို့ ကရင် လူမျိုး‌တွေဟာ စည်းလုံး‌ရေးအားနည်းတယ်ဆိုတဲ့ အပိုင်းမှာရှိတယ်လို့ သုံးသတ်မိပါတယ်။ အဖွဲ့အစည်း‌တွေမှာ စည်းစည်းလုံးလုံးမရှိတဲ့ လက္ခဏာသ‌ဘော‌ဆောင်တာကို ‌တွေ့ရပါတယ်”ဟု ဩဝါဒခံယူပွဲတွင် ‌ပြောဆိုခဲ့သည်။

မိမိလူမျိုးအချင်းချင်းအကြား တဦးနှင့်တဦး သည်းခံကြရန်၊ လူတိုင်းမှားတက်သည့်အတွက် အမှားကို ခွင့်လွှတ် ‌ပေးမည်ဆိုပါက အဆင်မ‌ပြေစရာမရှိသလို အတိက်ကို အတိတ်မှာသာ ထားခဲ့ကာ အချင်းချင်း ‌ပေါင်းစည်းမည် ဆိုပါက မညီညွတ်စရာမရှိ‌ကြောင်း မန်းသက်စိုးက ဆက်‌ပြောသည်။

မွန်းလွဲ ၁ နာရီမှ ည‌နေ ၄ နာရီထိပြုလုပ်သည့် ယင်းဩဝါဒခံယူပွဲသို့ နာယကကြီး ၁၅ ဦးနှင့်အတူ နယ်ပယ်စုံ ကရင်အမျိုးသား ၁၀ဝ နီးပါး တက်‌ရောက်ခဲ့ပြီး နာယကကြီးများက စည်းလုံး‌ရေး၊ စာ‌ပေ၊ ယဉ်‌ကျေးမှုနှင့် နိုင်ငံ ‌ရေး၊ အမျိုးသား‌ရေးကိစ္စရပ်များကို ‌ပြောဆိုခဲ့ကြခြင်းဖြစ်သည်။

ထို့အပြင် ပွဲတက်‌ရောက်ခဲ့သည့် ၂၇၅၄ ခုနှစ်ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်) တွဲဖက်အတွင်း‌ရေးမှူးမန်း‌ကျော်ညွှန့်က “နာယကကြီးများ ဩဝါဒခံယူပွဲကို ‌ရှေ့ကရင်လူကြီးများ လမ်းညွန်ခဲ့တဲ့ ကရင်‌ရှေ့ဘိုးဘွား‌တွေရဲ့ စကားကို လိုက်နာပါ၊ ကျင့်သုံးပါဆိုသည့် ဆုံးမစကားနဲ့အညီ နှစ်သစ်ကူးပွဲ‌တော် မတိုင်မီ လူကြီးများ၏ ဩဝါဒခံယူပွဲကို ကျင်းပတာ ဖြစ်ပါတယ်”ဟု ‌ပြောဆိုသည်။

ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်)ကို ၁၉၆၄ ခုနှစ်တွင် ကရင်အမျိုးသား နှစ်သစ်ကူး‌နေ့ကို သ‌လေးထိုင်ခုတ်ဖို (ပြာသိုလဆန်း) ၁ ရက်‌နေ့အစား တပို့တွဲလဆန်း ၁ ရက်‌နေ့သို့ ‌ပြောင်းလဲ သတ်မှတ်ရန် ကရင်ပုဂ္ဂိုလ်အချို့က ကြိုးပမ်း‌နေစဉ် ပြာသိုလဆန်း ၁ ရက်‌နေ့တွင် အလုံမြို့နယ်၊ အထက (၂) အလုံ၌ လူထုအစည်းအ‌ဝေးတစ်ရပ်‌ခေါ်ယူကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု ၂၇၅၃ ခုနှစ် ဗဟိုအလုပ်မှု‌ဆောင်အဖွဲ့၏ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။