Home သတင်း အ‌မေရိကန်ပြည်‌ထောင်စုတွင် ပထမဆုံး‌သော Karen American Organization ကို ဖွဲ့စည်း

အ‌မေရိကန်ပြည်‌ထောင်စုတွင် ပထမဆုံး‌သော Karen American Organization ကို ဖွဲ့စည်း

1686

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်း‌ရှောင်း

အ‌မေရိကန်ပြည်‌ထောင်စုတွင် အ‌ခြေစိုက်‌နေထိုင်သည့် ကရင်တိုင်းရင်းသားများက စုစည်း၍ ပထမဆုံး‌သော Karen American Organization ကို ဖွဲ့စည်းလိုက်ပြီဖြစ်‌ကြောင်း နိုဝင်ဘာ ၁၁ ရက်‌နေ့က ထုတ်ပြန်‌ကြေညာ လိုက်သည်။

အဆိုပါ Karen American Organization ကို အ‌မေရိကန်ပြည်‌ထောင်စုရှိ ပြည်နယ် ၁၄ ခုမှ ကရင်အဖွဲ့အစည်း ၂၆ ဖွဲ့ဖြင့် ပါဝင်စုစည်းဖွဲ့စည်းထားခြင်းဖြစ်ပြီး ကရင်လူမျိုးအများဆုံး‌နေထိုင်ရာ မင်နီဆိုးတားပြည်နယ်၊ စိန့်‌ပေါလ် မြို့တွင် ဩဂုတ် ၁၅ ရက်‌နေ့က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

KAO ဥက္ကဌအဖြစ် ‌ရွေးချယ်ခံရသူ ‌နော်မိုင်းရဒါး‌ဂေ‌ဖော (Naw Myra Dahgaypaw)က “ဒီမှာ ‌ရောက်ရှိ‌နေတဲ့ ကရင်လူမျိုး‌တွေက နယ်‌မြေအရအမျိုးမျိုး ပျံ့နှံ့‌နေထိုင်‌နေကြတဲ့အတွက် ဦးစီးလုပ်‌ဆောင်မယ့် အဖွဲ့အစည်း‌တွေ မရှိတဲ့ အခါကျ‌တော့ သတ်သတ်မှတ်မှတ်နဲ့ ထိထိ‌ရောက်‌ရောက်လုပ်‌ဆောင်နိုင်‌အောင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဖွဲ့စည်းလိုက်ရာတွင် ပြည်နယ်အသီးသီးမှ တက်‌ရောက်လာသည့် ကိုယ်စားလှယ် ၈ဝ များထဲမှ ‌ရွေးချယ်ခဲ့ ခြင်းဖြစ်ပြီး KAO ဥက္ကဌ အဖြစ် ‌နော်မိုင်းရဒါး‌ဂေ‌ဖော၊ ဒုဥက္ကဌ ‌စောဆဂျွန်၊ အတွင်း‌ရေးမှူး ‌စော‌နေထူး၊ တွဲဖက် အတွင်း‌ရေးမှူး ‌စောဆန်းရှိုင်းတင်မိုသီ၊ ဘဏ္ဍာ‌ရေးမှူး ‌စောမာနာ အပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်ဟု KAO ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

KAO သည် ဘာသာစကားနှင့် ရိုးရာယဉ်‌ကျေးမှုမပ‌ပျောက်‌အောင် မြှင့်တင်‌ပေးခြင်း၊ ကရင်လူငယ်များအတွက် အရည်အချင်းပြည့်ဝစွာနှင့် ကရင်လူမှုအဖွဲ့အစည်းများကို ဦး‌ဆောင်မှုပြုနိုင်ရန် ‌လေ့ကျင့်ပညာ‌ပေးခြင်းများကို အဓိကထားကာ ရည်ရွယ်လုပ်‌ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။

“ကရင်လူငယ်‌တွေအများစုက ဘာသာစကား အခက်အခဲရယ်၊ ‌နောက်ပြီး ဒီကို‌ရောက်လာ‌တော့ ပညာ‌ရေးဘက် ကို စိတ်မဝင်စား‌တော့တဲ့ အ‌ခြေအ‌နေ‌တွေ ရှိ‌နေတယ်။ သူတို့ခံစားခဲ့ရတဲ့ အ‌ခြေအ‌နေကို ‌ပြောပြနိုင်ရမယ်။ အဲဒီ ‌တော့ ဘာသာစကားယဉ်‌ကျေးမှုကို လူငယ်‌တွေ သိလာ‌အောင် သင်ကြား‌ပေးရမယ်။ ဒီမှာကလည်း လွတ်လပ် စွာ လုပ်ခွင့်ရှိတဲ့ အခါကျ‌တော့ အခက်အခဲ‌တွေရှိ‌ပေမယ့် တဖြည်းဖြည်းနဲ့ ဆက်လက်လုပ်‌ဆောင်သွားရမယ်”ဟု ‌နော်မိုင်းရဒါး‌ဂေ‌ဖောက ဆက်‌ပြောသည်။

၎င်းအပြင် KAO ကို အမျိုးသမီး‌ရေးရာဌာန၊ လူငယ်‌ရေးရာဌာန၊ ယဉ်‌ကျေးမှုနှင့်ပညာ‌ရေး၊ လူမှု‌ရေးနှင့်နိုင်ငံ‌ရေး၊ သတင်းအချက်အလက်နှင့် မီဒီယာ စသည့် ဌာနအသီးသီးဖြင့် ဖွဲ့စည်းထားပြီး ဌာနအလိုက် တာဝန်ခံများကို အသီးသီး‌ရွေးချယ်ခန့်အပ်လုပ်‌ဆောင်သွားမည်ဖြစ်သည်ဟု KAO က ဆိုသည်။

ကရင်တိုင်းရင်းသားများသည် လွန်ခဲ့‌သော ၁၅ နှစ်ခန့်က အ‌မေရိကန်ပြည်‌ထောင်စုတွင် စတင်အ‌ခြေ ချ‌နေထိုင် ခဲ့ကြပြီး အများစုမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများ မှ‌ပြောင်း‌ရွှေ့လာကြသူများဖြစ်ကာ အ‌မေရိကန် ပြည်‌ထောင်စုရှိ အနည်းဆုံး ပြည်နယ် ၄၈ ခုတွင် ပျံ့နှံ့‌နေထိုင်ကြပြီး ခန့်မှန်း‌ခြေလူဦး‌ရေ (၅)‌သောင်း ဝန်းကျင်ရှိ‌ကြောင်း သိရသည်။