Home သတင်း ဥပ‌ဒေ‌ရေးရာ အကျိုးပြုလုပ်ငန်းများ ‌ဆောင်ရွက်ရန်အတွက် ကရင်ဥပ‌ဒေပညာရှင်အဖွဲ့ စတင်ဖွဲ့စည်း

ဥပ‌ဒေ‌ရေးရာ အကျိုးပြုလုပ်ငန်းများ ‌ဆောင်ရွက်ရန်အတွက် ကရင်ဥပ‌ဒေပညာရှင်အဖွဲ့ စတင်ဖွဲ့စည်း

2207

‌အောက်တိုဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်လူထုနှင့် တိုင်းရင်းသား နိုင်ငံသားအားလုံးကို ဥပ‌ဒေရားရာအကျိုးပြု ကိစ္စရပ်များကူညီ‌ပေးရန် ရည်ရွယ်၍ ကရင်ဥပ‌ဒေ ပညာရှင်များအဖွဲ့(Kayin Legal Association)ကို စက်တင်ဘာလကုန်ပိုင်းက ရန်ကုန်မြို့တွင် စတင်ဖွဲ့စည်းလိုက်ပြီးဖြစ်‌ကြောင်း အဖွဲ့အတွင်း‌ရေးမှူး အထက်တန်း‌ရှေ့‌နေ ‌စောဂျက်‌ကော့ထူးက ‌ပြောသည်။

“အခုလို KLA ဖွဲ့လိုက်ရတဲ့ ရည်ရွယ်ချက်က တရားဥပ‌ဒေစိုးမိုး‌ရေး၊ ငြိမ်းချမ်း‌ရေး ပြီး‌တော့ လူ့အခွင့်အ‌ရေးတို့နဲ့ ပတ်သက်တဲ့ ဥပ ‌ဒေ‌ရေးရာကိစ္စရပ်‌တွေကို လုပ်‌ဆောင်ဖို့အတွက်ပါ။ အဓိက က‌တော့ ဥပ‌ဒေနဲ့ပတ်သက်ပြီး နစ်နာဆုံးရှုံးတဲ့သူ‌တွေကို ကူညီ ‌ဆောင်ရွက်‌ပေးဖို့ ဖြစ်ပါတယ်”ဟု ‌စောဂျက်‌ကော့ထူးက ‌ပြောသည်။

၎င်းအဖွဲ့တွင် နာယကများအဖြစ် ရန်ကုန်တိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ ကရင်ပြည် သူ့ပါတီ ဒုဥက္ကဌ အငြိမ်းစားရဲမှူးကြီး ‌စော‌စေးဝါး၊ တရားသူကြီး‌ဟောင်း ‌စောဒစ်ဆင်ထွန်းလင်းတို့ဖြစ်ကြပြီး ဥက္ကဌအဖြစ် ‌စောတာ က‌ပေါ၊ ဒုဥက္ကဌများအဖြစ် ‌စောအယ်‌စေး၊ ‌စောအဲဘတ်နှင့် တရားလွှတ်‌တော်‌ရှေ့‌နေ ‌စောထွန်းထွန်း‌အောင်တို့က တာဝန်ယူကာ တွဲဖက်အတွင်း‌ရေးမှူးများအဖြစ် ‌စောစန်းဒို၊ ‌စောဝင်းနိုင်နှင့် ဘဏ္ဍ‌ရေးမှုး ခရိုင်ဥပ‌ဒေအရာရှိ ‌နော်‌အေမီစန်းဒိုးတို့ ပါဝင်သည့် အလုပ်အမှု‌ဆောင် ၂၁ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

လက်ရှိ KLA ရုံးကို အင်းစိန်မြို့နယ်၊ ‌တောင်သူကုန်းရပ်ကွက်၊ ဂျူးဗလီ ၂လမ်းတွင် ယာယီ ဖွင့်လှစ်ထားပြီး အသင်းတရားဝင် မှတ်ပုံတင်ရန် စတင်လုပ်‌ဆောင်လျှက်ရှိပြီး ပထမဦးဆုံးအမှုတစ်ခုကို လာအပ်ထားပြီးဖြစ်သလို KLA မှ ကူညီ‌ဆောင်ရွက်‌ပေးရန် စိစစ်လျှက် အဖွဲ့သို့ လာအပ်သည့် မူခင်းများသည် တရား‌ရေးမဏ္ဍိုင်ကို ထိခိုက်မှု ရှိမရှိနှင့် တရားဥပ‌ဒေစိုးမိုးမှု ရှိမရှိကို စိစစ်ကာ တရားခံဖြစ်‌စေ၊ တရားလိုဖြစ်‌စေ ကူညီ‌ပေးသွားမည်‌ကြောင်း ‌စောဂျက်‌ကော့ထူးက ဆက်‌ပြောသည်။

ထို့အပြင် ကရင်လူထုနှင့် တိုင်းရင်းသားနိုင်ငံသားများအားလုံး တရားဥပ‌ဒေ စိုးမိုး‌ရေးအတွက် ဥပ‌ဒေပညာ‌ပေးခြင်း၊ အကြံ‌ပေး ခြင်း၊ လိုက်ပါ‌ဆောင်ရွက်ခြင်း၊ အမှုအခင်းများနှင့် ပက်သက်၍ စိစစ်ပြီး‌ရွေးချယ်လက်ခံပြီး လိုက်ပါ‌ဆောင်ရွက်‌ပေးခြင်း၊ ဥပ‌ဒေဘွဲ့ ရ အလုပ်သင်‌ရှေ့‌နေဆင်းလို‌သော ကရင်လူငယ်များအား ပူးတွဲပါဝင် လက်တွဲ‌ခေါ်ခြင်း၊ အခြားလိုအပ်သည့် ဥပ‌ဒေ‌ရေးရာကိစ္စရပ် များအား ‌ဆောင်ရွက်‌ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို အဖွဲ့မှ လုပ်‌ဆောင်သွားမည်ဟု KLA က ဆိုသည်။

KLA ဖွဲ့စည်းသည့်အ‌ပေါ် ကရင်‌ရှေ့‌နေများကွန်ရက် ဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်စီစဉ်‌နေသူ အထက်တန်း‌ရှေ့‌နေ ‌နော်ဆာမူ ခါးက “အခုလို ကရင်ဥပ‌ဒေပညာရှင်များအဖွဲ့ ‌ပေါ်‌ပေါက်လာတဲ့အတွက် ‌ကောင်းမွန်တယ်။ ကျမတို့ ကရင်‌ရှေ့‌နေများကွန်ရက်အ ‌နေနဲ့ ကရင်‌ရှေ့‌နေ‌တွေကိုသာ အဖွဲ့ဝင်အဖြစ် လက်ခံပြီး‌တော့ ဥပ‌ဒေပညာနဲ့ အသက်‌မွေးလိုတဲ့ ကရင်လူငယ်‌တွေအတွက် ရည် ရွယ်လုပ်‌ဆောင်‌နေတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ဥပ‌ဒေပညာရှင်များအဖွဲ့(KLA)အ‌နေဖြင့် အဖွဲ့ဝင်များကို တရား‌ရေးကိစ္စရပ်များနှင့် ဆက်နွယ်‌နေသည့် ဥပ‌ဒေဝန်ထမ်းများ၊ အငြိမ်းစား ရဲဝန်ထမ်းများ၊ ‌ရှေ့‌နေများကို အဖွဲ့ဝင်အဖြစ် လက်ခံသွားမည်ဖြစ်ပြီး အဖွဲ့ဝင်လိုသူများနှင့် အမှုအခင်း၊ ဥပ‌ဒေ‌ရေးရာ များအတွက် အကူအညီ‌တောင်းခံလိုပါက အဖွဲ့၏ အတွင်း‌ရေးမှူး ဖုန်း ဝ၉ ၇၃၀၇၆၄၈ဝ ထံသို့ ဆက်သွယ်နိုင်‌ကြောင်းသိရသည်။