Home သတင်း ကရင်ပြည်နယ်လွှတ်‌တော်နှင့် မီဒီယာ ထိ‌တွေ့မှုမရှိဟု လွှတ်‌တော် ဥက္ကဌ ‌ပြောဆို

ကရင်ပြည်နယ်လွှတ်‌တော်နှင့် မီဒီယာ ထိ‌တွေ့မှုမရှိဟု လွှတ်‌တော် ဥက္ကဌ ‌ပြောဆို

1702

ကရင်ပြည်နယ်လွှတ်‌တော်ဥက္ကဌ ‌စော‌အောင်‌ကျော်မင်း

စက်တင်ဘာ ၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်တွင် အစိုးရသစ်လက်ထက် ပြည်နယ်လွှတ်‌တော်ကျင်းပလာခဲ့ရာ ၃နှစ်‌ကျော်အတွင်း သတင်းမီဒီယာနှင့် ပြည် နယ်လွှတ်‌တော် ထိ‌တွေ့မှုမရှိဟု ကရင်ပြည်နယ်လွှတ်‌တော်ဥက္ကဌ ဖြစ်သူ ‌စော‌အောင်‌ကျော်မင်းက စက်တင်ဘာလ ၂ရက်‌နေ့၌ ‌ကေအိုင်စီသို့ ‌ပြောဆိုလိုက်သည်။

“ကရင်ပြည်နယ်လွှတ်‌တော်မှာ သတင်း‌ထောက်‌တွေ သတင်းတက်‌ရောက်ယူနိုင်ဖို့ဆိုရင် ပြည်နယ် လွှတ်‌တော်မကျင်းပမှီ ၁ဝ ရက်အတွင်း မိမိသတင်းတိုက်၊ ဓါတ်ပုံ၊ အယ်ဒီတာအမည် စတာ‌တွေ သက်ဆိုင်ရာ လွှတ်‌တော်ဌာနအသီးသီးကို ‌လျှောက်လွှာ ကြိုတင် တင်ရပါတယ်။ မီဒီယာ‌တွေ သတင်းလာယူတာ‌တော့ မ‌တွေ့ရဘူး”ဟု ‌စော‌အောင်‌ကျော်မင်းက ‌ပြောဆိုသည်။

ထိုသို့ ‌လျှောက်လွှာကြိုတင်ပြီး‌နောက် သတင်းယူမည့် မီဒီယာများအ‌နေဖြင့် လွှတ်‌တော်ကျင်းပရာ‌နေရာ အ‌ဆောက်အဦးအ တွင်းသို့ ဝင်‌ရောက်သတင်းရယူခွင့် မရှိသလို လွှတ်‌တော်‌ဆွေး‌နွေးမှု ပြီးဆုံးသည့်အခါ၌လည်း လွှတ်‌တော်ကိုယ်စားလှယ်များကို အ‌ဆောက်အဦး၏ အပြင်ဘက်မှာသာ ‌တွေ့ဆုံ‌မေးမြန်းခွင့်ပြုထား‌ကြောင်းလည်း သိရသည်။

‌စော‌အောင်‌ကျော်မင်းက “ပြည်နယ်လွှတ်‌တော် သက်တမ်းတစ်‌လျှောက် အခုထိ သတင်းသမား‌တွေ‌တော့ မလာဘူး။ ကရင်ပြည် နယ် အစိုးရလက်‌အောက် ပြန်ဆက်(သတင်းနှင့် ပြန်ကြား‌ရေးဝန်ကြီးဌာန)တစ်ခုပဲ သတင်းလာ‌မေးတာ ရှိတယ်”ဟု ဆက်‌ပြော သည်။

ပြည်နယ်လွှတ်‌တော်အတွင်း သတင်းရယူခွင့် ခက်ခဲမှုနှင့် ပတ်သက်၍ Hot News မှ ဖားအံမြို့ ‌ဒေသခံ သတင်း‌ထောက် ကိုပွင့် စန်း(ပုပ္ပါး)က “ပြည်နယ်လွှတ်‌တော်ကျင်းပတာ ၁ဝကြိမ်‌ကျော်ရှိပါပြီ။ သတင်းသမား‌တွေကို ဖိတ်ကြားတာလည်း မရှိဘူး။ ပြည် နယ်အစိုးရက မီဒီယာသမား‌တွေကို လိုလိုလားလားရှိတာ မ‌တွေ့ရဘူး။ သတင်းသမား‌တွေက ပြည်နယ်လွှတ်‌တော်သတင်း‌တွေ ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ သတင်းယူ‌နေရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လူထုအကျိုးအတွက် ‌ရှေ့ရှု၍ ကရင်ပြည်နယ်အစိုးရအ‌နေဖြင့် ကရင်ပြည်နယ်လွှတ်‌တော်တွင် မီဒီယာများကို လွတ်လွတ်လပ် လပ် ‌နေရာတစ်ခု ဖွင့်ထား‌ပေးသင့်သည်ဟုလည်း ကိုပွင့်စန်း(ပုပ္ပါး)က ဆိုသည်။

ကရင်ပြည်နယ်တွင် သတင်းမီဒီယာသမားများနှင့် ပတ်သက်၍ လွတ်လပ်စွာ သတင်းရယူခွင့် အားနည်း‌နေ‌သေးသည့်အတွက် ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်‌တော်တို့၏ လုပ်‌ဆောင်ချက် ဖြစ်ရပ်မှန်များကို သိရှိရန် အလွန်ခက်ခဲ‌ကြောင်း ပြည်နယ်အ တွင်းရှိ လူထုများက ‌ပြောဆို‌နေဩသည်။

လက်ရှိ ကရင်ပြည်နယ်လွှတ်‌တော်အ‌ဆောက်အဦးကို ဖားအံမြို့ အမှတ်(၄) ရပ်ကွက်ရှိ သီရိ ကွင်းအနီးတွင် ထားရှိကာ ပြီးခဲ့ သည့် ၂၀၁၁ခုနှစ်က စတင် ကျင်းပပြုလုပ်လာခဲ့သည်။

၂၀၁ဝ ‌ရွေး‌ကောက်ပွဲပြီး‌နောက် ကရင်ပြည်နယ်လွှတ်‌တော်တွင် လွှတ်‌တော်အမတ် ၂၃ဦးရှိသည့်အနက် ၁၃ဦးမှာ အစိုးရဝန်ကြီး ဌာနများတွင် ဝင်‌ရောက်တာဝန်ထမ်း‌ဆောင်ရသည့်အတွက် လက်ရှိ ပြည်နယ်လွှတ်‌တော်၌ ဥက္ကဌနှင့် ဒုတိယ ဥက္ကဌ၊ တပ်မ ‌တော်သားအမတ် ၄ဦး အပါအဝင် စုစု‌ပေါင်း ၁ဝဦးရှိ‌သော်လည်း တစ်ဦး ကွယ်လွန်သွားသဖြင့် လက်ရှိ ၉ဦးသာ ကျန်ရှိသည်။