Home သတင်း အနာဂတ်အတွက် လူငယ်များ ကြိုတင်ပြင်ဆင်ထားရန် ‌ကေအဲန်ယူ တိုက်တွန်း

အနာဂတ်အတွက် လူငယ်များ ကြိုတင်ပြင်ဆင်ထားရန် ‌ကေအဲန်ယူ တိုက်တွန်း

1724

ဩဂုတ် ၁၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

အနာဂတ် တိုင်းပြည်တည်‌ဆောက်‌ရေး၌ လူငယ်များပါဝင်မှု အခန်းကဏ္ဍသည် အ‌ရေးကြီးသည့်အတွက် လူငယ်များအ‌နေဖြင့် ကြိုတင်ပြင်ဆင်ထားရန် ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စောလှထွန်းက ယ‌နေ့(ဩဂုတ် ၁၃ ရက်‌နေ့)တွင် ‌ပြောဆိုလိုက်သည်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ မာလာ‌ဆောင်မှတ်တိုင်အနီးရှိ ယုဒဿန် ခမ်းမ၌ နံနက် ၁ဝနာရီမှ ၁၂နာရီထိ ပြုလုပ် သည့် ကရင်တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့် လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်း‌ရေးဖြစ်စဉ် နှီး‌နှောဖလှယ်ပွဲတွင် ပဒို‌စောလှထွန်း က ထိုသို့ ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“အနာဂတ်နိုင်ငံ‌တော်တည်‌ဆောက်မှုကဏ္ဍမှာ လူငယ်‌တွေရဲ့ ကြိုတင်ပြင်ဆင်ထားမှုနဲ့ ပါဝင်မှု အခန်းကဏ္ဍဟာ အ‌ရေးကြီး တယ်။ ဒါ‌ကြောင့် လူငယ်‌တွေအ‌နေနဲ ့တိုင်းပြည်တည်‌ဆောက်‌ရေးအတွက် ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ထားပါ၊ ‌လေ့လာ ထားပါလို ့‌ပြောချင်ပါတယ်”ဟု ပဒို‌စောလှထွန်းက ယင်းနှီး‌နှောဖလှယ်ပွဲတွင် ‌ပြောကြားခဲ့သည်။
IMG_9939
အဆိုပါ ငြိမ်းချမ်း‌ရေးဖြစ်စဉ် နှီး‌နှောဖလှယ်ပွဲသို့ ‌ကေအဲန်ယူဗဟို‌ကော်မတီဝင်များဖြစ်သည့် ပဒို‌စောသမိန်ထွန်း၊ ပဒို‌စောလှထွန်း တို့ တက်‌ရောက်ခဲ့ပြီး တိုင်းရင်းသားလူငယ်အဖွဲ့များဖြစ်သည့် ကရင်လူငယ်ကွန်ရက် အပါအဝင် ကချင်လူငယ်ကွန်ရက်၊ သျှမ်း (ရှမ်း)လူငယ်ကွန်ရက်(ရန်ကုန်)၊ ရန်ကုန် YWCA၊ KHRG၊ KNRG၊ GTI၊ Action Aid အစရှိသည့် လူမှုအဖွဲ့အစည်း ၅၀‌ကျော်တို့ မှ ကိုယ်စားလှယ်များတက်‌ရောက်ခဲ့ကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် လူမှုအဖွဲ့အစည်းများကဏ္ဍနှင့်ပတ်သက်၍ အပြန်အလှန် ‌ဆွေး ‌နွေးခဲ့ကြသည်။

နှီး‌နှောဖလှယ်ပွဲ တက်‌ရောက်ခဲ့သည့် ကချင်လူငယ်ကွန်ရက်မှ မမိုင်းနီက “ကျမအ‌နေနဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ အရပ်ဖက်လူမှုအ ဖွဲ့အစည်း‌တွေက အရမ်းကို အ‌ရေးကြီးပါတယ်။ ‌ကေအဲန်ယူနဲ့ တင်မကပါဘူး။ ကျန်တဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့‌တွေကို ဒီလိုမျိုး ‌တွေ့ဆုံ‌ဆွေး‌နွေးခွင့်‌တွေ လိုချင်ပါတယ်။ အဲဒီအခါကျမှ ပွင့်ပွင့်လင်းလင်းနဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အစိုးရအ‌နေနဲ့ ဘယ် လိုလုပ်‌နေလဲ၊ တိုင်းရင်းသားလက်နက်ကိုင်‌တွေနဲ့ ဘယ်လိုလုပ်‌နေတယ်ဆိုတာ မြင်သာထင်သာရှိလာမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ တာဝန်ရှိသူများအ‌နေဖြင့် ရန်ကုန်တွင် ကျင်းပသည့် ၆၄နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့အခမ်းအနားကို တက် ‌ရောက်ခဲ့ပြီး‌နောက် တဆက်တည်းမှာပင် တိုင်းရင်းသားလူငယ်အဖွဲ့များက ထပ်မံ ‌တွေ့ဆုံခွင့် ‌တောင်းဆိုသည့်အတွက် ယခုကဲ့ သို့ အဖွဲ့အစည်းများနှင့် ပထမဦးဆုံးအကြိမ် ‌တွေ့ဆုံဖြစ်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။