Home သတင်း ပြည်သူ့လိုလားချက်နှင့် ကိုက်ညီသည့်ဗျူဟာ ချမှတ်လုပ်‌ဆောင်ရန် KPP နာယက တိုက်တွန်း

ပြည်သူ့လိုလားချက်နှင့် ကိုက်ညီသည့်ဗျူဟာ ချမှတ်လုပ်‌ဆောင်ရန် KPP နာယက တိုက်တွန်း

1575

ဇွန် ၉ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း (‌ကေအိုင်စီ)

ကရင်ပြည်သူ့ပါတီ(KPP)အ‌နေဖြင့် ပြည်သူ့လိုလားချက်၊ ‌မျှော်မှန်းချက်၊ ‌တောင်းဆိုချက်နှင့် ကိုက်ညီသည့် ဗျူဟာ ချမှတ်လုပ်‌ဆောင်ရန် KPP ပါတီနာယက အငြိမ်းစားသမိုင်းပါ‌မေက္ခ ‌စောထွန်း‌အောင်ချိန်က ဇွန် ၇ရက် ‌နေ့တွင် တိုက်တွန်း‌ပြောကြားလိုက်သည်။

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ‌တောင်သူကုန်းရပ်ကွက်၊ မ/၄ ဟိုက်ပတ် (ဦး‌ယောဟန်ခြံ)၌ ကျင်းပသည့် KPP စတုတ္ထအကြိမ် ပါတီညီလာခံတွင် အနယ်နယ်အရပ်ရပ်မှ အခမ်းအနားတက်‌ရောက်လာသည့် ပါတီကိုယ်စား လှယ်များအား ‌စောထွန်း‌အောင်ချိန်က တိုက်တွန်း‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကရင်ပြည်သူ့ပါတီအ‌နေနဲ့ ‌အောက်‌ခြေလူတန်းစားအတွက် ထည့်သွင်းစဉ်းစားပြီး‌တော့ ပါတီအ‌နေနဲ့ ဘာဗျူဟာကျင့်သုံးမလဲ။ ဘာဝါဒ ကျင့်သုံးမလဲဆိုတာကို ပါတီအ‌နေနဲ့ တို်င်ပင်ဆုံးဖြတ်သွားကြပြီး‌တော့ ‌ရှေ့ဆက်သွားကြဖို့ ဖြစ်ပါတယ်”ဟု ‌စောထွန်း‌အောင်ချိန်က ‌ပြောသည်။

နံနက် ၈နာရီခွဲမှာ ‌နေ့လည် ၁၂နာရီ‌ကျော်အထိ ကျင်းပသည့် ယင်းအခမ်းအနားတွင် KPP ၏ နာယက ‌စောထွန်း‌အောင်ချိန်၊ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ်‌စော‌ထော်ပလဲနှင့် အခြားကိုယ်စားလှယ်များ အပါအဝင် ကရင်အမျိုးသား အစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ၏ နိုင်ငံ‌ရေး၊ စစ်‌ရေးအကြံ‌ပေးပုဂ္ဂိုလ် ‌စောတူးတူး ‌လေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီ မိတ်‌ဆွေမဟာမိတ်ပါတီများမှ ကိုယ်စားလှယ်များ စုစု‌ပေါင်း ၃၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် ‌ကေအဲန်ယူ ဥက္ကဌ၏ နိုင်ငံ‌ရေး၊ စစ်‌ရေးအကြံ‌ပေးပုဂ္ဂိုလ် ‌စောတူးတူး‌လေးက အစိုးရနှင့် ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်၏ အ‌ခြေအ‌နေများကို ရှင်းပြခဲ့သလို ပါတီ အမျိုးသားလွှတ်‌တော် ကိုယ်စားလှယ် ‌စော‌ထော်ပလဲကလည်း လက်ရှိ လွှတ်‌တော်အ‌တွေ့အကြုံများကို တက်‌ရောက်လာသူများအား ရှင်းလင်း‌ပြောကြားခဲ့သည်။

ထို့အပြင် KPP ဥက္ကဌ ‌စောထွန်း‌အောင်မြင့်က “ကျ‌နော်တို့ ပါတီအ‌နေနဲ့ ကျစ်လစ်ခိုင်မာမှုရှိရန် ကြိုးစား‌နေသလို ပါတီဟာ အစိုးရ မဟုတ်တဲ့အတွက် အားလုံးလုပ်‌ပေးလို့‌တော့ မရဘူး။ ဒါကို နားလည်‌ပေး‌စေချင်ပါတယ်။ ‌နောက်ပြီး တမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ ငြိမ်းချမ်း‌ရေးဏ္ဍ‌တွေမှာ စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေး၊ တရားမျှတပြီး တန်းတူညီတူ ခိုင်မာမှုရှိတဲ့ ငြိမ်းချမ်း‌ရေးဖြစ်‌ရေးအတွက် လူထုတရပ်လုံးပါဝင်လုပ်‌ဆောင်သွားချင်ပါတယ်” ယင်းညီလာခံတွင် ‌ပြောဆိုခဲ့သည်။

‌စောထွန်း‌အောင်ချိန်ကလည်း နိုင်ငံ‌ရေးလုပ်‌ဆောင်ရာတွင် အာဏာရရှိ‌ရေးသည် အဓိကကျပြီး သို့မှသာ မိမိဝါဒ၊ လမ်းစဉ်ကို အ‌ကောင်အထည်‌ဖော်နိုင်မည်ဖြစ်‌ကြောင်း၊ အချုပ်အခြာအာဏာသည် ပြည်သူ့လက်ထဲ၌ရှိပြီး ပြည်သူလူထုက ‌ရွေး‌ကောက်တင်‌မြှောက်မှသာ အုပ်ချုပ်‌ရေး၊ ဥပ‌ဒေပြု‌ရေး၊ တရားစီရင်‌ရေးအာဏာများကို အ‌စေခံ ကျင့်သုံးနိုင်မည်ဖြစ်သည့်အတွက် လူထု‌ထောက်ခံမှုရရန် သင့်‌တော်သည့် ဗျူဟာ ချမှတ်လုပ်‌ဆောင် သွားရန် အ‌ရေးကြီး‌ကြောင်း ဖြည့်စွက်‌ပြောဆိုသည်။

KPP ကို ၂၀၁ဝ ခုနှစ်၊ ‌မေ ၂၁ ရက်‌နေ့တွင် တရားဝင်စတင်တည်‌ထောင်ခဲ့ပြီး ၂၀၁ဝ ပါတီစုံ‌ရွေး‌ကောက်ပွဲ၌ အမတ်‌နေရာ ၄၃ ‌နေရာ ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာတွင် ၆ ‌နေရာ အနိုင်ရရှိခဲ့သည့် ကရင်နိုင်ငံ‌ရေးပါတီတစ်ခု ဖြစ်သည်။ ထို့အပြင် ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်‌နေ့က နိုင်ငံ‌ရေးပါတီ (၁၀)ပါတီဖြင့် စတင်ဖွဲ့စည်းသည့် FDA (Federal Democracy Alliance )တွင် အဖွဲ့ဝင်ဖြစ်လာပြီး လက်ရှိ ပါတီဝင်အင်အား ၅၂,၀၀ဝ ‌ကျော် စည်းရုံးရရှိ ထားပြီဖြစ်‌ကြောင်း သိရသည်။