Home သတင်း စစ်ပွဲများ ရပ်တန့်ရန် လူမှုကွန်ရက်များနှင့် အရပ်ဖက်လူမှုအဖွဲ့များ စု‌ပေါင်း‌တောင်းဆို

စစ်ပွဲများ ရပ်တန့်ရန် လူမှုကွန်ရက်များနှင့် အရပ်ဖက်လူမှုအဖွဲ့များ စု‌ပေါင်း‌တောင်းဆို

1948

‌မေ ၂၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

စစ်မှန်‌သော ငြိမ်းချမ်း‌ရေး လိုလား‌ကြောင်း သက်‌သေပြသည့်အ‌နေဖြင့် လက်ရှိ ကချင်နှင့် ရှမ်းပြည်နယ်အတွင်း ဖြစ်ပွား‌သော စစ်ပွဲများ ချက်ချင်းရပ်တန့်ရန် လူမှုကွန်ရက်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း ၇၅ဖွဲ့တို့က သက်ဆိုင်ရာ အစိုးရအဖွဲ့၊ လွှတ် ‌တော်နှင့် မြန်မာ့တပ်မ‌တော်ထံ ‌မေလ ၂၁ရက်‌နေ့တွင် စု‌ပေါင်း‌တောင်းဆိုချက်တစ်‌စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါအဖွဲ့များက ‌တောင်းဆိုသည့် အချက် ၁ဝချက်တွင် ကချင်၊ တအာင်း(ပ‌လောင်)နှင့် ရှမ်းပြည်နယ် စသည့်တိုင်းရင်းသား ‌ဒေသများတွင် အစိုးရ၏ စစ်‌ရေးပြင်ဆင်‌နေခြင်း၊ စစ်အင်အားတိုးချဲ့‌နေခြင်းနှင့် ထိုးစစ်ဆင်နွှဲ‌နေမှုများကို ချက်ချင်းရပ်တန့်ရန်၊ တိုက်ပွဲများ ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့များနှင့် အ‌ရေး‌ပေါ် ‌တွေ့ဆုံ‌ဆွေး‌နွေးရန်၊ စစ်‌ရေးအင်အားသုံး၍ တနိုင်ငံလုံး အပစ်ရပ်‌ရေး သ‌ဘောတူစာချုပ်ချုပ်ဆိုနိုင်‌ရေး အတင်းအကြပ် လုပ်‌ဆောင်‌နေခြင်းများကို ရပ်တန့်ရန် စသည့်အ ချက်များ ပါဝင်သည်။

“အခု ဆက်တိုက် ထိုးစစ်ဆင်‌နေတာကို ကြည့်ခြင်းအားဖြင့် ‌ဆွေး‌နွေးပွဲမှာ ငြိမ်းချမ်း‌ရေးရဖို ့ဦးတည်‌နေတာကို မ‌တွေ့ရဘူး။ ကချင်တိုက်ပွဲက အခုဆိုရင် တိုက်ပွဲသုံးနှစ်ပြည့်ပြီး။ အမှန်တကယ် ‌သေနတ်သံ တိတ်ဆိတ်ဖို့ လိုအပ်ပြီး‌ပေါ့။ ဒါ‌ကြောင့် ကျမတို့ အရပ်ဖက်လူမှုအဖွဲ့‌တွေ ပူး‌ပေါင်းပြီး ‌တောင်းဆိုရတာပါ”ဟု ကချင်ငြိမ်းချမ်း‌ရေးကွန်ယက် ဒါရိုက်တာ ‌ဒေါ်ခွန်ဂျာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ‌တောင်းဆိုမှုတွင် မြန်မာပြည်တွင်းပြည်ပနှင့် နယ်စပ်ရှိ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင်နှင့် ဗမာ စသည့် တိုင်းရင်းသားလူမှုကွန် ရက်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ စု‌ပေါင်း၍ ‌တောင်းဆိုချက်စာ ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။

ပူး‌ပေါင်းထုတ်ပြန်မှုတွင် ပါဝင်ရမှုနှင့် ပတ်သက်၍ ကရင်သဘာဝပတ်ဝန်းကျင် လူမှုလှုပ်ရှားမှုကွန်ယက်(KESAN) ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက “ကျ‌နော်တို့ ကရင်လူမှုအဖွဲ့ကလည်း အခြားတိုင်းရင်းသားများနည်းတူ ငြိမ်းချမ်း‌ရေး ချစ်မြတ်နိုးတာပဲ။ ဒါ‌ကြောင့် ပြည်တွင်းစစ်ရပ်တန့်ဖို့ အခုလို ထုတ်ပြန်တဲ့အခါ ပံ့ပိုးတဲ့အ‌နေနဲ့ ပါဝင်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အပစ်ရပ်‌ရေး‌ဆွေး‌နွေးပွဲမှ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများဆီသို့ ဦးတည်‌ဆောင်ရွက်‌နေချိန်တွင် စစ်‌ဘေး‌ရှောင်ဒုက္ခသည်စခန်း များရှိ စစ်‌ဘေးသင့်ပြည်သူများ အပါအဝင် အပြစ်မဲ့အရပ်သားများ၏ ဘဝများစွာ ဆိုးကျိုးများ သက်‌ရောက်‌စေဖြစ်‌သော‌ကြောင့် နိုင်ငံ‌တော်သမ္မတ၊ ကာကွယ်‌ရေးဦးစီးချုပ်၊ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်‌ရေးလုပ်ငန်း‌ကော်မတီ၊ NCCT တို့မှ စစ်ပွဲများ လုံးဝထပ်မဖြစ်‌စေရန် တာဝန်ယူ‌ဆောင်ရွက်‌ပေးရန်လည်း ယင်းစာတွင် ပါရှိသည်။

လက်ရှိ စစ်ပွဲ‌ကြောင့် စစ်‌ဘေးသင့်ဒုက္ခသည်များကို အစိုးရဘက်မှ နိုင်ငံ‌တော်ဘတ်ဂျက်ဖြင့် ‌ကျွေး‌မွေးမှု မရှိသလို စစ်ပွဲဆက် လက်ဖြစ်ပွား၍ ပြည်သူများ၏ အခက်အခဲ ပိုမိုကြုံ‌တွေ့‌နေမှုကိုကြည့်ကာ အစိုးရအ‌နေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများနှင့် တနိုင်ငံလုံး အပစ်ရပ်‌ရေးသ‌ဘောတူ စာချုပ်ထိုးသည်ဖြစ်‌စေ၊ မထိုးသည်ဖြစ်‌စေ တိုက်ပွဲများရပ်တန့်‌စေလို‌ကြောင်း ‌ဒေါ်ခွန်ဂျာက ဖြည့်စွက်‌ပြောဆိုသည်။

လူမှုကွန်ရက်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်း‌ပေါင်းစုံ စု‌ပေါင်း၍ မြန်မာပြည်တွင်း စစ်ပွဲများ ချက်ချင်းရပ်တန့်ရန် ယခုလို ‌ကြေညာချက်ထုတ် ‌တောင်းဆိုလာသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။