စကိုင့်မီး
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော လူမျိုးအသီးသီးတို့၏ သမိုင်းကြောင်းနှင့်ပတ်သက်၍ ကျမ်းကြီးကျမ်းခိုင်တို့ဖြင့် မှတ် တမ်းတင်ရေးသားထားသော သမိုင်းအထောက်အထားများ မရှိသလောက် နည်းပါးလျက်ရှိ၏။ မြန်မာ့စာပေရေးသားမှုနှင့် မြန်မာ့ သမိုင်းမှတ်တမ်းတင်ရေးသားမှု၏ ခေတ်ကာလလည်း နောက်ကျလျက်ရှိကြောင်း တွေ့ရ၏။ မြန်မာ့သမိုင်း စတင်ရေးသားလာ သည့် ကာလတလျောက်လုံး၌ အုပ်ချုပ်မင်းလုပ်သော ဘုရင်ပဒေသရာဇ်တို့၏ အကြောင်းများကိုသာ ရှေ့တန်းတင် ရေးလာခဲ့ကြ သည်သာ တွေ့ရ၏။ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးတို့၏ အကြောင်းကို မှတ်တမ်းတင်ရေးသား သောသမိုင်းဟူ၍ မရှိသလောက်နည်းပါးသည်။
မြန်မာ့သမိုင်းကို လေ့လာရာတွင် အေဒီ-(၁၁)ရာစု အစောပိုင်းကာလကစ၍ အုပ်ချုပ်မင်းလုပ်သော ဘုရင်အဆက်ဆက်၏ ဆောင်ရွက်ချက်များ တရွေ့ရွေ့ တဖြည်းဖြည်း တိုးတက်ခိုင်မာလာခဲ့ကြောင်း တွေ့ရသည်။ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေးနှင့် စာပေယဉ်ကျေးမှု စသည်များ တိုးတက်လာခဲ့သည်။ ပဒေသရာဇ်အုပ်ချုပ်သော ခေတ်ကာလဖြစ်သဖြင့် ဘုရင်များ၏ အကြောင်းကိုသာ မှတ်တမ်းတင်ရေးသားခဲ့ပြီး တိုင်းရင်းသားလူမျိုးတို့၏ ဇစ်မြစ်၊ ဆင်းသက်လာပုံ၊ စာပေနှင့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို သမိုင်းမှတ်တမ်းတင်ခဲ့ခြင်း မရှိပေ။
(၁၉)ရာစုနှောင်းပိုင်းကာလသို့ ရောက်ရှိလာသောအခါ အနောက်တိုင်းလူမျိုးများနှင့် ပိုမိုထိတွေ့ဆက်ဆံလာခဲ့ကြရသဖြင့် နီးစပ် ရာ တိုင်းရင်းသားလူမျိုးအသီးသီးတို့တွင် လူမှုရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ရိုးရာဓလေ့များ ရောနှောယှက်တင် ဖြစ် လာခဲ့ကြသည့်အပြင် အချို့ရိုးရာဓလေ့များပင်လျှင် ပြောင်းလဲသွားခြင်း သို့မဟုတ် ပျောက်ပျက်သွားခြင်း သို့မဟုတ် ပစ်ပယ်ထား ခြင်းများ ရှိခဲ့သည်။
ထိုကဲ့သို့သော အခြေအနေမျိုး၌ မျိုးချစ်စိတ်ရှိသူ ခေတ်ပညာတတ်များ၊ ဘာသာရေးဆိုင်ရာ အမြင်ကျယ်သူ ပုဂ္ဂိုလ်များက ကိုယ့် တိုင်းပြည်၊ ကိုယ့်လူမျိုးတို့၏ ယဉ်ကျေးမှု ရိုးရာဓလေ့များကို မှတ်တမ်းတင်ရေးသားလာခဲ့ကြကြောင်း တွေ့ရှိရသည်။ လက်လှမ်း မမှီတော့သည့် လွန်ခဲ့သော နှစ်ပေါင်းထောင်နှင့်ချီ၍ ဖြစ်ပျက်ခဲ့သော သမိုင်းဖြစ်ရပ်များ၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များ ရှိခဲ့သော်လည်း ဖေါ်ထုတ်ရေးသားနိုင်ခဲ့ခြင်း မရှိတော့ချေ။
သို့သော် သက်ကြီးစကား သက်ငယ်ကြားဆိုသည့် ဘိုးဘေးဘီဘင်ခေတ်ကာလက ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များ၊ လူမှုရေး၊ စီးပွား ရေး၊ ဘာသာရေးနှင့် မိမိတို့ ဘဝရပ်တည်ရေးအကြောင်းများကို ကဗျာလကင်္ာအားဖြင့် သားစဉ်မြေးဆက် အာဂုံဆောင် လက် ဆင့်ကမ်းလာခဲ့ကြသဖြင့် ယနေ့သမိုင်းသုတေသီ ခေတ်ပညာတတ်အတွက် အတိတ်ကအရိပ်ပမာ ပြန်လည်ရော်ရမ်းတွေးဆ ကာ အဆင့်မြင့်သမိုင်းနည်းပညာများဖြင့် ဆက်စပ်ဖေါ်ထုတ်ရေးသား မှတ်တမ်းတင်လာနိုင်ခဲ့ကြသည်များလည်း ရှိပေသည်။
မည်သို့ပင်ဆိုစေ ကရင်လူမျိုးတို့၏ ဘိုးဘေးတို့သည် ရှေးပဝေသဏီ်ကာလကပင် သားသမီးတို့အား ခေတ်အဆက်ဆက် ကြုံ တွေ့လာခဲ့ရသော အတွေ့အကြုံ အမျိုးမျိုးအဖုံဖုံနှင့် ပတ်သက်သော မှာတမ်းစကားများ လက်ဆင့်ကမ်းပြောကြားခဲ့သဖြင့် အတိတ်ကာလ၏ အကြောင်းအရာများကို သိရှိခဲ့ရ၏။ ပေထက်အက္ခရာများဖြင့် ရေးသားမှတ်တမ်းတင်ခဲ့ခြင်းမရှိသဖြင့် နောင် လာနောက်သားများသည် ယင်းအဖြစ်အပျက်များကို မသိရှိကြတော့ပေ။ လူကြီးသူမများနေထိုင်ခဲ့ကြသော နေရာဒေသများ၏ မတူညီမှုကြောင့် မိမိတို့ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များ မတူကွဲပြားသည်လည်း ရှိကြ၏။ ထို့နည်းတူစွာပင် ကျင့်သုံးလာခဲ့ကြ သည့် ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများမှာလည်း မိမိတို့ဒေသနှင့် လိုက်လျောညီထွေစွာ လုပ်ဆောင်လာကြသည်လည်း ရှိ၏။
စာရေးသူကိုယ်တိုင် ငယ်စဉ်ကမြင်တွေ့ခဲ့ရသော ကရင်လူမျိုးတို့၏ ဒေသအလိုက်ကျင့်သုံးကြသော ရိုးရာဓလေ့စရိုက်များနှင့် မျက်မှောက်ခေတ်တွင် မြင်တွေ့လာရသည့် ဓလေ့စရိုက်များသည် သိသာထင်ရှားစွာ ပြောင်းလဲလာသည်။ တောလက်ကျေးရွာ နေ လူတန်းစားနှင့် မြို့နေလူတန်းစားတို့၏ လူနေမှုဓလေ့စရိုက်များမှာ ယခင်က အလွန်ကွာခြားခဲ့ကြသော်လည်း ယနေ့အချိန် ကာလတွင် ကွာခြားမှုနည်းပါးလာကြောင်း သတိပြုမိသည်။ တောနှင့် မြို့လူနေမှုစနစ်များ တူညီလာမှုကြောင့် ယခင်တောရွာများ ၌သာ အဓိကလုပ်ဆောင်လေ့ရှိသော ရိုးရာဓလေ့ယဉ်ကျေးမှုများ တဖြည်းဖြည်းပျောက်ကွယ်သွားကြောင်း မျက်ဝါးထင်ထင် တွေ့မြင်ရသည်။
တောလက်ကျေးရွာများ၌ ယခင်နေထိုင်ကြသော ကရင်လူမျိုးအပေါင်းတို့သည် လုပ်ငန်းခွင်များ၌ လူပျိုအပျိုများတန်းတူ စုပေါင်း လုပ်ကိုင် ကူညီယိုင်းပင်းကြသည်။ ရာသီအလိုက်ပွဲများ၊ ရိုးရာဓလေ့များအပေါ် အခြေခံသည့်ပွဲများ ကျင်းပပြုလုပ်သည့်အခါ ရပ်ရွာရှိ လူပျိုခေါင်း၊ အပျိုခေါင်းများက ဦးဆောင်၍ တပျော်တပါး ဝိုင်းဝန်းကူညီလုပ်ဆောင်ကြသော ဓလေ့များရှိကြ၏။ အခြား ရွာတွင် ဒုမဂင်္လာ၊ သုမဂင်္လာပွဲများ ကျင်းပသည့်အခါ၌လည်း ကျန်ကျေးရွာများမှ လူပျိုအပျိုများ ညီညီညွတ်ညွတ်ဖြင့် သွား ရောက်ကူညီအားပေးကြသည်။ သူ့ရွာကိုယ့်ရွာလူပျိုအပျိုများ သိကျွမ်းရင်းနှီးမှုရှိစေရန် မိတ်ဖွဲ့ပေးကြ၏။ သင့်လျှင်သင့်သလို လူပျိုအပျိုများအတွက် ရိုးရာဩပွဲ ပြုလုပ်ကျင်းပပေးကြ၏။
ယနေ့ တောလက်ကျေးရွာများတွင် ဆိုခဲ့သည့်ယဉ်ကျေးမှု ရိုးရာဓလေ့များ တိမ်ကောစပြုနေပြီးဖြစ်သည်။ ကျေးလက်တောရွာ များတွင် လူပျိုအပျို များများစားစား မတွေ့ရတော့ပေ။ နီးရာတဖက်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသဖြင့် လူပျိုအပျိုများ နည်းပါးသွားခြင်း အကြောင်းတစ်ရပ်ပင် ဖြစ်သည်။ ယခင်က ရိုးသားစွာ လုပ်ကိုင်စားသောက်ခဲ့ကြသော်လည်း ယခုအခါ လယ် လုပ်သူဦးရေ နည်းပါးလာသည်။ လယ်ပိုင်ရှင်များသည် မိမိတို့လယ်၌ လူငှား၍ လုပ်ကြရသည်။ ယခင်ကဲ့သို့ သူ့လယ်ကိုယ့်လယ် အလှည့်ကျ လူပျိုအပျိုများ၏ လုပ်အားဖြင့် ဝိုင်းဝန်းကူညီလုပ်ဆောင်သော ရိုးရာဓလေ့ပျောက်ကွယ်စပြုလာနေပြီးဖြစ်သည်။
တစ်ချိန်က ကျေးလက်တောရွာများတွင် ပျော်ပွဲရွှင်ပွဲအဖြစ် ဒုံးယိမ်းအကများ၊ ဒုံးယိမ်းဖြင့် ကပြဖျော်ဖြေစဉ် ခေတ္တအနားယူချိန်၌ ဆုချပွဲဟုခေါ်သော ဝိုင်းထဲသို့ဝင်ရောက်ကပြရန် ဖိတ်ခေါ်ခြင်းများ၊ ထို့နောက် လူပျိုအပျို မိတ်ဖွဲ့သောဓလေ့တစ်ခုဖြစ်သော ဩပွဲ ကျင်းပခြင်းများ ရှိခဲ့သည်။ သို့သော် ခေတ်စနစ်၏ တိုးတက်ပြောင်းလဲလာမှုကြောင့် ဆိုခဲ့သော ရိုးရာပျော်ပွဲရွှင်ပွဲများသည် ယနေ့ ပျောက်ကွယ်စပြုနေပြီးဖြစ်သည်။ ယနေ့ ကရင်တောလက်ကျေးရွာများတွင် ရိုးရာပျော်ပွဲရွှင်ပွဲများနေရာတွင် ဗီဒီယိုဇာတ်လမ်း များ၊ ကာရာအိုကေ၊ ကမ္ဘာ့ဘောလုံးပွဲ၊ စတိတ်ရှိုးဗီဒီယိုအခွေများ ညလုံးပေါက် ပြသနေရာယူလာနေကြောင်း တွေ့ရပေသည်။
ကျေးရွာ၏ ရိုးရာဓလေ့တစ်ခုဖြစ်သော လူပျိုအပျိုလှည့်ခြင်းဓလေ့ကို စာရေးသူ ကိုယ်တွေ့ဖြတ်သန်းလာခဲ့ရသဖြင့် အကျဉ်းရေး သားဖေါ်ပြလိုပါသည်။ ညဦးယံမှောင်စပျိုးချိန်မှစ၍ လူပျိုများသည် အပျိုရှိသောနေအိမ်များသို့ လူပျိုလှည့်သောဓလေ့ရှိပေသည်။ အပျိုများကလည်း နေအိမ်ပေါ်၌ အိမ်ရှေ့ကပြင်တွင် ကျောက်ပြင်၊ သနပ်ခါးတုံး အသင့်ထားကြ၏။ ထို့အပြင် အသင့်ပြင်ဆင်ထား သော ဗန့်ဘွေးရွက်ခြောက်နှင့် ဆေးသေးဗူးကိုလည်းကောင်း၊ ကွမ်းအစ်ကိုလည်းကောင်း ထားရသည်။ လူပျိုအိမ်ပေါ်ရောက်လာ ၍ တရင်းတနှီး ပြောဆိုကြပြီးနောက် အပျိုက လူပျိုအား သနပ်ခါးလူးပြီးမှ ပြန်ရန်တောင်းဆိုသည့်အခါ အပျိုသွေးပေးသော သနပ်ခါးကို လိမ်းပြီးမှပြန်ရသည်။ တခါတရံ အပျိုက လူပျိုအား ရင်းနှီးမှုပိုကြောင်း ပြသလို၍ ဗန့်ဘွေးရွက်ဖြင့် ဆေးသေး ထည့် လိပ်ပေးပြီး မီးညှိပေးကာ လူပျိုပြန်ခါနီး ပေးလေ့ရှိသည်။ ထိုနည်းတူစွာပင် အပျိုဖြစ်သူက ကွမ်းအစ်မှ ကွမ်းယာတစ်ယာကို ယာပေးပြီး လူပျိုအား ရင်းနှီးမှုပြသောအနေဖြင့် ပြန်ခါနီးပေးသည်လည်းရှိ၏။ ဤကဲ့သို့ ကျေးရွာရိုးရာဓလေ့ကျင့်သုံးခြင်းသည် လူပျိုအပျိုများ၏ ရင်းနှီးပွင့်လင်းမှုကို ဖန်တီးပေးထားခြင်းဖြစ်၍ အိမ်ထောင်ဖက်ရွေးချယ်ရာတွင် လွတ်လပ်စွာ ရွေးချယ်နိုင်သော အခွင့်အရေးရှိကြသည်။
နှောင်းခေတ်ကာလသို့ရောက်လာသော် ဖေါ်ပြခဲ့သော လူပျိုလှည့်သော ရိုးရာဓလေ့သည် မရှိတော့သလောက် ပျောက်ကွယ်နေ ပြီးဖြစ်သည်။ ယနေ့ တောလက်ကျေးရွာများ၏ လူနေမှုစနစ်သည် အလျင်အမြန် တိုးတက်ပြောင်းလဲလျက်ရှိ၏။ ယနေ့ခေတ်လူ ငယ်တို့သည် မြို့ကြီးပြကြီးများသို့ သွားရောက်ပညာသင်ကြားကြပြီး ပတ်ဝန်းကျင်၏ တိုးတက်ပြောင်းလဲနေသော အခြေအနေ များကို မြင်တွေ့လာကြသဖြင့် ကျေးရွာတွင်နေထိုင်စဉ်က ကျင့်သုံးခဲ့သော ရိုးရာဓလေ့များသည် ခေတ်နှင့်ဆီလျော်မှု မရှိတော့ ကြောင်း သိရှိလာကြပေသည်။
မြို့နှင့်ဝေးလံသော ကျေးလက်တောရွာဒေသများ၌ နေထိုင်ကြသူ ကရင်လူမျိုးများသည် ဘိုးဘွားတို့ လုပ်ဆောင်ခဲ့သော ရိုးရာ ဓလေ့များအတိုင်း လက်ခံကျင့်သုံးနေကြသေးကြောင်း တွေ့ရ၏။ သို့သော် မျိုးဆက်သစ်လူငယ်များက ကမ္ဘာတစ်ဝှမ်း ဖြစ်ပေါ် တိုးတက်နေသော အရာခပ်သိမ်းတို့ကို ဆည်းပူးလေ့လာသိမြင်လာကြရင်း မိမိတို့၏ ရိုးရာဓလေ့များကို မပစ်လိုသော်လည်း မိမိ ဘဝ တိုးတက်မြင့်မားရေးအတွက် ရုန်းကန်ရင်း နောက်သို့ပြန်ကြည့်လိုသည့်ဆန္ဒ တဖြည်းဖြည်း လျော့နည်းလာကာ နောက်ဆုံး တွင် ဘဝ၏ တိုးတက်ရေးလမ်းကြောင်းသို့သာ လျှောက်လှမ်းသွားကြ၏။
ထို့ကြောင့် တိုင်းရင်းသားလူမျိုးအသီးသီး၌ ဘိုးစဉ်ဘောင်ဆက် ကျင့်သုံးလုပ်ဆောင်လာခဲ့ကြသော ရိုးရာဓလေ့များရှိကြသည်မှာ မှန်သော်လည်း မိမိလက်ရှိ လိုက်နာကျင့်သုံးသော ရိုးရာဓလေ့များသည် ခေတ်နှင့်ရင်ဘောင်တန်းနိုင်သော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးနယ်ပယ်တွင် ကိုယ့်လူမျိုးအတွက် မည်မျှအကျိုးပြုနိုင်ကြောင်းကို ပြန်လည်သုံးသပ်ပြီး အကျိုးရှိသည်များကိုသာ ဆက် လက် ကျင့်သုံးသင့်ပေသည်။
အယူသီးမှု၏ ခေတ်နောက်ပြန် တွေးခေါ်မှုများသည် လူမျိုးတစ်မျိုး၏တိုးတက်ရေးကို အစဉ်အမြဲ ခြိမ်းခြောက်နေမည်ဖြစ်ပြီး တိုး တက်သော လူသားကမ္ဘာတို့၏ တွေးခေါ်မြော်မြင်မှုနှင့် လက်တွေ့ကျင့်သုံးသော နည်းစနစ်များကို လေ့လာနည်းနာယူတတ်စေ ရန် ရေးသားတိုက်တွန်းလိုက်ရပါသတည်း။