Home သတင်း NLD နာယကဦးတင်ဦးနှင့်အဖွဲ့ မယ်‌တော်‌ဆေးခန်းမှ ‌ဒေါက်တာစင်သီယာ‌မောင်နှင့် ‌တွေ့ဆုံ

NLD နာယကဦးတင်ဦးနှင့်အဖွဲ့ မယ်‌တော်‌ဆေးခန်းမှ ‌ဒေါက်တာစင်သီယာ‌မောင်နှင့် ‌တွေ့ဆုံ

1797

‌ဒေါက်တာစင်သီယာ‌မောင်မှ ဦးတင်ဦးအား ကြိုဆိုလာစဉ်

မတ် ၂၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းသို့ ယ‌နေ့ မတ်လ ၂၄ရက်၊ ‌နေ့လည် ၁၂နာရီခွဲတွင် သွား‌ရောက်‌လေ့လာခဲ့ပြီး ‌ဆေးခန်းထူ‌ထောင်သူ ဆရာမကြီး ‌ဒေါက်တာစင်သီ ယာ‌မောင်နှင့် ‌တွေ့ဆုံခဲ့သည်။

ဦးတင်ဦးသည် ထိုင်းနိုင်ငံတဖက်ခြမ်းရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ NLD ရုံးဖွင့်ပွဲအတွက် လာ‌ရောက်ရင်း ယ‌နေ့တွင် NLD အဖွဲ့ဝင် ၁၅ဦးနှင့်အတူ မယ်‌တော်‌ဆေးခန်းသို့ ‌ရောက်ရှိလာကာ ‌ဒေါက်တာစင်သီယာ‌မောင် ပါဝင်သည့် မယ်‌တော်‌ဆေးခန်း မိသားစုနှင့် လာ‌ရောက်‌တွေ့ဆုံခြင်းဖြစ်‌ကြောင်း ဦးတင်ဦးက ယခုလို ‌ပြောသည်။

“မယ်‌တော်‌ဆေးခန်းကို ‌ရောက်ဖူးချင်တာ ကြာပြီ။ ‌ဒေါက်တာစင်သီယာ‌မောင်ရဲ့ လုပ်ကိုင်‌နေတဲ့အလုပ်ကို ‌လေးစားလို့ သူ့ကို‌တွေ့ ချင်တာ ကြာပါပြီ။ ‌ဆေးခန်းဖွင့်ကတည်းက ‌ရောက်ချင်တာပါ။ ဒါ‌ပေမယ့် အခွင့်မရခဲ့ဘူး။ အခု အခွင့်ကြုံတဲ့အချိန်မှာ မ‌ရောက် ‌ရောက်‌အောင် လာခဲ့တာဖြစ်ပါတယ်”ဟု NLD နာယက ဦးတင်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌မေတ္တာ၊ ‌စေတနာကို အ‌ခြေခံ၍ မိမိတတ်‌မြောက်သည့် ပညာအ‌ပေါ် မူတည်ပြီး တိုင်းသူပြည်သားနှင့် တိုင်းရင်းသားများ၏ အကျိုး အတွက် တတ်စွမ်းသမျှ ကြိုးပမ်း‌ဆောင်‌နေသည့် ‌ဒေါက်တာစင်သီယာ‌မောင်၏ လုပ်ရပ်များသည် ဂုဏ်ယူစရာဖြစ်သလို အား‌ပေးကူညီလို‌ကြောင်းလည်း ဦးတင်ဦးက ဆက်လက် ‌ပြောဆိုသည်။

ယခုခရီးစဉ်တွင် ပါဝင်သူ NLD ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်၊ ဖားအံမြို့မှ နန်းခင်‌ထွေးမြင့်ကလည်း “အန်တီတို့ အဓိက မြဝတီ NLD ရုံးဖွင့်ပွဲကိုလာတာ‌လေ။ လာတဲ့အခါကျ‌တော့ အန်ကယ်(ဦးတင်ဦး)က ‌ဒေါက်တာစင်သီယာ‌မောင်ကို သိပ် ‌တွေ့ချင်သလို သူ့ရဲ့ စွမ်း‌ဆောင်ချက်‌တွေကို အင်မတန်‌လေးစားလို့ အန်ကယ့်ကို‌ရောက်‌အောင် လိုက်ပို့‌ပေးလိုက်တာ ဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း NLD အဖွဲ့သည် မယ်‌တော်‌ဆေးခန်းအတွက် အလှူ‌ငွေအဖြစ် ကျပ်ငါးသိန်းလှူဒါန်းခဲ့ပြီး မယ်‌တော်‌ဆေးခန်းရှိ ပြင်ပလူနာဌာန၊ မျက်စိဌာနနှင့် မျိုးဆက်ပွားကျန်းမာ‌ရေး အတွင်းလူနာဌာနအပြင် မဲ‌ဆောက်မြို့အပြင်ဘက်ရှိ အသစ်တည်‌ဆောက်‌နေဆဲဖြစ် ‌သော မယ်‌တော်‌ဆေးခန်း၏ Health Administrative ‌နေရာသို့ သွား‌ရောက်ခဲ့ပြီး မြန်မာနိုင်ငံ တိုင်းရင်းသား‌ဒေသ အသီးသီးမှ ကျန်းမာ‌ရေးသင်တန်း တက်‌ရောက်‌နေသူ သင်တန်းသူ၊ သင်တန်းသားများအား ဦးတင်ဦးက အား‌ပေးစကား‌ပြောကြားခဲ့သည်။

‌ဒေါက်တာစင်သီယာ‌မောင်က “NLD က‌နေ အခုလို ကျမတို့ မယ်‌တော်‌ဆေးခန်းနဲ့ နယ်စပ်မှာရှိတဲ့ လူထုအ‌ခြေပြုအဖွဲ့‌တွေကို လာပြီး‌တွေ့ဆုံအား‌ပေးစကား‌ပြောတာရယ်၊ အခု ကျမဆီမှာ သင်တန်းတက်‌နေတဲ့ ကျန်းမာ‌ရေးဝန်ထမ်းနဲ့ ‌ကျောင်းသား‌တွေကို အား‌ပေးစကား‌ပြောသွားတဲ့အတွက် အများကြီး ဂုဏ်ယူဝမ်းသာပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းအ‌နေဖြင့် လက်ရှိ‌ဆောင်ရွက်‌နေသည့် ကျန်းမာ‌ရေးလုပ်ငန်းများကို ဦးတင်ဦးအား ရှင်းလင်းဖလှယ်ခွင့်ရရှိ သည့်အတွက် များစွာအကျိုးရှိ‌ကြောင်းနှင့် ယခုလို အပစ်ရပ်ကာလအတွင်း ပွင့်လင်းမှုများ အနည်းငယ် တိုးတက်လာမှုများရှိ ‌သော်လည်း မြန်မာပြည်တွင်းနှင့် နယ်စပ်‌ဒေသများတွင် ကျန်းမာ‌ရေး၊ ပညာ‌ရေး နိမ့်ကျ‌နေ‌သေးသည့်အ‌ပေါ် နှစ်ဖက် ‌ရှေ့ဆက် အပြန်အလှန် ပံ့ပိုးကူညီသွားရန် ကြိုးပမ်းသွားမည်ဖြစ်‌ကြောင်းလည်း ‌ဒေါက်တာစင်သီယာ‌မောင်က ‌ပြောဆိုသည်။

အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) နာယကဦးတင်ဦးသည် မဲ‌ဆောက်မြို့ရှိ မယ်‌တော်‌ဆေးခန်းသို့ လာ‌ရောက်လည်ပတ်သည် မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇွန်လ ၂ရက်‌နေ့ကလည်း NLD ဥက္ကဌ ‌ဒေါ်‌အောင်ဆန်းစုကြည် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့သို့ ‌ရောက်ရှိလာခဲ့‌သော်လည်း မယ်‌တော်‌ဆေးခန်းသို့ သွား‌ရောက်ခြင်း မရှိခဲ့ဘဲ မယ်လဒုက္ခသည်စခန်းသို့သာ သွား ‌ရောက်၍ ဒုက္ခသည်များနှင့် ‌တွေ့ဆုံခဲ့သည်။