Home သတင်း သုံးဆယ့်သုံးဆူ ဘုန်း‌တော်ကြီး‌ကျောင်း မီး‌လောင်မှု ဖြစ်ပွားပြီး ‌ကျောင်းထိုင်ဆရာ‌တော် ဒဏ်ရာရ

သုံးဆယ့်သုံးဆူ ဘုန်း‌တော်ကြီး‌ကျောင်း မီး‌လောင်မှု ဖြစ်ပွားပြီး ‌ကျောင်းထိုင်ဆရာ‌တော် ဒဏ်ရာရ

2406

မတ်လ ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် သုံးဆယ်သုံးဆူဆံ‌တော်ရှင်ဘုရား‌စေတီများတည်ရှိရာ အထင်ကရ‌နေရာ ဖြစ်‌သော သုံးဆယ်သုံးဆူ‌ကျေးရွာရှိ ဘုန်း‌တော်ကြီး‌ကျောင်း၌ မတ်လ ၂ရက်‌နေ့က မ‌တော်တဆ မီး‌လောင် ကျွမ်းမှု‌ကြောင့် သက်‌တော် ၆၄နှစ်၊ ဝါ‌တော် ၄၄ ဝါရှိသူ ‌ကျောင်းထိုင်ဆရာ‌တော် ဦးပညာဝံသဒဏ်ရာရရှိခဲ့သည်။

ဆရာ‌တော်၏ ဒကာဦး‌စောညွန့်‌သောင်းက “မီး‌လောင်တဲ့အချိန်ဟာ ဆရာ‌တော်က နှစ်ထပ်တိုက်‌ကျောင်း ‌ဆောင်ရဲ့ အ‌ပေါ်ထပ်မှာ ကြိမ်း(အိပ်)‌နေတယ်။ ဦးဇင်းတစ်ပါးက လာ‌ခေါ်နိုးလို့ နိုးလာပြီး မီး‌လောင်‌နေတဲ့ ဘုရား‌ဆောင်မှာ စိန်ဘုရားကို ပြန်ယူတာ‌ကြောင့် ဒဏ်ရာရတာဖြစ်တယ်။ ‌ကျောင်း‌ဆောင်တစ်ခုလုံး မီး‌လောင်တာ စိန်ဘုရားတစ်ဆူသာပြန်ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ မီး‌လောင်ကျွမ်းခံရ၍ ဆရာ‌တော်၏ ဦး‌ခေါင်းညာဘက်နှင့် ပခုံးတစ်ခြမ်းစီ မီး‌လောင်ခံရသလို ဘယ်ဘက် လက်‌ကောက်ဝတ်လည်း ကျိုးသွား‌သော‌ကြောင့် လက်ရှိ ဖားအံမြို့ သံဃာ့‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူ‌နေရ သည်ဟု သူက ဆက်‌ပြောသည်။

သုံးဆယ်သုံးဆူ ဘုန်း‌တော်ကြီး‌ကျောင်း မီး‌လောင်မှုဖြစ်စဉ်၌ ဘုရားစင်‌ပေါ် မီးထွန်းညှိထားရာမှ ည ၁၂ နာရီခွဲ အချိန်တွင် စတင်‌လောင်ကျွမ်းပြီး နှစ်ထပ်တိုက်‌ကျောင်း‌ဆောင်တစ်ခုလုံး မီးကူးစက်‌လောင်ကျွမ်းကာ ‌ကျောင်း ထိုင်ဆရာ‌တော်ဦးပညာဝံသလည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ထို့အပြင် သုံးဆယ်သုံဆူဘုန်‌တော်ကြီး‌ကျောင်း မီး‌လောင်မှုဖြစ်ပွားမှုတွင် သံဃာ‌တော်အသုံး အ‌ဆောင်ပစ္စည်း များ၊ ‌ကျောင်း‌ဆောင်အသစ် ပြန်တည်‌ဆောက်ရန် အတွက် ဘိလပ်‌မြေ၊ သွပ်ပြား၊ အလှူရှင်များမှ လှူဒါန်းထား သည့် အလှူ‌ငွေများနှင့် ‌ကျောင်း‌ဆောင်ကြီးများ မီး‌လောင်ကျွမ်းမှု‌ကြောင့် ကျပ်သန်းတစ်‌ထောင် ဆုံးရှုံးခဲ့သည်ဟု ‌ကျောင်းထိုင်ဆရာ‌တော်ဦးပညာဝံသက မြွတ်ကြားသည်။

မီး‌လောင်မှုဖြစ်ပွားချိန်တွင် သွား‌ရောက်ခဲ့သည့်‌ဒေသခံ ‌စောမြ‌အေးက “ဦးဇင်း(သံဃာ)‌တွေ ဖုန်းဆက်လာလို့ ကျ‌နော်တို့ သွား‌ရောက်တဲ့အချိန်မှာ ဘုရား‌ဆောင်မီး‌လောင်‌နေပါပြီး‌လေ။ ‌ခေါင်မိုး‌တွေလည်း ပြိုကျကုန်တယ်။ ညပိုင်းလည်းဖြစ်တယ်ဆို‌တော့ မီးဟာ လွယ်လွယ်နဲ့ တားလို့မရဘူး။ ဒါ‌ကြောင့် ဆုံးရှုံးမှုများတာ ဖြစ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သက်တမ်း နှစ်‌ပေါင်း ၅၄ နှစ်ရှိပြီး လက်ရှိ သံဃာ‌ပေါင်း ၁၂ ပါးရှိသည့် သုံးဆယ်သုံးဆူဘုန်‌တော်ကြီး‌ကျောင်း သည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်‌နေ့ကလည်း မ‌တော်တဆ မီး‌လောင်မှုဖြစ်ပွား‌သော‌ကြောင့် ဆွမ်းစား‌ကျောင်း ‌ဆောင်ကြီး တစ်‌ဆောင် မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး သိန်း‌လေး‌ထောင်‌ကျော်ဆုံးရှုံးကာ ယခုအကြိမ်သည် ဒုတိယအကြိမ် မီး‌လောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။