Home သတင်း သန်း‌ခေါင်စာရင်း‌ကောက်ပြီးသည့် ‌နေအိမ်များကို အမှတ်အသား လုပ်ထား

သန်း‌ခေါင်စာရင်း‌ကောက်ပြီးသည့် ‌နေအိမ်များကို အမှတ်အသား လုပ်ထား

3004

မတ် ၃၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့၊ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သန်း‌ခေါင်စာရင်း ‌ကောက်ယူပြီးစီးသွားသည့် အိမ်များကို အ‌ထောက်အထား စတစ်ကာ (အမှတ် အသား)ဖြင့် ကပ်ထား‌ကြောင်း ဖားအံမြို့၊ အမှတ်(၅)ရပ်ကွက် သန်း‌ခေါင်စာရင်း အ‌ထောက်အကူပြုအဖွဲ့မှ ခွန်ထွန်း‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“စတစ်ကာကပ်ရတဲ့ အ‌ကြောင်းရင်းက အိမ်တစ်အိမ်မှာ လူဦး‌ရေစာရင်း‌ကောက်လို့ ပြီးစီး‌ကြောင်းဆိုတဲ့ အမှတ်အသားနဲ့ ကပ် ထားတယ်။ ‌နောက်လာ‌ကောက်မယ့် တခြားအဖွဲ့‌တွေ ရှိရင်လည်း သိ‌အောင်၊ မထပ်‌အောင် လက်ကျန်အိမ်‌တွေ မရှိ‌အောင် လူဦး ‌ရေ‌တွေကို တိတိကျကျ သိနိုင်‌အောင်လို့ လုပ်ထားတာပါ”ဟု ခွန်ထွန်း‌အောင်က ‌ပြောသည်။

ယင်းစတစ်ကာတွင် ဤအိမ်‌ထောင်စုအား ၂၀၁၄ခုနှစ်၊ လူဦး‌ရေနှင့် အိမ်အ‌ကြောင်းအရာ သန်း‌ခေါင်စာရင်း ‌ကောက်ယူပြီးဖြစ် ‌ကြောင်း၊ အ‌ဆောက်အအုံအမှတ်၊ အိမ်‌ထောင်စုအမှတ်နှင့် စတစ်ကာကို (၃)လအတွင်း မခွာရန် ‌ရေးသားထား‌ကြောင်း သိရ သည်။

ထိုသို့ သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် အိမ်‌ထောင်စုအချို့သည် ၎င်းတို့၏ လူဦး‌ရေ အနည်းအများအ‌ပေါ် မူတည်၍ သန်း ‌ခေါင်စာရင်းနှင့်ပတ်သက်သည့် ‌မေးခွန်းများ‌မေးသည့်အခါ အချိန်အတိုးအ‌လျှော့ရှိပြီး အနည်းဆုံး ၁၅မိနစ်မှ မိနစ် ၂ဝအထိ ကြာ သည်ဟု ဖားအံမြို့၊ အမှတ်(၅)ရပ်ကွက် သန်း‌ခေါင်စာရင်း အ‌ထောက်အကူပြုအဖွဲ့က ဆိုသည်။

သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် အိမ်အ‌ကြောင်းအရာဆိုင်ရာ ‌မေးခွန်း (၄၁)ချက်‌မေးခံရသည့် ဖားအံမြို့၊ အမှတ် (၅)ရပ် ကွက်မှ နန်းနီနီစိုးက “ကျမကို လာ‌မေးတာ‌တော့ အမှန်အတိုင်းကို ‌ဖြေလိုက်တယ်။ ဘာအခက်အခဲမှ မရှိဘူး။ တီဗွီထဲကလိုမျိုး ‌ဖြေရမှာ ‌ကြောက်တာတို့၊ ဘာတို့ မရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့ အမှတ် (၅)ရပ်ကွက်တွင် သန်း‌ခေါင်စာရင်း စာရင်း‌ကောက်အဖြစ် တာဝန်ယူသည့် ဆရာမ ‌နော်သ ‌လေ‌ဖောကလည်း “မ‌နေ့ကတည်းက စ‌ကောက်တာ ဘာအခက်အခဲမှ မရှိဘူး။ ‌မေးခွန်း‌မေးတဲ့အချိန်မှာ သူတို့နားလည်‌အောင် ‌မေးတယ်။ သွား‌ကောက်တဲ့အချိန်မှာ ကြိုပြီး‌ပြောထားတယ်ဆို‌တော့ သူတို့ဘက်က အဆင်သင့်‌စောင့်‌နေပါတယ်။ ‌မေးတဲ့အခါ ‌ကောင်း‌ကောင်း‌ဖြေကြတယ်”ဟု ‌ပြောဆိုသည်။

ထို့အပြင် သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် ဖားအံမြို့၌ ကရင်အိမ်များကို ဗမာဘာသာစကားဖြင့် ‌မေးမြန်းပြီး အများအားဖြင့် ကရင်ကုတ်နံပါတ်များအတွင်း အဓိပ္ပါယ်ဆိုလိုရင်း မသိကြ‌ကြောင်းနှင့် စာရင်း‌ကောက်သည့် ဆရာမများမှ စ‌ကောကရင် သို့မ ဟုတ် ပိုးကရင်ဟု ‌မေးပြီးမှသာ ‌ဖြေကြားထားသည့်အတိုင်း ကုတ်နံပါတ်တွင် ထည့်‌ပေးရ‌ကြောင်း ဆရာမ‌နော်သ‌လေ‌ဖောက ဖြည့်စွက်‌ပြောဆိုသည်။

ယခု သန်း‌ခေါင်စာရင်းယူမှုတွင် မ‌ကောက်ယူမီ သက်ဆိုင်ရာ ရပ်ကွက်များရှိ အိမ်‌ထောင်စုများအား မည်သည့်စာရင်းထည့်သွင်း မည်ကို ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများက လိုက်လံစာရင်း‌ကောက်ခံထားပြီး အိမ်နံပါတ်များကို ‌မြေဖြူအမှတ်အသားဖြင့် မှတ် သားထား‌ကြောင်း သိရသည်။