Home သတင်း ကရင်ပြည်နယ်တွင် သန်း‌ခေါင်စာရင်း ‌ကောက်ယူပြီ

ကရင်ပြည်နယ်တွင် သန်း‌ခေါင်စာရင်း ‌ကောက်ယူပြီ

1669

မတ် ၃၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်တွင် မတ်လ ၂၉ရက်‌နေ့မှ စတင်ကာ လူမှုအဖွဲ့အစည်းများနှင့် အိမ်‌ထောင်စုများကို သန်း‌ခေါင်စာရင်း ‌ကောက် ကွက်တိုင်း၌ စာရင်း‌ကောက်ဆရာမများက ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်း စတင်‌ကောက်ယူ‌နေပြီဖြစ်‌ကြောင်း ယင်းစာရင်း ‌ကောက်ဆရာမများက ‌ပြောဆိုသည်။

တနိုင်ငံလုံး သန်း‌ခေါင်စာရင်းစတင် ‌ကောက်ယူချိန်ကို မတ်လ ၃ဝ ရက်‌နေ့တွင် ‌ကောက်ကွက်အားလုံး စတင်မည်ဖြစ်‌သော် လည်း ဖားအံမြို့နယ်အတွင်းရှိ လူမှုအဖွဲ့အစည်းများကို မတ်၂၉ရက်‌နေ့၊ ည ၇နာရီကတည်းက စတင် ‌ကောက်ယူခဲ့ခြင်းဖြစ်သည်။

အဖွဲ့အစည်းစာရင်း‌ကောက်ဆရာမ ‌ဒေါ်သန်းသန်းထိုက်က “မ‌နေ့ည ၇နာရီကတည်းက အများပိုင် ‌နေရာအဖွဲ့အစည်း‌တွေကို စတင် ‌ကောက်ယူတာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် တချို့‌နေရာ‌တွေက ‌ကောက်လို့‌တော့ မရဘူး။ မနက်မိုးလင်း သူတို့အဖွဲ့ လူစုံတဲ့အချိန် မှ သွားရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ အဖွဲ့အစည်းများကို သန်း‌ခေါင်စာရင်း‌ကောက်ယူရာတွင် အချို့က လက်ရှိ‌နေရပ်တွင် ကိုယ်တိုင် အ‌မေးမခံဘဲ မိမိ‌နေ‌သော ‌နေရပ်ရှိ မိသားစုဝင်များက ‌ဖြေ‌ပေးသွားရမည်ဟုလည်း ‌ဒေါသန်းသန်းထိုက်က ဆိုသည်။

လက်ရှိ သန်း‌ခေါင်စာရင်း ‌ကောက်ခံ‌နေမှုတွင် ‌ဆေးခန်း၊ အကျဉ်း‌ထောင်၊ မီးသတ်ဌာန၊ ‌ဘော်ဒါ‌ဆောင်၊ ဘုန်းကြီး‌ကျောင်း၊ ရဲဌာ န စသည့် အခြားအစုလိုက်၊ အဖွဲ့လိုက် ‌နေထိုင်သူများကို ‌မေးခွန်း ၁၁ချက်ဖြင့် ‌မေးမြန်း‌ကောက်ယူပြီး အိမ်‌ထောင်စုပုံစံ ‌နေထိုင် သူများကို ‌မေးခွန်း ၄၁ချက်ဖြင့် ‌မေးမြန်း၍ စာရင်း‌ကောက်ယူ‌နေခြင်းဖြစ်‌ကြောင်း သိရသည်။

သန်း‌ခေါင်စာရင်းတွင် ဘာသာ‌ရေးအဖွဲ့အစည်းအဖြစ် ‌ကောက်ခံမှုတွင် ပါဝင်သည့် ဖားအံမြို့ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်း တိုက်မှ ဦးဇင်းဝဏ္ဍသီရီက “ဦးဇင်းတို့ကို သူတို့လာ‌မေးတာက ဘုန်းကြီး အသက်ရယ်၊ ဝါ‌တော်ရယ်။ ပြီး‌တော့ ဘွဲ့နာမည်‌ပေါ့ ‌နော်။ သူတို့စာရွက်‌တွေ ကြိုပြီး‌တော့ ဘာမှ‌ပေးထားတာ‌တော့ မရှိဘူး”ဟု မြွက်ကြားသည်။

ထို့အပြင် သန်း‌ခေါင်စာရင်း ‌ကောက်ယူရာတွင် လိုက်ပါ‌ဆောင်ရွက်သူ ဖားအံမြို့ အမှတ်(၁)ရပ်ကွက် ရာအိမ်မှူးတစ်ဦးဖြစ်သူ ‌စောတင်ရီက စာရင်း‌ကောက်ခံသည့် တာဝန်ရှိဆရာမများသည် ၎င်းတို့‌ကောက်ခံမည့်‌နေရာများသို့ ကြိုတင်အ‌ကြောင်းကြားမှု စာများ ပို့ထားခြင်းများရှိ‌သော်လည်း အချို့အဖွဲ့များမှာ အလုပ်လုပ်ချိန်နှင့် တိုက်ဆိုင်သဖြင့် သက်ဆိုင်ရာ အဖွဲ့‌ခေါင်း‌ဆောင် ခွင့်ပြု ချက်ရမှသာ ‌ဖြေကြားရသည့်အတွက် အခက်အခဲရှိသည်ဟု ‌ပြောဆိုသည်။

လက်ရှိ စတင်‌ကောက်ခံလျှက်ရှိသည့် ပြည်လုံးကျွတ် သန်း‌ခေါင်စာရင်းကို မတ် ၃ဝမှ ဧပြီ ၁ဝရက်‌နေ့အထိ ‌ကောက်ယူမည်ဖြစ် ပြီး စ‌ကောက်သည့်‌နေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ‌ကောက်ကွက်တိုင်းကို အိမ်‌ခြေ ၁ဝလုံးသာ စတင်‌ကောက်ယူမည်ဟု သိရ သည်။