စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ-ALP ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်)
မေး ။ ။ အခုတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးကို အရမ်းကို နီးစပ်နေပါပြီး။ အဲ့ဒီအပေါ်မှာ ALP ရဲ့ သဘောထား ဘယ်လိုရှိ တယ်ဆိုတာ ပြောပြပေးပါ။
ဖြေ ။ ။ တစ်ပြည်လုံးအပစ်အခတ်ရပ်စဲရေးဟာ ဆိုလို့ရှိရင် အင်မတန်မှ အရေးကြီးတဲ့ကိစ္စဖြစ်တယ်၊ အဲ့လို အရေးကြီးတဲ့ကိစ္စ ကို ကျမတို့ လက်နက်ကိုင်အဖွဲ့တွေက တစ်ပြိုင်ထဲ လက်မှတ်ထိုးနိုင်ဖို့ဟာ အင်မတန်မှ အရေးကြီးပါတယ်လို့ မြင်ပါတယ်။ အဲ့ဒါ ကြောင့်မို့လို ့တစ်ဖွဲ့စီတစ်ဖွဲ့စီ သွားရောက်ပြီးတော့ အစိုးရနဲ ့လက်မှတ်ထိုးဖို့ဆိုတာထက် အားလုံးစုပေါင်းပြီးတော့မှ အားလုံး စုပေါင်းပြီးတော့ လက်မှတ်ထိုးဖို့ သဘောတူချက်ကို အခုအားလုံးစုပြီးတော့ ရေးဆွဲနေကြတာ ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိအစိုးရရဲ ့တစ်ပြည်လုံးဆိုင်ရာအပစ်ရပ်ရေးမူကြမ်းပေါ့နော်။ ဒီဘက်က NCCT ရေးဆွဲတဲ့မူကြမ်းဟာဆိုလို့ရှိရင် ကြီးကြီးမားမားဆွေးနွေးရမှာ ဘာတွေများရှိသလဲ။
ဖြေ။ ။ အကြမ်းဖျင်းကတော့ ကျမတို့ဘက်က အရှည် သတ်မှတ်ချက်တွေလည်း အရေးကြီးပါတယ်။ ပြီးရင် တစ်ဖက်နဲ့တစ် ဖက် ပြောတာကတော့ open book ဖွင့်ထားမယ်၊ ကျမတို ့ကတော့ open book ဆိုရင်ညီညွတ်ရေးကို ပျက်ပြားစေတယ် ဆိုပြီး တော့မှ ယုံကြည်တာပေါ့။ ဒီတစ်ပြည်လုံးအပစ်ရပ်ရေး သဘောတူချက် လက်မှတ်ထိုးပြီးတဲ့နောက်မှာလည်းပဲ ကျမတို့ရဲ့ အသံ တစ်သံထဲထွက်မှ ကျမတို့ရဲ ့အနာဂတ်၊ ကျမတို့တိုင်းပြည်ရဲ ့ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်တဲ့အခါမှာ ခိုင်မာတဲ့အ ချက်တွေကို ရရှိလာဖို့ဖြစ်တယ်။ ပြီးလို့ရှိရင် တစ်ခါတည်း လက်မှတ်ထိုးပြီး အစိုးရနဲ ့ကျမတို့နဲ့ ပူးတွဲပြီးတော့မှ ငြိမ်းချမ်းရေးကို ဘယ်လိုခေါင်းဆောင်သွားရမလဲဆိုတာကို နှစ်ဖက်ခေါင်းဆောင်တွေပါတဲ့ သမ္မတအထိ၊ ဒီဘက်ကဆိုလည်း ထိပ်ပိုင်းလက်နက် ကိုင်တော်လှန်ရေးက ခေါင်းဆောင်တွေပါဝင်တာကို ကျမတို့က Joint committee ပူးတွဲကော်မတီတွေဖွဲ့ရမယ်။ နိုင်ငံရေးမှာ လည်း နိုင်ငံရေးဆွေးနွေးပြီး လက်မှတ်ထိုးကြတယ်၊ ပြီးလို့ရှိရင် ပျက်ပျယ်သွားကြတဲ့ သာဓကတွေရှိခဲ့ကြတယ်။ အဲ့လိုမျိုး မဖြစ်ရ အောင် ကျမတို့က ကိုယ်လက်မှတ်ထိုးလိုက်တဲ့အချက်ဟာ အင်မတန်မှ ခိုင်မြဲပြီးတော့ အနာဂတ်တစ်ချိန်ချိန်မှာ ကျမတို့ တိုင်းရင်းသားတွေအားလုံး လိုလားနေတဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ အမှန်တစ်ကယ် တည်ဆောက်လိုတဲ့ ဖက်ဒရယ်ပြည်ထောင်စု အရေးကို ကျမတို့သွားရမှာမို့လို့ ကျမတို့က Joint monitoring committee ဆက်လက်ပြီးတော့ ဖွဲ့စည်းပြီးတော့မှ စောင့်ကြည့် ထိန်းသိမ်းသွားရမှာလည်း ရှိပါတယ်။ အဲ့ဒါတွေကဆိုရင် အင်မတန်အရေးကြီးတဲ့ ကိစ္စရပ်တွေဖြစ်ပါတယ်။
မေး – နောက်တစ်ချက်က တနိုင်ငံလုုံး အပစ်အခတ်ရပ်စဲရေး ရှေ့တစ်လှမ်း တက်လှမ်းနိုင်ပြီးဆိုရင် နိုင်ငံရေးဆွေးနွေးတဲ့ပုံစံကို ဘယ်လိုမျိုးလုပ်သွားသင့်တယ်လို့ မြင်ပါသလဲ။
ဖြေ – ကျမတို့က အခု တစ်ပြည်လုံး အပစ်အခပ်ရပ်စဲရေး သဘောတူညီချက်စာချုပ်မှာ ကျမတို့ လက်မှတ်ထိုးပြီးရင် တစ်လ အတွင်းမှာ နိုင်ငံရေးဆွေးနွေးမှုကို စတင်မလား၊ ရက် ၆ဝအတွင်းမှာစတင်မလား၊ ကျမတို့ လက်မှတ်ထိုးထားပြီးလည်း အကုန် လုံး ငြိမ်းချမ်းရေးရပြီးလို့ ပြောလို့မရသေးဘူး။ ဒါကြောင့်မို့ ကျမတို့က နိုင်ငံရေးစကားတွေကို နိုင်ငံရေးမူဘောင်ထဲက ဆွေးနွေးဖို့ အတွက် Frame work ခေါ် Political Dialogue ၊ နိုင်ငံရေးမူဘောင် ဆွေးနွေးမှုတွေကိုလည်း မရှေးမနှောင်းမှာပဲ အမြန်ဆုံး စတင် ဆောင်ရွက်သွားဖို့ လိုပါတယ်။ ဒါဟာဆိုလို့ရှိရင် ကျမတို့ တိုင်းရင်သားတွေအားလုံးအတွက် အရေးကြီးပါတယ်လို့ ကျမ ပြောချင်ပါတယ်။
မေး – ပြည်တွင်းစစ်ကလည်း နိုင်ငံထဲမှာ နှစ်ပေါင်း ၆၀ကျော်ကြာခဲ့ပြီးပေါ့နော်။ ဒီအခု လက်ရှိအပြောင်းအလဲကာလမှာတော့ မတူတာလေးတွေ ရှိနေတာမို့ ဒီအနေအထားပေါ်မှာဆိုရင် စစ်မှန်တဲ့ငြိ်မ်းချမ်းရေးရဖို့အထိ ဘယ်လိုမျှော်လင့်ထားပါသလဲ။
ဖြေ – နှစ်ပေါင်း ၆၀ကျော်ကြာလာပြီးတဲ့ ပြည်တွင်းစစ်ရဲ ့အနေအထားကို ရပ်စဲပြီးတော့မှ ငြိမ်းချမ်းရေးကို ချီတက်တဲ့အခါမှာ တစ်ခါတည်း တစ်ပြိုင်ထဲ အားလုံးပြီးပြည့်စုံတဲ့ အနေအထားဖြစ်ဖို့ဆိုတာမျိုးကတော့ စဉ်းစားလို့ မှန်းလို့ မလွယ်ကူဘူး။ ဒါက ကျမတစ်ယောက်ထဲ အမြင်ဖြစ်ပါတယ်။ တစ်ဆင့်စီတစ်ဆင့်စီ တဖြည်းဖြည်း ဖြေရှင်းသွားပြီးတော့မှ ကျမတို့ ငြိမ်းချမ်းရေး ရည်မှန်းချက်ကို သွားရလိမ့်မယ်လို့ ထင်ပါတယ်။ လွယ်ကူတဲ့လုပ်ငန်းတော့ မဟုတ်ပါဘူး၊ အနည်းဆုံး သုံးနှစ်ကနေ ငါးနှစ်အ တွင်းမှာ ရှောရှောရှူရှူ ဖြစ်လာနိုင်မယ်ဆိုရင်တော့ ကောင်းတယ်လို့ထင်တယ်။ အဲဒီထက် သေချာနိုင်တဲ့ ငြိမ်းချမ်းရေးတစ်ခုကို သာ အစိုးရက တစ်ကယ် စိတ်ကောင်းစေတနာကောင်းနဲ့ ဖော်ဆောင်နိုင်မယ်ဆိုရင်လည်း အများကြီး ကြိုဆိုရမှာဖြစ်ပါတယ်။
မေး – ဒီလို အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ဘယ်လို ဖြည့်စွက်ပြောဆိုချင်တာများ ရှိပါသလဲ။
အခု ဆွေးနွေးပွဲမှာဆို အမျိုးသမီးတွေပါဝင်ဖို့ ကျမအနေနဲ ့အမြဲတိုက်တွန်းပါတယ်။ ဥပမာ အခမ်းအနားကို ခေါင်းဆောင်တဲ့ အနေအထားမှာ အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ပေါ့နော်။ ပြီးလို့ရှိရင် တိုင်းရင်းသားအဖွဲ့အစည်းတွေကြားမှာ အမျိုးသမီးတွေကို ထိုက်ထိုက်တန်တန် နေရာပေးပြီးတော့ ပါဝင်လာဖို့ တိုက်တွန်းလာတာ ၁၆နှစ်လောက်ရှိပြီးဖြစ်တယ်။ ဒါပေမဲ့ ကျမတို့ လိုချင်တဲ့ အတိုင်းအတာထိတော့ အခုထိ မရောက်သေးဘူး။ အဲ့ဒါကို စိတ်နေသဘောထားအရ ဖိုမ၊ လိင်ပိုင်းဆိုင်ရာခွဲခြားမှုကို မကြည့်ဘဲ နဲ့ အနစ်နာခံမှု၊ ကြိုးစားမှု၊ လုပ်ဆောင်နိုင်တဲ့စွမ်းရည် အဲဒါတွေအပေါ် ကြည့်ပြီးတော့မှ အမျိုးသမီးတွေကို နေရာပေးဖို့အတွက် ကျမက အချိန်မရွေး တိုက်တွန်းနေဆဲ ဖြစ်ပါတယ်။
ရဲဘော်သံခဲ (ဥက္ကဌ – ဗမာပြည်ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF)
ကျနော့်ဘဝ အတွေ့အကြုံအရ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး အပါအဝင် နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ပြင်ဆင်တဲ့ ဆွေးနွေးပွဲကြီးတစ်ခုကို ၂၅နှစ်တော်လှန်ရေးသက်တမ်းမှာ ကျနော် ပထမဆုံး တက်ခဲ့ရပါတယ်။ ဒီအစည်းအဝေးပွဲကြီးရဲ့ ထူးခြားချက်ကတော့ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး ပြဿနာတွေ၊ ပြည်တွင်းစစ်ပြဿနာတွေ အဲ့ဒီရဲ့ အခြေခံပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ အကောင်းဆုံးအဖြေရှာနိုင်ဖို့ ဆွေးနွေး ကြတဲ့ပွဲလို့ဆိုရင် ဖြစ်တယ်။ အားလုံးရဲ့ရင်ထဲမှာ ပြည်သူလူထုလိုချင်တဲ့ ငြိမ်းချမ်းရေး၊ ပြည်သူလူထု လိုချင်တဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ဟာ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ သံဓိဋ္ဌာန်ကို တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ရင်ထဲမှာတွေ့ရ တာ အားလုံးအတွက် ပထမဆုံး ဝမ်းသာစရာတစ်ခုပါ။
ဒီနေရာမှာ အဓိကအားဖြင့် အချက်နှစ်ချက်ကို တွေ့တယ်။ နံပါတ်တစ်က တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကို အတူတကွ လုပ်ဆောင်ကြတယ်။ အပစ်အခတ်ရပ်စဲရေးတင် မလုံလောက်ဘူး။ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းချင်တယ်ဆိုရင် တစ်ဖွဲ့တည်းနဲ့ ရှင်းလို့မရဘူး။ ကရင့်အရေးကို ကရင့်တစ်ဖွဲ့တည်းနဲ့ ရှင်းဖို့၊ ကချင့်အရေးကို ကချင်တစ်ဖွဲ့ တည်းနဲ့ရှင်းဖို့ ဖြစ်နိုင်တဲ့ အနေအထားမျိုး မဟုတ်တော့ဘူး။ ဒီပြဿနာတွေဟာ အားလုံးစုဆုံပြီးတော့ ရှင်းကြမှရမယ်ဆိုတဲ့ သံဓိ ဋ္ဌာန်ကို ကျနော်တို့တွေ့ပါတယ်။ အဲ့ဒီနှစ်ချက်ဟာ အဓိကရလဒ်လို့ ကျနော်ထင်တယ်။ ဒီနေ့ တိုင်းပြည်ကို ပြန်လည်စုဖွဲ့တည် ဆောက်ကြမယ်။ နောက်တစ်ခုကတော့ ပြည်သူလူထုအတွက် ဒီမိုကရေစီအရေး၊ ဖယ်ဒရယ်အရေး အားလုံးကြိုးပမ်းမှရမယ်ဆို တော့ ပိုမိုခိုင်မာတဲ့ သံဓိဋ္ဌာန်တွေရရှိတာဟာ အမြတ်တစ်ခုပါပဲ။
နောက်တစ်ခု ကျနော့်နားလည်ချက်က ကျနော်တို့အားလုံးရဲ့ စဉ်းစားချက်တွေဟာ အပစ်အခတ်ရပ်စဲရေးတင် မဟုတ်ဘူး။ နိုင်ငံ ရေးပြဿနာဖြေရှင်းရေးအတွက်၊ တိုင်းပြည်အတွက်ကို ရှေ့ရှုပြီး ဆွေးနွေးကြတယ်။ ဆွေးနွေးပြီး ပြင်ဆင်မှုတွေ လုပ်ကြတယ်။ ပြင်ဆင်မှုမူကြမ်းပဲပြောပြော၊ ကျနော်တို့အားလုံး သဘောတူညီချက်ပဲပြောပြော ဒီတစ်ခုတော့ ထွက်လာတယ်။ ကျနော်တို့အား လုံးဖက်ကတော့ အကောင်းဆုံးပြင်ဆင်တယ်။ ဒါပေမဲ့ ကျနော့်ရဲ့ စိုးရိမ်ချက်က ကျနော်တို့ ဘယ်လောက်ပဲပြင်ဆင်ဆင် တဖက် က အာဏာရှိနေတဲ့ အစိုးရ၊ ဆုံးဖြတ်ပိုင်ခွင့်မှာ တကယ်ကို ထည့်သွင်းစဉ်းစားရမဲ့ စစ်တပ်၊ ဒီဟာတွေရဲ့ တုံ့ပြန်မှုတွေဟာ ဘယ် လိုလာမယ်ဆိုတာ ကျနော်တို့အခုချိန်ထိ မသိသေးပါဘူး။ ကျနော်တို့ ပြင်ဆင်မှုကတော့ ပြည်သူလိုလားတဲ့ ငြိမ်းချမ်းရေးအ တွက်၊ နိုင်ငံရေးပြဿနာတွေအတွက် ပြင်ဆင်ပြီးပြီ။ ကျနော်ကတော့ ဒီတောင်းဆိုချက်တွေဟာ တရားမျှတတယ်။ ကျနော်တို့ အားလုံးယူဆတဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေထွက်နိုင်မယ့် ဖြေရှင်းမှုပုံစံတွေပါတယ်။ ဒီဟာကို တာဝန်ရှိတဲ့လူကိုယ်တိုင်က သေသေချာချာ လက်ခံပေးဖို့ပဲ။ နောက်တစ်ချက်ကတော့ လူထုရဲ့ ထောက်ခံပါဝင်မှုလိုပါတယ်။ ပြည်သူလူထု၊ တိုင်းရင်းသား အားလုံးရဲ့ ဒီနေ့စာချုပ်မှာ ရေးဆွဲထားတဲ့မူကြမ်းတွေဟာ အားလုံး ငြိမ်းချမ်းရေးအတွက် ရှေ့ရှုတယ်ဆိုတဲ့အတွေးတွေဟာ ဒီနေ့ ကျနော်တို့ရှေ့ဆက်ပြီးလုပ်မယ့်အလုပ်တွေအတွက် အင်မတန်မှအရေးကြီးတဲ့အားတစ်ခုလို့ထင်တယ်။ ဒီအားတစ်ခုအတွက် ကျနော်တို့အလုပ်တွေ အများကြီးလုပ်ဖို့လိုတယ်။ ပထမတစ်ဆင့်ကတော့ သဘောတူညီချက်ကို အစိုးရနဲ့ ညှိနှိုင်းရပါမယ်။ ဒီနေရာမှာ သဘောတူညီချက်မှာပါတဲ့ အချက်အလက်တွေကို ကျနော်တို့ ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်းတင်ပြဖို့ လိုပါ တယ်။ ဒါတွေဟာ ကျနော်တို့အားလုံး အာဃာတတွေနဲ့ဆွဲခဲ့ကြတာ မဟုတ်ဘူး။ တိုင်းပြည်အကျိုးအတွက် ရေးဆွဲခဲ့ကြတာ ဖြစ် တယ်။ အထူးသဖြင့် တိုင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့အကြောင်းအရာတွေကို ဆွေးနွေးနေတာ ဖြစ်တယ်။ တစ်ဦး နဲ့တစ်ဦး အမုန်းပွားဖို့၊ တဖက်နဲ့တဖက် ရန်လိုမုန်းတီးဖို့ ဆွေးနွေးနေကြတာမဟုတ်ဘူး။ အကြောင်းအရာကို ဆွေးနွေးနေကြတာ ဖြစ်တယ်။
ဒုတိယတစ်ချက်ကတော့ ညှိနှိုင်းဆွေးနွေးတဲ့အခါ အကြောင်းအရာတွေကို သူ့ဖက်ကိုယ့်ဖက် မတူညီတဲ့အမြင်တွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါ ဆွေးနွေးပွဲရဲ့သဘာဝပါ။ ကျနော်တို့လိုချင်တဲ့ပုံစံက ဒီမိုကရေစီအရေး အပြည့်အဝရချင်ကြတယ်။ ကျနော်တို့ တိုင်းပြည်မှာ လူ့အခွင့်အရေး အပြည့်အဝ ရချင်ကြတယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားတွေ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် ရချင်ကြတယ်။ ဒါဟာ အားလုံးလိုချင်တဲ့ အချက်အလက်ပဲ။ အဲဒါတွေအတွက် ကျနော်တို့က ဆွေးနွေးတဲ့နည်းလမ်းနဲ့ အဖြေရှာတာဖြစ်တယ်။ ဒါကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားဖို့လိုတယ်။ တဖက်ကလည်း ကျနော်တို့တောင်းဆိုနေတဲ့ ဒီမိုကရေစီအ ရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားတွေရဲ့ တန်းတူရေးဆိုတာဟာ အနာဂတ် ပြည်သူလူထုအားလုံးရဲ့အကျိုး၊ တပ်မတော်အကျိုး လည်းပါတယ်။ နောက်တစ်ခု ပြည်သူ့ဝန်ထမ်းအကျိုး၊ အလုပ်သမား၊ လယ်သမား၊ တိုင်းရင်းသားတွေအားလုံး အကျိုးဆိုတာကို မြင်ထားဖို့ လိုပါတယ်။ ဒီလိုမျိုး ဆွေးနွေးနိုင်မယ်ဆိုရင် ကိုယ့်စိတ်ထဲမှာရှိတဲ့၊ ကိုယ်ဖြစ်ချင်တဲ့၊ ကိုယ်ဖြစ်လိုတဲ့ဟာတွေကို ဒီလို မျိုးနည်းလမ်းတွေ ပွင့်ပွင့်လင်းလင်း၊ ရှင်းရှင်းလင်းလင်းနဲ့ ညှိနှိုင်းနိုင်မယ်ဆိုရင် ရန်ဖက်အသွင် ညှိနှိုင်းတာမျိုးမဟုတ်ဘဲနဲ့ တိုင်း ပြည်ကို တည်ဆောက်တဲ့ မိတ်ဖက်အသွင် ညှိနှိုင်းမှုပုံစံမျိုးက ဖြစ်နေစေရမယ်လို့ပဲ ကျနော် ယူဆပါတယ်။