Home သတင်း ဆာသူး‌လေ‌ကျောင်း၏ ၂၀၁၃-၁၄ ပညာသင်နှစ် ‌ကျောင်းဆင်းပွဲ ကျင်းပပြီးစီး

ဆာသူး‌လေ‌ကျောင်း၏ ၂၀၁၃-၁၄ ပညာသင်နှစ် ‌ကျောင်းဆင်းပွဲ ကျင်းပပြီးစီး

1827

မတ် ၂၅ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းတစ်‌ကျောင်းဖြစ်‌သော ဆာသူး‌လေ အထက်တန်း‌ကျောင်း၏ ၂၀၁၃-၁၄ပညာသင်နှစ် ‌ကျောင်းဆင်းပွဲ အခမ်းအနားကို ယ‌နေ့နံနက် ထိုင်းစံ‌တော်ချိန် နံနက် ၉နာရီမှ ၁၁နာရီခွဲအထိ ကျင်းပ ပြီးစီးခဲ့သည်။

၎င်း‌ကျောင်းဆင်းပွဲ အခမ်းအနားတွင် မဲ‌ဆောက်အ‌ခြေစိုက် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ပညာ‌ရေး‌ကော်မတီ (BMWEC)မှ တာဝန်ရှိသူများ၊ ထိုင်းပညာ‌ရေးဌာနမှ တာဝန်ရှိသူများ၊ ‌ကျောင်းသားမိဘများ၊ ဆာသူး‌လေ အထက်တန်း‌ကျောင်းမှ ‌ကျောင်း ဆရာ၊ ဆရာမများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ အပါအဝင် လူဦး‌ရေ‌ပေါင်း ၄၀ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

ဆာသူး‌လေ အထက်တန်း‌ကျောင်း၏ သက်တမ်းရင့်‌ကျောင်းဆရာတစ်ဦးဖြစ်သူ ‌စော‌ဂေ‌နေ့မူးက “အခက်အခဲ အမျိုးမျိုးကြားက ဒီအတိုင်းအတာအထိ ကျင်းပနိုင်တာ ဝမ်းသာအားရမိပါတယ်။ ကျ‌နော်တို့‌တွေ အခက်အခဲကိုပဲ မစဉ်းစားဘဲနဲ့ က‌လေး‌တွေရဲ့ ပညာ‌ရေးအတွက် လုပ်စရာရှိတာ ဆက်လက် လုပ်‌ဆောင်သွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ဆာသူး‌လေအထက်တန်း‌ကျောင်းတွင် ပညာသင်ယူမှု ပြီးဆုံးသွားကြသည့် ‌ကျောင်းသူ‌ကျောင်းသားများအ‌နေဖြင့်လည်း လက်ရှိအ‌ခြေအ‌နေထက် ပို၍ကြိုးစားကာ မိမိ‌မျှော်မှန်းထားသည့်ပန်းတိုင်သို့ ‌ရောက်‌အောင်‌လျှောက်လှမ်းကြရန် တိုက်တွန်းလို ‌ကြောင်း ‌စော‌ဂေ‌နေ့မူးက ဆက်လက် ‌ပြောကြားသည်။
???????????????????????????????

‌ကျောင်း၏ အစဉ်အလာအရ မူကြို၊ ဆယ်တန်းနှင့် ဆယ့်နှစ်တန်း ‌အောင်မြင်သွားသည့် ‌ကျောင်းသူ‌ကျောင်းသားများကိုသာ ယ‌နေ့ အခမ်းအနားတွင် ဂုဏ်ပြုလက်မှတ်များ ‌ပေးအပ်ခဲ့ကြပြီး မြန်မာ‌ရွှေ့‌ပြောင်းပညာ‌ရေးဆိုင်ရာ တာဝန်ရှိသူများမှ အမှာစကား ‌ပြောကြားခြင်း၊ ထူးချွန်သည့် ‌ကျောင်းသူ‌ကျောင်းသားများအား ဂုဏ်ပြုဆုနှင့် လက်‌ဆောင်ပစ္စည်း‌ပေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

ယခုနှစ်တွင် ၁၂တန်း‌အောင်မြင်ခဲ့သူ ‌နော်ရိုစီ‌ကျော်က “ဒီ‌နေ့ သမီး အရမ်း‌ပျော်ပါတယ်။ ဒီ‌ပျော်ရွှင်မှုနဲ့ပဲ မပြီး‌သေးပါဘူး။ ‌နောက် နှစ်ကျရင် ဒီ(ဆာသူး‌လေ)‌ကျောင်းရဲ့ ‌ထောက်ပံ့မှုအစီအစဉ်နဲ့ သမီး ရန်ကုန်ကို ‌ကျောင်းဆက်တက်သွားမယ်။ သူငယ်ချင်း‌တွေ ကိုလည်း ကိုယ့်ရည်ရွယ်ချက်အတွက် ဆက်လက် ကြိုးစားပါလို့ ‌ပြောချင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ်အတွင်း ဆာသူး‌လေ‌ကျောင်းတွင် ‌ကျောင်းသူ‌ကျောင်းသားဦး‌ရေ စုစု‌ပေါင်း ၈၁ဝဦးရှိပြီး ၎င်းတို့မှာ ထိုင်း၊ မြန်မာ၊ အဂင်္လိပ်၊ သချင်္ာ၊ သိပ္ပံ၊ ကရင်နှင့် ပထဝီ စသည့်ဘာသာရပ်များ အပါအဝင် စုစု‌ပေါင်း ဘာသာရပ် (၈)ဘာသာဖြင့် သင် ကြားပို့ချ‌ပေးလျှက်ရှိသည်။

ဆာသူး‌လေ‌ကျောင်းသည် အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ‌ကျောင်းမတက်နိုင်သည့် မြန်မာ‌ရွှေ့‌ပြောင်းက‌လေးများနှင့် မြန်မာပြည်အ ‌ရှေ့ဘက်ခြမ်း အထူးသဖြင့် ကရင်‌ဒေသအတွင်း ထွက်‌ပြေးပုန်း‌ရှောင်‌နေရသည့် ဋ္ဌာ‌နေမဲ့ ကရင်က‌လေးငယ်များ ပညာသင်ကြား နိုင်ရန် ရည်ရွယ်ပြီး ၁၉၉၉ခုနှစ်တွင် မဲ‌ဆောက်မြို့၌ စတင် ဖွင့်လှစ်ခဲ့သည်။