Home သတင်း ကရင်အမျိုးသားပါတီကို လာမည့် ‌မေလတွင် တရားဝင်မှတ်ပုံတင်ရန် စီစဉ်ထား

ကရင်အမျိုးသားပါတီကို လာမည့် ‌မေလတွင် တရားဝင်မှတ်ပုံတင်ရန် စီစဉ်ထား

1624

မတ် ၅ရက်၊ ၂၀၁၄ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားပါတီ(KNP)က လာမည့် ‌မေလတွင် တရားဝင်ပါတီအဖြစ် ရပ်တည်နိုင်‌ရေးအတွက် သက်ဆိုင် ရာသို့ မှတ်ပုံတင်ရန် စီစဉ်ထား‌ကြောင်း ပါတီဖြစ်‌မြောက်‌ရေး ဦး‌ဆောင်စီစဉ်‌နေသူတစ်ဦးဖြစ်သည့် မန်းမင်းရဲ‌ထွေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပါတီတခုတည်‌ထောင်တဲ့အခါ ကိုယ့်‌နောက်မှာ အင်အားဘယ်‌လောက်ရှိလဲဆိုတာ အ‌ရေးပါတယ်။ ဒါ‌ကြောင့် လှည့်လည်စည်းရုံးမှု‌တွေလုပ်‌နေတယ်၊ ပါတီ‌အောက်‌ခြေပိုင်းက‌နေပြီး‌တော့ ဗဟိုအဆင့်ထိ လူမှန်‌နေရာမှန်ဖြစ် ဖို့ လဲအချိန်ယူသွားရမယ်။ ဒါ‌ကြောင့် လာမယ့် ‌မေလမှာ ပါတီ CEC ဖွဲ့ပြီး‌တော့ တရားဝင်မှတ်ပုံတင်ဖို့ စီစဉ် ထားတယ်။ မပြည့်စုံ‌သေးရင်‌တော့ ‌ရွှေ့ဆိုင်းသွားဖို ့ရှိတယ်”ဟု မန်းမင်းရဲ‌ထွေးက ‌ပြောဆိုသည်။

လက်ရှိတွင် ပါတီတည်‌ထောင်ရန်အတွက် လူထု‌တွေ့ဆုံပွဲများပြုလုပ်လျှက်ရှိပြီး မတ်နှင့် ဧပြီလအတွင်း ဧရာဝတီ တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် အချို့သို့ စည်းရုံး‌ရေးသွား‌ရောက်လုပ်‌ဆောင်ရန် စီစဉ်ထား‌ကြောင်း မန်းမင်းရဲ ‌ထွေးက ဖြည့်စွက်‌ပြောဆိုသည်။

ထို့အပြင် ပါတီဖြစ်‌မြောက်‌ရေး‌ကော်မတီကို ကနဦး ၁၄ ဦးဖြင့်ဖွဲ့စည်းထားရာမှ ပြီးခဲ့သည့် မတ် ၁ ရက်‌နေ့တွင် ဧရာဝတီတိုင်း‌ဒေသကြီး၊ အိမ်မဲမြို့နယ်၊ ကျုံပဒီ‌ကျေးရွာ၌ လူထု‌တွေ ့ဆုံပွဲကျင်းပကာ အခမ်းအနားသို့ ဧရာဝတီ နှင့် ရန်ကုန်တိုင်း‌ဒေသကြီးတို့မှ နိုင်ငံ‌ရေးစိတ်ဝင်စားသူ ၂၀ဝ ဦး‌ကျော်တတ်‌ရောက်ခဲ့ပြီး ပန်းတ‌နော်၊ အိမ်မဲ၊ ဝါးခယ်မ၊ ‌ညောင်တုန်း၊ ‌ကျောင်းကုန်း၊ ‌မြောင်းမြ၊ ပုသိမ်နှင့် ရန်ကုန်တိုင်း‌ဒေသကြီး အတွင်းရှိ တွံ‌တေး၊ ‌ကော့မှူး၊ ကွန်းခြံကုန်း၊ ‌မှော်ဘီ စသည့်မြို့နယ်တို့ရှိ တစ်မြို့နယ်လျှင် ကိုယ်စားလှယ် နှစ်ဦးနှုန်းဖြင့် ‌ကော်မတီဝင် ၂၂ ဦးထိ တိုးချဲ့ဖွဲ့စည်းခဲ့သည်။

ယင်းဖြစ်‌မြောက်‌ရေး‌ကော်မတီအ‌နေဖြင့် လာမည့် ဧပြီလဆန်းပိုင်းတွင် ဝါးခယ်မမြို့နယ်၌ လူထု‌တွေ့ဆုံပွဲ တစ်ရပ်ကို ထပ်မံကျင်းပသွားရှိပြီး ပါတီအလံ၊ အမှတ်တံဆိပ်နှင့် ပါတီမူဝါဒပိုင်းတို့ကို ‌ဆွေး‌နွေးအတည်ပြုရန် စီစဉ်ထား‌ကြောင်းလည်း ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင် မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

အဆိုပါတီကို ကရင်အမျိုးသား တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်ခွင့်ရ‌ရေး၊ အခြားတိုင်းရင်းသားများနှင့်လက်တွဲကာ စစ်မှန်သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်‌ထောင်စု ‌ပေါ်ထွန်းလာ‌စေ‌ရေး၊ ကရင်လူထုနစ်နာဆုံးရှုံးမှုများကို ကာကွယ်‌ပေးပြီး ရပိုင်ခွင့်များ ‌တောင်ဆို‌ရေး စသည့်ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခြင်းဖြစ်‌ကြောင်း ဦး‌ဆောင် စီစဉ်သူများက ဆိုသည်။
လက်ရှိ အမျိုးသားပါတီသည် ရန်ကုန်၊ ပန်းတ‌နော်၊ ‌ကျောင်းကုန်းနှင့် အိမ်မဲ မြို့နယ်တို့တွင် ပါတီဖြစ်‌မြောက် ‌ရေး‌ကော်မတီအစည်းအ‌ဝေးနှင့် လူထု‌တွေဆုံပွဲများ ကျင်းပခဲ့ပြီဖြစ်‌ကြောင်း သိရသည်။