Home သတင်း ‌ကေအဲန်ယူ တရား‌ရေးနှင့် ရဲသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

‌ကေအဲန်ယူ တရား‌ရေးနှင့် ရဲသင်တန်းဆင်းပွဲ ကျင်းပပြီးစီး

1785

‌ဖေ‌ဖော်ဝါရီ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး

ကရင်အမျိုးသားအစည်းအရုံး(KNU)ရှိ ‌ကော်သူး‌လေ ရဲတပ်ဖွဲ့ဝင်များအ‌နေဖြင့် တရားဥပ‌ဒေစိုးမိုး‌ရေး၊ ပြည်သူပြည်သားများ ငြိမ်း ချမ်းစွာ ‌နေထိုင်‌ရေးကို လုပ်ကိုင်‌ဆောင်ရွက်တတ်ရန် ရည်ရွယ်ပြုလုပ်ခဲ့သည့် ရက်သတ္တနှစ်ပတ်ကြာ တရား‌ရေးနှင့် ရဲသင်တန်း ဆင်းပွဲကို ‌ဖေ‌ဖေါ်ဝါရီ ၂၁ရက်‌နေ့က ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ‌ကေအဲန်ယူထိန်းချုပ်နယ်‌မြေ ‌လေးဝါးစခန်း၌ ကျင်းပပြီးစီး ခဲ့သည်။

သင်တန်းကို ‌ကေအဲန်ယူ ဗဟို ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနက ဦး‌ဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ၎င်းတာဝန်ခံ ပဒို‌စောအားတိုး က “အခုပြီးသွားတဲ့ ဒီသင်တန်းအ‌ပေါ် ကျ‌နော်တို့ ‌တော်‌တော်‌မျှော်လင့်တယ်။ ဘာ ဖြစ်လဲဆို‌တော့ ဒီသင်တန်းက ဒါပထမဆုံး ဖြစ်တယ်။ ‌နောက်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့‌တွေက အ‌တွေ့အကြုံ မရှိ‌သေးတဲ့အ‌ပေါ်မှာ ဒီသင်တန်းကို ဖွင့်လှစ်‌ပေးခြင်းအား ဖြင့် အဖွဲ့အစည်းနဲ့ လူထုအ‌ပေါ် အ‌ကောင်းဆုံး အကျိုးဖြစ်ထွန်း‌အောင် လုပ်‌ဆောင်နိုင်မယ်လို့ ယုံကြည်တယ်”ဟု ‌ပြောသည်။

ယခုသင်တန်းတွင် အထူးသဖြင့် ‌ကော်သူး‌လေ ရာဇဝတ်မှုကျင့်ထုံးဥပ‌ဒေ၊ ‌ကော်သူး‌လေ တရားဥပ‌ဒေကျင့်ထုံးဥပ‌ဒေ၊ ‌ကော်သူး ‌လေ ရာဇဝတ်ဥပ‌ဒေပုဒ်မများ၊ ပြုစားခြင်းဆိုင်ရာ အထူးအက်ဥပ‌ဒေနှင့် ရဲနှင့်မှုခင်းစုံစမ်းစစ်‌ဆေး‌ရေးလုပ်ငန်းများ စသည့်ဘာသာ ရပ် ၅မျိုးကို သင်ကြာပို့ချ‌ပေးခဲ့ခြင်းဖြစ်သည်။
DSC00620
သင်ကြားပို့ချရာတွင် ပါဝင်သူ ပဒို‌စော‌ဒေါ့‌လေးမူက “တရားစီရင်‌ရေးနှင့် မှုခင်းစုံစမ်း‌ဖော်ထုတ် စစ်‌ဆေးခြင်း‌တွေကို ပို့ချနိုင်ခဲ့ခြင်း အ‌ပေါ် ဝမ်းသာတယ်။ တက်‌ရောက်တဲ့ သင်တန်းသူ၊သင်တန်းသားများအ‌နေနဲ့ သက်ဆိုင်ရာ ‌နေရာ‌ဒေသပြန်‌ရောက်တဲ့အခါ ‌ကော်သူး‌လေဥပ‌ဒေကို အများပြည်သူ ‌လေးစားလိုက်နာခြင်းဖြင့် တရားဥပ‌ဒေစိုးမိုး‌ရေးရှိ‌အောင်၊ အမှုအခင်းဖြစ်လာခဲ့ရင် အမှား အယွင်းမရှိ ကိုင်တွယ်‌ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ‌ပြောသည်။

သင်တန်းသူတစ်ဦးဖြစ်သည့် ဖားအံခရိုင် အမှုလိုက်စုံစမ်းစစ်‌ဆေး‌ရေးဌာနမှ ဒုတပ်ကြပ်ကြီး ‌နော်ဂျက်စမင်းက“ဒီသင်တန်းက သင်ကြားခဲ့ရမှု‌တွေကို ကျမတို့အ‌နေနဲ့ ကျရာအခန်းကဏ္ဍက‌နေ လုပ်‌ဆောင်သွားမယ်။ ပြည်သူနဲ့ ကျမတို့လက်တွဲပြီး ပြဿနာ တိုင်းကို ‌ဖြေရှင်းလုပ်‌ဆောင်သွားရင်း ငြိမ်းချမ်းမှု‌တွေပိုများလာပြီး အ‌ကြောက်တရား‌တွေ ‌လျော့နည်းသွားမှာပါ”ဟု ဆိုသည်။

ထို‌နေ့ မွန်းလွဲ ၁နာရီမှ ည‌နေ ၄နာရီအထိ ပြုလုပ်ခဲ့‌သော ၎င်းသင်တန်းဆင်းပွဲသို့ ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို ‌စောကွယ်ထူးဝင်း အပါအဝင် ‌ကေအဲန်ယူ၏ ဌာနဆိုင်ရာ‌ခေါင်း‌ဆောင်များ၊ တပ်ဖက်ဆိုင်ရာ အကြီးအကဲများနှင့် သင်တန်းသူ သင်တန်းသားများ စုစု‌ပေါင်း ၁၀၀ဝန်းကျင် တက်‌ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက “ပို့ချသင်ကြား‌ပေးတဲ့ သင် တန်းကာလက တို‌တောင်း‌ပေမယ့် သင်တန်းတက်‌ရောက်သူ‌တွေအ‌နေနဲ့ တိုင်းပြည်အတွက် အမျိုးသား‌ရေးအတွက်နဲ့ အဖွဲ့အ စည်းအတွက် အကျိုးဖြစ်ထွန်း‌အောင် အ‌ကောင်းဆုံး အသုံးချလုပ်‌ဆောင်သွားနိုင်းလို့ ‌မျှော်လင့်တယ်”ဟု ‌ပြောကြားသွားသည်။

‌ဖေ‌ဖေါ်ဝါရီ ၁ဝရက်‌နေ့က စတင်ခဲ့သည့် ၎င်းသင်တန်းသို့ သက်ဆိုင်ရာ ‌ကေအဲန်ယူ တရား‌ရေး၊ ခရိုင်၇ခုမှ ရဲတပ်ဖွဲ့နှင့် ကရင်အ မျိုးသမီးအစည်းအရုံးတို့မှ သင်တန်းသူ သင်တန်းသား‌ပေါင်း ၈၆ဦးတက်‌ရောက်ခဲ့ကြပြီး သင်တန်းဆရာ ၈ဦးက ပို့ချ‌ပေးခဲ့သည်။