Home သတင်း ‌ကေအဲန်ယူဥက္ကဌ‌ဟောင်း၏ဇနီး ‌နော်‌ဖောက‌ဝေါ် ကွယ်လွန်

‌ကေအဲန်ယူဥက္ကဌ‌ဟောင်း၏ဇနီး ‌နော်‌ဖောက‌ဝေါ် ကွယ်လွန်

1501

‌ဖေ‌ဖော်ဝါရီ ၂၄ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၏ဇနီး ‌နော်‌ဖောက‌ဝေါ်သည် ယ‌နေ့ မနက် ၄နာရီ‌ကျော်တွင် ထိုင်းနိုင်ငံ၊ မဲ‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းမြို့ရှိ ‌နေအိမ်တွင် လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

“ဆုံးတာက‌တော့ ဒီမနက် ၄နာရီ မိနစ် ၂၀‌လောက်မှာပဲ။ အဖီးက ပြီးခဲ့တဲ့ ကြာသပ‌တေး‌နေ့ကတည်းက အဖျားတက်တယ်။ ‌ကျောကုန်းမှာ အနာစိမ်းကလည်း ‌ပေါက်တယ်‌လေ။ ဒီလိုပဲ သက်သာလိုက် အပူတက်လိုက်နဲ့ ဒီမနက်ကျ‌တော့ အဖျားက ၁၀၃ အထိတက်ပြီး တဖြည်းဖြည်းနဲ့ အသက်မျှင်းမျှင်းရှူရင်း ပက်လက်အ‌နေအထားနဲ့ ဆုံးသွားတာ။ အဖူးလည်း နည်းနည်း‌တော့ ခံစားရတာ‌ပေါ့”ဟု ‌နော်‌ဖောက‌ဝေါ်၏ သားတစ်ဦးဖြစ်သူ ‌စောပီးလစိန်က ဆိုသည်။

‌နော်‌ဖောက‌ဝေါ်သည် ကွယ်လွန်ချိန်တွင် အသက် ၉၅နှစ်ရှိပြီး သူမ၏ ဈာပနအခမ်းအနားကို ‌ဖေ‌ဖော်ဝါရီလ ၂၆ရက်‌နေ့တွင် မဲ့စ ရင်း‌နေအိမ်၌ပင် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သားဖြစ်သူက ဆက်လက်‌ပြောဆိုသည်။ သူမသည် ပဲခူးတိုင်း၊ ‌ရွှေကျင်မြို့ဇာတိဖြစ် ပြီး ၁၉၄၃ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့တွင် ‌စောတာမလာ‌ဘောနှင့် လက်ထပ်ခဲ့သည်။

‌နော်‌ဖောက‌ဝေါ်သည် ကရင့်‌တော်လှန်‌ရေး သက်တမ်းတစ်‌လျှောက် ‌ကျောင်းဆရာမအလုပ်ကို လုပ်‌ဆောင်ခဲ့ပြီး တစ်ဆက်တည်း ဘာသာ‌ရေးလုပ်ငန်းများတွင်လည်း ပါဝင်‌ဆောင်ရွက်ခဲ့သည်။ သူမ၏ သားသမီးများထဲမှ ဗိုလ်ချုပ်‌စောမဲ‌အေစိန်၊ ဗိုလ်ချုပ်‌စောပီး လစိန်နှင့် ပဒို‌နော်စီဖိုးရာစိန်တို့မှာ ‌ကေအဲန်ယူတွင် လက်ရှိ တာဝန်ထမ်း‌ဆောင်လျှက်ရှိကြပြီး ကျန်သားသမီးများမှာ နယ်စပ်အ ‌ခြေစိုက် ကရင်လူထုအ‌ခြေပြုအဖွဲ့များတွင် လုပ်ကိုင်‌နေကြသည်။

ကရင်ဒုက္ခသည်‌ကော်မတီ(‌ကေအာရ်စီ) တွဲဖက်အတွင်း‌ရေးမှူး ‌နော်ဘလူးမင်းနိုက်ဇန်က “အဖီးကို ကျမက ကရင့်‌တော်လှန်‌ရေး မိခင်တစ်ဦးလို့ သတ်မှတ်ထားတယ်။ သူမဟာ အ‌ပြောနဲ့မဟုတ်ဘဲ လက်‌တွေ့လုပ်‌ဆောင်ပြီး သားသမီး‌တွေကို အ‌ကောင်းဆုံး ဖြစ်‌အောင် ပြုစုပျိုး‌ထောင်ခဲ့တယ်။ သူဆုံးသွားတာ ကျမတို့အတွက်‌တော့ ဆုံးရှုံးမှုတစ်ခုပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာလ ၁၅ရက်‌နေ့က ‌နော်‌ဖောက‌ဝေါ်နှင့် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောတို့၏ မဂင်္လာ သက်တမ်းနှစ် ၇ဝပြည့် အခမ်းအနားကို မဲ့စရင်းမြို့‌နေအိမ်တွင် ကျင်းပနိုင်ခဲ့ပြီး ယခု သူမကွယ်လွန်ချိန်တွင် သားသမီး ၈ဦး ‌မြေး ၃၃ဦးနှင့် မြစ် ၃၇ဦး ကျန်ရစ်ခဲ့သည်။