Home သတင်း အသိမ်းခံ‌မြေ တစ်ဧက ၃သိန်းနှုန်း ပြန်ငှားရမ်းရန် မဖြစ်နိုင်‌ကြောင်း ‌မြေပိုင်ရှင်များ ‌ပြောဆို

အသိမ်းခံ‌မြေ တစ်ဧက ၃သိန်းနှုန်း ပြန်ငှားရမ်းရန် မဖြစ်နိုင်‌ကြောင်း ‌မြေပိုင်ရှင်များ ‌ပြောဆို

1880

‌ဖေ‌ဖော်ဝါရီ ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် အိန္ဒု‌ကျေးရွာအုပ်စုမှ ရွာ‌ပေါင်း(၄)ရွာမှ တပ်‌မြေအဖြစ် သိမ်းဆည်းထားခဲ့သည့် ‌မြေ‌နေရာများကို ပြန်လည်အ‌ခြေချလိုပါက တစ်ဧကလျှင် နှစ်စဉ် ငှားရမ်းခ ကျပ်‌ငွေ (၃)သိန်း ‌ပေး‌ဆောင်ရမည်ဟု မြန်မာအစိုးရစစ်တပ်က
သတ်မှတ်ထားခြင်းမှာ မဖြစ်သင့်‌ကြောင်း ‌ဒေသခံ‌မြေပိုင်ရှင်များက ‌ပြောဆိုသည်။

ဥယျာဉ်ခြံသိမ်းဆည်းခံရသူ ‌ချောင်းသာရွာသစ် ရွာသား‌စောသွိုက်က “စစ်တပ်က ဒီ‌မြေ‌တွေကို လာသိမ်းတုန်းက ဦးရဲ့အိမ်ကို ဖြို ဖျက်ခဲ့လို့ ညတွင်းချင်းမှာပဲ ‌ပြောင်း‌ပေးရတယ်။ ဦးတို့မိသားစုကို အတင်း‌မောင်းထုတ်ခဲ့တယ်။ ရွာသားအားလုံးလည်း မ‌နေရဲ ‌တော့ဘူး။ အခုမှ ကိုယ်ပိုင်တဲ့‌မြေကို ပြန်ငှားရမ်းရတယ်ဆို‌တော့ မဖြစ်သင့်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ကျေးရွာအုပ်စုရှိ ‌ရွှေပြည်‌တောင်၊ ‌ကော့ခမိတ်၊ ‌ချောင်းသာရွာသစ်နှင့် မုတ်တခွီးရွာများမှ ရွာသား ၉၅ဦး ပိုင်ဆိုင်သည့် လယ် ယာ‌မြေနှင့် ဥယျာဉ်ခြံ‌မြေ ဧက‌ပေါင်း ၅၀၀‌ကျော်ကို ပြီးခဲ့သည့် ၂၀၀၃ခုနှစ်က အစိုးရတပ် အမှတ် (၃၁၀) ‌ခြေလျင်တပ်ရင်း (ခလရ)မှ အဓမ္မသိမ်းဆည်းခဲ့ပြီး‌နောက် ယခုအချိန်တွင် ပြန်လည်‌နေထိုင်လိုသည့် ‌မြေပိုင်ရှင်များအား ငှားရမ်းသည့်ပုံစံဖြင့် ခွင့်ပြု ‌ပေး‌နေခြင်းဖြစ်သည်။

အဆိုပါ အသိမ်းခံရသည့် ‌မြေ‌နေရာများကို ‌ဖြေရှင်း‌ပေးနိုင်ရန်အတွက် ‌ဒေသခံ လယ်သမားများက သက်ဆိုင်ရာဌာနများသို့ အကြိမ်ကြိမ် အ‌ကြောင်းကြားစာ တင်ပြခဲ့‌သော်လည်း ‌ဖြေရှင်း‌ပေးခြင်းမရှိသည့်အပြင် ‌ဒေသခံမဟုတ်‌သော အခြားလုပ်ငန်းရှင် များအား မြန်မာအစိုးရစစ်တပ်က သီးစားချထားခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

ထို့အပြင် ၂၀၁၃ခုနှစ်၊ ‌အောက်တိုဘာ ၅ရက်‌နေ့၌ ‌ခြေလျင်တပ်ရင်း(ခလရ-၃၁၀)မှ ‌မြေယာ အသိမ်းဆည်းခံထားရသည့် ‌ဒေသခံ လယ်သမားများအား ၎င်းတို့၏ တပ်ရင်းရုံးသို့ ‌ခေါ်ယူကာ သိမ်းဆည်းထား‌သော ‌မြေများကို တပ်ပိုင်‌မြေများဖြစ်‌ကြောင်း အဓမ္မ လက်မှတ်‌ရေးထိုး‌စေခဲ့သည်ဟု လယ်သမားများက ‌ပြောဆိုသည်။

လယ်‌မြေသိမ်းဆည်းခံရသူ နန်းတူးက “စစ်တပ်က ကျမတို့ ရွာသား‌တွေကို‌ခေါ်တယ်။ စာရွက်လွတ်‌ပေါ်မှာပဲ လက်မှတ်ထိုးခိုင်းခဲ့ တယ်။ ကျမတို့က မထိုးရဲဘူး၊ တစ်ရက်ပြီးတစ်ရက် ‌ခေါ်တယ်။ ‌နောက်ဆုံး‌တော့ ရွာသား‌တွေက ‌ရှောင်‌နေရတယ်”ဟု‌ပြောသည်။

ထို‌ကျေးရွာအုပ်စုရှိ ‌မြေယာအသိမ်းခံရသူများ၏ နစ်နာမှုများကို ‌ဖြေရှင်း‌ပေးပါရန် ‌ဒေသခံ လယ်သမားများက ပြည်‌ထောင်စုဝန် ကြီး၊ ကာကွယ်‌ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး လယ်ယာ‌မြေ စိုက်ပျိုး‌ရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ ပြည်သူ့လွှတ်‌တော် ဥက္ကဌ၊ လယ်ယာ‌မြေအငြင်းပွားမှု ‌ကော်မရှင်နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးများသို့ စာဖြင့် တင်ပြထားခဲ့‌ကြောင်း လယ်သမား အ‌ရေး ကူညီ‌ဆောင်ရွက်‌ပေးသူ ဦးနီက ယခုလို ရှင်းပြသည်။

ဦးနီက “ကျ‌နော်တို့ ဌာနဆိုင်ရာ‌တွေကို အကြိမ်ကြိမ် စာတင်ခဲ့တယ်။ အခုအချိန်ထိ မထူးခြား‌သေးဘူး။ လယ်သမား‌တွေက အရမ်းနစ်နာတယ်။ သူတို့လည်း သူတို့‌မြေများကို မတရားသိမ်းတာ မခံနိုင်‌တော့ဘူး။ ‌နောက်ဆုံးမရရင်‌တော့ ကျ‌နော်တို့ ဆန္ဒပြ ‌ဖော်ထုတ်ရမယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း အစိုးရစစ်တပ်နှင့် အခြားသက်ဆိုင်ရာဌာနများက သိမ်းဆည်းထားသည့် ‌မြေယာပြဿနာများကို အစိုးရ အ‌နေဖြင့် ယခုအချိန်ထိ ဝင်‌ရောက်‌ဖြေရှင်းမှုများ မရှိ‌ကြောင်း သိရသည်။