Home သတင်း မီး‌ဘေးသင့် အုန်းဖျန်ဒုက္ခသည်များ ပြန်လည်ထူ‌ထောင်‌ရေး ပြင်ဆင်‌နေဆဲ

မီး‌ဘေးသင့် အုန်းဖျန်ဒုက္ခသည်များ ပြန်လည်ထူ‌ထောင်‌ရေး ပြင်ဆင်‌နေဆဲ

1908

‌ဖေ‌ဖော်ဝါရီ ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း ရပ်ကွက်(၅)၌ မီး‌လောင်မှုဖြစ်ပွားခဲ့ပြီး‌နောက်ပိုင်း မီး ‌ဘေးသင့်ဒုက္ခသည်များမှာ ‌နေအိမ်ပြန်လည်တည်‌ဆောက်နိုင်‌ရေးအတွက် ပြင်ဆင်လျှက်ရှိ‌ကြောင်း အုန်းဖျန်စခန်းဥက္ကဌ ‌စော ဝါးထီးက ‌ပြောဆိုသည်။

‌စောဝါးထီးက “‌လော‌လောဆယ် အိမ်ပြန်‌ဆောက်ဖို့က သစ်၊ ဝါး၊ ဖက်‌တွေ အကုန်မ‌ရောက်‌သေး‌တော့ တည်‌ဆောက်လို့ မရ ‌သေးဘူး။ အိမ်‌ခေါင်မိုး ဖျက်လိုက်ရတဲ့ အိမ်‌တွေအတွက် ယာယီအ‌နေနဲ့ တာလပတ်နဲ့ပဲ မိုးထားတယ်”ဟု ‌ပြောဆိုသည်။

ယခုလ ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့က မီး‌လောင်ကျွမ်းမှု‌ကြောင့် ပျက်စီးသွားခဲ့သည့် လူ‌နေအိမ်များအတွက် သစ်၊ ဝါးနှင့် အင်ဖက်များ ကို နယ်စပ်‌ဒေသ အကူအညီ‌ပေး‌ရေး ညွှန့်‌ပေါင်းအဖွဲ့ The Border Consortiun – TBC မှလည်း‌ကောင်း၊ မီးမကူးစက်ရန် အိမ် ‌ခေါင်မိုးများ ဖြိုပစ်ခဲ့ရသည့် ‌နေအိမ်များအတွက် တာလပတ်များကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNCHR) ကလည်း‌ကောင်း ‌ဝေငှ‌ပေး‌နေခြင်း ဖြစ်သည်။

လက်ရှိအ‌ခြေအ‌နေအရ အိမ်များ ပြန်တည်‌ဆောက်နိုင်ရန်အတွက် TBC က ဝါးအ‌ချောင်းငယ် ၃၀‌ချောင်းနှင့် သစ်တိုင် ၁၂တိုင် သာ ပို့‌ဆောင်ထား‌သော်လည်း ထပ်မံ ပို့‌ဆောင်ရန် ဖက် ၃၀ဝပျစ်၊ ဝါးလုံးအကြီး အ‌ချောင်း ၃၀ဝ ကျန်ရှိ‌နေ‌သေး‌ကြောင်း သိရ သည်။

‌နေအိမ်မီး‌လောင်ခံရခဲ့သူ ‌စောကိုးကိုးက “ကျ‌နော်တို့ အိမ်‌တွေကို ပြန်‌ဆောက်နိုင်ဖို့ သစ်‌တွေ၊ ဝါး‌တွေ နည်းနည်းပဲ ‌ရောက်‌သေး တယ်။ ‌လော‌လောဆယ် ဝါး‌တွေ၊ သစ်‌တွေ အကုန်‌ရောက်လာဖို့ ကျ‌နော်တို့ ‌စောင့်‌နေပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လက်ရှိမီ‌ဘေးဒဏ်ဒုက္ခသည်များအတွက် လိုအပ်သည့် အဝတ်အထည်၊ ‌စောင်၊ ခြင်‌ထောင်၊ ဖျာနှင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါးပိ စသည့်ရိက္ခာများကို TBC အပြင် အစိုးရမဟုတ်‌သောအဖွဲ့အစည်းများ (NGOs)နှင့် အုန်းဖျန်စခန်းတွင်းရှိ ကရင်လူမှုအဖွဲ့အ စည်းအချို့က ကူညီ‌ပေး‌နေသည်ဟု သိရသည်။

လာမည့် ‌ဖေ‌ဖော်ဝါရီ ၁ဝရက်‌နေ့တွင် အဆိုပါစခန်း၏ တာဝန်ရှိပုဂ္ဂိုလ်များ၊ TBC ၊ UNHCR နှင့် ဒုက္ခသည်များကို ကူညီ‌ပေး‌နေ သည့် အခြား NGOs များက မီး‌ဘေးဒဏ်နှင့်ပတ်သက်၍ ပြန်လည်ထူ‌ထောင်‌ရေးလုပ်ငန်းများကို အုန်းဖျန်ဒုက္ခသည်စခန်းရုံးတွင် ‌ဆွေး‌နွေးသွားမည်ဖြစ်‌ကြောင်း စခန်းဥက္ကဌက ‌ပြောဆိုသည်။

အုန်းဖျန်ဒုက္ခသည်စခန်း ရပ်ကွက်(၅)၌ ‌ဖေ‌ဖော်ဝါရီ၃ရက်‌နေ့က က‌လေးငယ်တစ်ဦး၏ မီး‌ဆော့ကစားမှု‌ကြောင့် မီး‌လောင်မှု ဖြစ် ပွားခဲ့ရာတွင် လူ‌နေအိမ် (၁၁)လုံး မီး‌လောင်ကျွမ်းခဲ့ပြီး အိမ်အလုံး ၅ဝခန့် အိမ်‌ခေါင်မိုး ဖြိုဖျက်ခဲ့ရသည်။ ယင်းမီး‌လောင်မှု‌ကြောင့် ဒုက္ခသည် ၆ဝဦးခန့် အိုးမဲ့အိမ်မဲ့ကာ ဒုက္ခသည် ၂၅၃ဦးမှာ ‌နေအိမ်ဖြိုဖျက်ခဲ့ရပြီး ၎င်းတို့အနက် ‌နေအိမ်မဲ့သွားရသူများမှာ ယခုအ ချိန်ထိ နီးစပ်ရာ ‌ဆွေမျိုးနှင့် အသိမိတ်‌ဆွေအိမ်များတွင် ယာယီ ‌နေထိုင်ကြရဆဲဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

အုန်းဖျန်ဒုက္ခသည်စခန်းသည် မဲ‌ဆောက်မြို့‌တောင်ဘက် ကီလိုမီတာ ၈ဝအကွာတွင်ရှိပြီး လက်ရှိ ဒုက္ခသည်ဦး‌ရေ စုစု‌ပေါင်း တစ်‌သောင်းသုံး‌ထောင်‌ကျော် ရှိသည်ဟု TBC ၏ လူဦး‌ရေစာရင်း မှတ်တမ်းအရ သိရသည်။