Home သတင်း အထက်‌အောက် ညီညွှတ်ရန် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့

အထက်‌အောက် ညီညွှတ်ရန် ‌ကေအဲန်ယူ ဒူးပလာယာခရိုင်‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့

1525

‌ဖေ‌ဖော်ဝါရီ ၂၁ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း၊ နန်း‌ချောင်‌ဖော့

လက်ရှိ မြန်မာနိုင်ငံ‌ရေး‌ပြောင်းလဲလာမှုအ‌ပေါ် ‌ကေအဲန်ယူအ‌နေဖြင့် မတူညီသည့်‌ဒေသများ၏ ပကတိအ‌ခြေအ‌နေများ ကိုက် ညီမှုရှိမရှိနှင့် ‌ရှေ့လုပ်ငန်းစဉ်များကို ညီညွှတ်စွာ မည်သို့လုပ်‌ဆောင်သွားရန် ရည်ရွယ်၍ ‌ဖေ‌ဖော်ဝါရီ ၁၅ရက်မှ ၁၉ရက်‌နေ့အထိ ‌ကော့ကရိတ်မြို့နယ်၊ ကတိုးထာ့‌ကျေးရွာတွင် ‌ကေအဲန်ယူ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်မှ ‌ခေါင်း‌ဆောင်များ ‌တွေ့ဆုံ‌ဆွေး‌နွေး ခဲ့ကြသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲနှင့် ပတ်သက်၍ ၎င်းခရိုင်၏ အတွင်း‌ရေးမှူး ပဒို‌စောလစ္စတန်က “‌အောက်‌ခြေ ပကတိအ‌နေအထားနဲ့ အထက် လူ‌တွေ ကိုက်ညီမှုရှိမရှိ အ‌ခြေအ‌နေမှန် သိရှိကြဖို့ပဲ။ သိရှိပြီးမှ ညီညွှတ်‌ရေးရရှိဖို့ စု‌ပေါင်းလုပ်‌ဆောင်သွားနိုင်မယ်။ အဲဒီက‌နေ ‌ရှေ့လုပ်ငန်း‌တွေ ဘယ်လိုလုပ်‌ဆောင်သွားကြမလဲဆိုတာ သိရှိရမယ်လို့ ‌မျှော်လင့်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌တွေ့ဆုံပွဲသို့ ‌ကေအဲန်ယူဥက္ကဌ ‌စောမူတူး‌စေးဖိုး၊ ဗဟို‌ကော်မတီအဖွဲ့ဝင်မှ ပဒိုမန်းငြိမ်း‌မောင်၊ ကာကွယ်‌ရေးတာဝန်ခံ ပဒို‌စော ‌ရောဂျာခင် အပါအဝင် ဒူးပလာယာခရိုင်အတွင်းရှိ မြို့နယ်၊ ‌ကျေးရွာအဆင့် ‌ခေါင်း‌ဆောင်များ လူဦး‌ရေ‌ပေါင်း ၁၀ဝခန့် တက် ‌ရောက်ခဲ့‌ကြောင်း သိရသည်။

ယင်း‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူဥက္ကဌ ‌စောမူတူး‌စေးဖိုးက ကရင့်‌တော်လှန်း‌ရေး သမိုင်း‌ကြောင်းနှင့် လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်း ချမ်း‌ရေးကို ‌ဆောင်ရွက်‌နေခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

အစိုးရနှင့် ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များအ‌နေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူပြီး‌နောက် လက်ရှိ ဗဟို‌ခေါင်း ‌ဆောင်များနှင့် ‌အောက်‌ခြေတပ်မှူးတပ်သားများအကြား နားလည်မှု အားနည်းချက်များ အနည်းငယ်ရှိသည်ကလွဲ၍ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ‌ထောက်ခံအား‌ပေး‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ(၆)၊ တပ်ရင်း(၁၈)ဒုခွဲမှူး ဗိုလ်‌စောအယ်‌ကော်က ယခုလို ‌ပြော သည်။

ဗိုလ်‌စောအယ်‌ကော်က “အပစ်ရပ်စဲ‌ရေးကိစ္စ‌တွေကို ‌အောက်‌ခြေနဲ့အ‌ပေါ် အ‌သေးစိတ်အားလုံး မသိကြတာ‌တွေ ရှိမယ်။ ဒါ ‌ကြောင့် အထက်လူကြီး‌တွေနဲ့ ‌အောက်‌ခြေတပ်သား‌တွေအကြား အနည်းငယ်‌တော့ နားလည်မှု အားနည်းတာရှိတယ်။ ဒါ‌ပေမယ့် တဖြည်းဖြည်း ညှိနှိုင်းလို့ ရနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ တပ်မဟာ(၆)နှင့် ဒူးပလာယာခရိုင်မှာ နယ်‌မြေတစ်ခုတည်းဖြစ်ပြီး ထို‌ဒေသရှိ ‌ခေါင်း‌ဆောင်များသည် အစိုးရနှင့် ‌ကေအဲန်ယူတို့ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးပြီး‌နောက်ပိုင်း ဖြစ်‌ပေါ်လာသည့် ‌ပြောင်းလဲမှုများနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။