Home သတင်း ကုလလူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ် နယ်စပ်‌ဒေသအ‌ခြေစိုက် CBO အဖွဲ့များနှင့်‌တွေ့ဆုံခဲ့

ကုလလူ့အခွင့်အ‌ရေး အထူးကိုယ်စားလှယ် နယ်စပ်‌ဒေသအ‌ခြေစိုက် CBO အဖွဲ့များနှင့်‌တွေ့ဆုံခဲ့

1362

‌ဖေ‌ဖော်ဝါရီ ၁၃ရက်၊ ၂၀၁၄ခုနှစ်။ စအိုင်စူး

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အ‌ရေးအထူးကိုယ်စားလှယ် မစ္စတာ‌သောမတ်စ်အို‌ဟေးကင်တားနားသည် ထိုင်း-မြန်မာ နယ်စပ် အ‌ခြေစိုက် လူထုအ‌ခြေပြုအဖွဲ့အစည်း(CBO)များနှင့် ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ရှိ ကွင်းပဲ‌လေ့စ်(Queen Palace) ဟိုတယ် တွင် ‌ဖေ‌ဖော်ဝါရီလ ၁ဝရက်‌နေ့က သုံးနာရီကြာ ‌တွေ့ဆုံခဲ့‌ကြောင်း သိရသည်။

မစ္စတာကင်တားနားသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အ‌ရေးအထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူမှု မကြာမီ ပြီး ဆုံး‌တော့မည်ဖြစ်ရာ သက်တမ်းမကုန်ဆုံးမီ ကုလသမဂ္ဂ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးထံသို့ ယခုနှစ်၊ မတ်လ ၁၇ရက်‌နေ့တွင် ထုတ် ပြန်သွားမည့် ၎င်း၏ ‌နောက်ဆုံးအစီရင်ခံစာကို ‌ရေးသားရန် ယခုလို ထိုင်း-မြန်မာနယ်စပ်ရှိ CBO အဖွဲ့များနှင့် လာ‌ရောက်‌တွေ့ဆုံ ကာ ‌မေးမြန်း‌ဆွေး‌နွေးခဲ့ခြင်းဖြစ်‌ကြောင်း ကိုယ်တိုင်‌တွေ့ဆုံခဲ့သူများက ‌ပြောသည်။

‌တွေ့ဆုံမှုတွင် ပါဝင်ခဲ့သူ ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG) စည်းရုံးလှုံ့‌ဆော်‌ရေးတာဝန်ခံ ‌စော‌ဝေ‌လေးက “မစ္စတာကင်တားနား က ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌ပေါ် တိုင်းရင်းသားလူထုအ‌ခြေပြု အဖွဲ့အစည်း‌တွေရဲ့ ‌မျှော်မှန်းချက်၊ မြန်မာနိုင်ငံအတွင်း ဘာသာ ‌ရေးခွဲခြားဆက်ဆံမှုရှိမရှိနဲ့ တိုင်းရင်းသား‌တွေရဲ့ အမြင်သ‌ဘောထား‌တွေကို အဓိက‌မေးမြန်ခဲ့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ နယ်လှည့်‌ကျောပိုးအိတ်ကျန်းမာ‌ရေးလုပ်သားများ အဖွဲ့(BPHWT)၊ နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ(AAPP)၊ မြန်မာနိုင်ငံ ‌ကျောင်းသားလူငယ် များကွန်ဂရက်(SYCB)၊ မယ်‌တော်‌ဆေးခန်းနှင့် အခြားလူမှုအဖွဲ့အစည်း‌ပေါင်း ၁ဝဖွဲ့‌ကျော်တို့က မစ္စတာကင်တားနားနှင့် ‌တွေ့ဆုံခဲ့ ကြခြင်းဖြစ်သည်။

၎င်း‌တွေ့ဆုံမှုထဲတွင် CBO အဖွဲ့များဘက်မှ လက်ရှိ မြန်မာနိုင်ငံ၏ အပစ်အခတ်ရပ်စဲ‌ရေး‌နောက်ပိုင်း အ‌ခြေအ‌နေ၊ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ တရားဥပ‌ဒေစိုးမိုး‌ရေး၊ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု၊ ခွဲခြားဆက်ဆံမှုများနှင့် ‌မြေယာသိမ်းဆည်းမှု ကိစ္စရပ် များကို မစ္စတာကင်တားနားအား အဓိကတင်ပြ‌ဆွေး‌နွေးခဲ့ကြသည်ဟုလည်း ‌စော‌ဝေ‌လေးက ဆက်လက်‌ပြောဆိုသည်။

ထို့အပြင် ‌တွေ့ဆုံမှုတွင် အုန်းဖျန်၊ မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်း၃ခုမှ ဒုက္ခသည် ၉ဦးလည်း တက်‌ရောက်ခဲ့ကြသဖြင့် မစ္စတာကင်တားနားက ၎င်းတို့အား ဒုက္ခသည်စခန်းသို့ ‌ရောက်ရှိခဲ့ရသည့် အ‌ကြောင်းရင်း၊ ဒုက္ခသည်စခန်းအတွင်း ‌နေထိုင်‌နေရ သည့် အ‌ခြေအ‌နေများနှင့် ကြုံ‌တွေ့‌နေရသည့် အခက်အခဲများကို ‌မေးမြန်းခဲ့သည်ဟုလည်း သိရသည်။

အုန်းဖျန်စခန်းမှ အမည်မ‌ဖော်လိုသူ ကရင်အမျိုးသမီး ဒုက္ခသည်တစ်ဦးက “မစ္စတာကင်တားနားက‌မေး‌တော့ တိုက်ပွဲ‌ကြောင့် ဒုက္ခသည်စခန်းထဲကို ထွက်လာရတဲ့အ‌ကြောင်း ရှင်းပြတယ်။ ‌နောက် အခုစခန်းအတွင်းမှာ ‌နေထိုင်ရတဲ့အခါ အလုပ်အကိုင် မရှိ ‌တော့ ဝင်‌ငွေမရှိသလို စားနပ်ရိက္ခာ‌တွေ ‌လျှော့ချတဲ့အတွက် ကျမတို့ အခက်အခဲ‌တွေ ကြုံ‌တွေ့‌နေရတယ်။ သူက‌တော့ ဒါကိုပြန် ပြီး ကြိုးစား‌ပေးမယ်လို့‌တော့ ‌ပြောတယ်”ဟု ဆိုသည်။

မစ္စတာကင်တားနားသည် မြန်မာနိုင်ငံ၊ တိုင်းရင်းသား‌ဒေသများအတွင်း ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို ကုလသမဂ္ဂသို့ ပြန်လည်အစီရင်ခံနိုင်ရန် အလားတူ ပြီးခဲ့သည့် ၂၀၁၃ခုနှစ်ကတစ်ကြိမ်နှင့် ယခုတစ်ကြိမ် ထိုင်း-မြန်မာနယ်စပ်ရှိ CBO အဖွဲ့များအား ‌တွေ့ဆုံခဲ့‌သေးသည်။

၎င်းသည် ဤခရီးစဉ်ပြီးလျှင် မြန်မာနိုင်ငံရှိ လူ့အခွင့်အ‌ရေးအ‌ခြေအ‌နေများကို ‌လေ့လာရန် မစ္စတာကင်တားနားသည် ယခုလ ‌ဖေ‌ဖော်ဝါရီ ၁၄ရက်မှ ၁၉ရက်‌နေ့အထိသွားမည့် ၎င်း၏ခရီးစဉ်တွင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်မြို့ နှင့် ‌နေပြည်‌တော်သို့လည်း ‌ရောက်ရှိမည်ဖြစ်‌ကြောင်း သိရသည်။