Home လူငယ့်အသံ လူငယ့်အမြင် လူငယ်စကားလက်‌ဆောင်

လူငယ်စကားလက်‌ဆောင်

2139

‌နော်ကလယ်စိုး ၁၈နှစ်

ဝါသနာ နိုင်ငံ‌ရေး
ပညာအရည်အချင်း ဆယ်တန်းလွန်‌ကျောင်း (Post Ten)

ကျမမှာ ‌မွေးချင်း‌မောင်နှမ နှစ်‌ယောက်ရှိတယ်။ မိန်းက‌လေးနှစ်‌ယောက်စလုံး ဖြစ်တယ်။ ကျမက‌တော့ အကြီးဆုံးဖြစ်တယ်။ မိဘ‌တွေက မြန်မာပြည် ‌တောင်ငူမှာ ရှိတယ်။ သူတို့(မိဘ)က ဥယျာဉ်ခြံလုပ်ကိုင် စား‌သောက်ကြတယ်။ မြန်မာပြည်မှာ ‌တောင်ငူ အ-ထ-က (၅)‌ကျောင်းမှာ ကိုးတန်းအထိ တက်ပြီးတယ်။ ပြီး‌တော့ ဆယ်တန်းကို မယ်လဒုက္ခသည်စခန်းမှာ လာတက်ပြီး ၂၀၁၁-၁၂နှစ်မှာ ‌အောင်တယ်။

ကျမက နိုင်ငံ‌ရေးဘက်မှ စိတ်အားထက်သန်တယ်‌လေ။ ဒါ‌ကြောင့် မယ်လဒုက္ခသည်စခန်းမှာ အထက်တန်း ‌အောင်ပြီး‌တော့ အခု ကျမ Shalom Art and Leadership College (SALC) ‌ခေါင်း‌ဆောင်မှုသင်တန်း‌ကျောင်း မှာ တက်‌နေတယ်။ ဒီသင်တန်း‌ကျောင်းက (၄)နှစ် တက်ရတယ်။ အခုကျမက ပထမနှစ် ဖြစ်တယ်။ ကျမ ‌ကျောင်းပြီးရင် လူမျိုးအတွက် အလုပ်လုပ်မယ်။ ‌တော်လှန်‌ရေးမှာပဲ ‌ပေးဆပ်လုပ်‌ဆောင်သွားမယ်။ ကိုယ်ကိုယ် တိုင်ကလည်းပဲ ‌ခေါင်း‌ဆောင်ဖြစ်ချင်တဲ့ ဆန္ဒရှိတာ‌ကြောင့် ဒီ‌ကျောင်းကို တက်ရတာ ဖြစ်ပါတယ်။

မြန်မာပြည်မှာက ‌ကျောင်းတက်ရင် ကျူရှင်ယူရတယ်။ ကျူရှင်မှ မယူရင် သူများလို မဖြစ်ဘူး။ ဒီလိုကျူရှင်ယူရ တဲ့ အခါကျ‌တော့ ‌ငွေ‌ကြေးက စကား‌ပြောလာပြီး‌လေ။ ‌ငွေ‌ကြေးမှာလည်း အခတ်အခဲ ‌တွေ့ရတယ်။ အခက်အခဲ က‌တော့ အများကြီးပါပဲ။ မြန်မာပြည်မှာ ‌ကျောင်းတက်ရတာနဲ့ ဒီဒုက္ခသည်စခန်းမှာတက်တာက ကျမအတွက် အများကြီး‌ပြောင်းလဲမှု ဖြစ်‌စေတာ‌ပေါ့။ ပညာကိုလည်း အခမဲ့ သင်ရတယ်။ ‌နောက်ပြီး ပညာသင်စရိတ်က နည်းတယ်။ ဒီထက်မက ဒုက္ခသည်စခန်းမှာ ‌ကျောင်းတက်ရ‌တော့ ကျမတို့ရဲ့ ကရင်သမိုင်း‌ကြောင်း‌တွေ၊ ‌တော်လှန်‌ရေးသမိုင်း‌ကြောင်း‌တွေ၊ ‌ခေါင်း‌ဆောင်‌တွေကို သိရတယ်။ ဘယ်လိုပဲ‌ပြော‌ပြော ကျမအတွက် တိုးတက်မှု‌တွေ အများကြီး ဖြစ်‌စေခဲ့တယ်။ မြန်မာပြည်မှာ ‌ကျောင်းတက်ရတုန်းကဆို ပညာ‌ရေးစနစ်က သိတဲ့ အတိုင်းပဲ ဒါ‌ပေး၊ ဒါကျက်၊ ဒါ‌ဖြေပုံစံမျိုးဆို‌တော့ ‌ဖြေပြီးပြီတာပဲ‌လေ။ ဒီမှာကျ‌တော့ ဆရာ‌တွေက ‌ကျောင်းမှာ တစ်ခါပြီးဆိုသလို တတ်‌အောင် သင်‌ပေးတာ‌လေ။ ‌နောက်ပြီး အဂင်္လိပ်ကို ကိုယ်တိုင်သင်ရ‌တော့ အဂင်္လိပ်က အများကြီး တိုးတက်မှုရှိတယ်။

‌နောက်ဆုံးအ‌နေနဲ့ လူငယ်‌တွေကို အား‌ပေးစကား‌ပြောချင်တာက ‌ခေါင်း‌ဆောင်‌တွေက ကျမတို့လို လူငယ်‌တွေ ကို အမြဲတမ်းကို လိုလား‌တောင်းတ‌နေကြတယ်။ အဲဒီလိုပဲ ကျမတို့လို လူငယ်များ အ‌နေနဲ့လည်း ကိုယ့်အချိန်ရှိ သ၍‌တော့ ပညာရပ်‌တွေကို ‌ကောင်းမွန်စွာ ကြိုစားပြီး သင်ယူ‌စေချင်တယ်။ ဘယ်လိုအခတ်အခဲ‌တွေကို ကြုံ‌တွေ့ရပါ‌စေ။ ကိုယ့်ရဲ့ ခွန်အားကို မ‌လျော့‌သောဇွဲနဲ့ ကိုယ်ချမှတ်ထားတဲ့ ကိုယ့်ရဲ့ရည်ရွယ်ချက်ကို ‌ရောက်တဲ့အထိ ကြိုးစားပြီး သွားကြ‌စေချင်တယ်။