Home သတင်း ၅၄နှစ်‌မြောက် ‌ဒေါက်တာစင်သီယာ‌မောင် ‌မွေး‌နေ့ပွဲသို့ ၈၈မျိုးဆက်အဖွဲ့ တက်‌ရောက်

၅၄နှစ်‌မြောက် ‌ဒေါက်တာစင်သီယာ‌မောင် ‌မွေး‌နေ့ပွဲသို့ ၈၈မျိုးဆက်အဖွဲ့ တက်‌ရောက်

2075

ဒီဇင်ဘာ ၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ(က‌လေးများဖွံ့ဖြိုးတိုးတက်‌ရေးဗဟို-CDC)အထက်တန်း‌ကျောင်းတွင် ယ‌နေ့ ကျင်းပသည့် ‌ဒေါက်တာစင်သီယာ‌မောင်၏ ၅၄နှစ်ပြည့်‌မွေး‌နေ့ပွဲသို့ ၈၈မျိုးဆက်‌ကျောင်းသားအဖွဲ့လည်း တက်‌ရောက်ခဲ့ကြသည်။

‌မွေး‌နေ့ပွဲအခမ်းအနားကို ကိုဂျင်မီ ဦး‌ဆောင်ကာ မနီလာသိန်း၊ မမီးမီး (ခ) မသင်းသင်း‌အေး အပါအဝင် ၁၈ဦး ပါဝင်သည့် ၎င်းတို့ အဖွဲ့က မြန်မာပြည်တွင်း ရန်ကုန်မြို့မှ‌နေ၍ ‌ဒေါက်တာစင်သီယာ‌မောင်အား ဂုဏ်ပြုသည့်အ‌နေဖြင့် လာ‌ရောက်ခဲ့ခြင်းဖြစ်ပြီး မယ် ‌တော်‌ဆေးခန်းအတွက် ကျပ်‌ငွေ ၅သိန်းလည်း လှူဒါန်းသွားခဲ့သည်။

ကိုဂျင်မီက “ပရဟိတစိတ် အား‌ကောင်းတဲ့ စံပြပုဂ္ဂိုလ်ဖြစ်တဲ့ ဆရာမကြီး‌ဒေါက်တာစင်သီယာ‌မောင်ကို ၈၈မျိုးဆက်အဖွဲ့ရဲ့ကိုယ် စား ကျ‌နော်တို့ ကိုယ်တိုင်လာပြီး ဂုဏ်ပြုတာဖြစ်ပါတယ်။ ‌နောက်ပြီး ဆရာမကြီးလုပ်‌နေတဲ့ ပညာ‌ရေးနဲ့ ပရဟိတလုပ်ငန်း‌တွေကို ဆက်လက်‌ထောက်ခံဖို့၊ ‌ထောက်ပံ့‌ပေးဖို့အတွက် ကိုယ်တိုင်လာပြီး ‌ပြောပြချင်တာလည်းပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံသည် လတ်တ‌လော၌ ငြိမ်းချမ်း‌ရေးမရ‌သေးသည့်အ‌ပေါ် ‌ဒေါက်တာစင်သီယာ‌မောင်၏ ပရဟိတနှင့် ပညာ‌ရေးလုပ် ငန်း လုပ်‌ဆောင်ချက်များသည် တိုင်းပြည်၏ ဒီမိုက‌ရေစီပြယုဂ်၊ တိုင်းပြည်စီးပွား‌ရေး ဖာ‌ထေး‌နေရသည့် ပြယုဂ်ဖြစ်သည်ဟု ကိုဂျင်မီက ဖြည့်စွက်‌ပြောဆိုသည်။

ယ‌နေ့ကျင်းပသည့် ‌ဒေါက်တာစင်သီယာ‌မောင်၏ ‌မွေး‌နေ့တွင် မဲ‌ဆောက်‌ဒေသရှိ လူမှု‌ရေးအဖွဲ့များ၊ သက်ဆိုင်ရာ ထိုင်းအာဏာ ပိုင်များ၊ အစိုးရမဟုတ်‌သောအဖွဲ့များ(NGOs)၊ နိုင်ငံ‌ရေးအင်အားစုများ၊ ‌ကျောင်းသူ‌ကျောင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်‌တော်‌ပေါင်း ၅၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

‌မွေး‌နေ့ရှင် ‌ဒေါက်တာစင်သီယာ‌မောင်က “ကျန်းမာ‌ရေး၊ ပညာ‌ရေးနဲ့ အခွင့်အ‌ရေး ‌ဖော်ထုတ်‌ရေး‌တွေဟာ တိုင်းပြည်ငြိမ်းချမ်း‌ရေး အတွက် မရှိမဖြစ် လိုအပ်တဲ့ လုပ်ငန်းစဉ်‌တွေ ဖြစ်တယ်။ ဒါ‌ကြောင့် လုပ်‌ဖော်ကိုင်ဖက်နဲ့ မိသားစုအားလုံး လာမယ့်အနာဂတ်မှာ နယ်စပ်၊ ပြည်တွင်းပြည်ပနဲ့ နိုင်ငံတကာ စတဲ့ ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ ပူး‌ပေါင်းပြီး ချစ်ကြည်မှု တည်‌ဆောက်နိုင်ကြမယ်လို့ ယုံ ကြည်ပါတယ်။”ဟု ‌ပြောကြားသွားခဲ့သည်။

ထို့အပြင် ‌ဒေါက်စင်သီယာ‌မောင်၏ ‌မွေး‌နေ့အခမ်းအနားတွင် လူငယ်များ၏ကိုယ်စား ကရင်အမျိုးသမီးဖြစ်သူ ‌နော်‌မေဘယ်လ် ထူးက “တိုင်းပြည် ပညာ‌ရေး၊ ကျန်းမာ‌ရေးနဲ့ လူ့အခွင့်အ‌ရေး ချွတ်ခြုံကျ‌နေတဲ့ ကျမတို့‌ခေတ်မှာ ဆရာမကြီးလို ပုဂ္ဂိုလ်မျိုး‌တွေ့ရ တာ အရမ်းကံ‌ကောင်းပါတယ်။ လူငယ်‌တွေအတွက် အင်မတန် အတုယူစရာပါ။”ဟု ဂုဏ်ပြုစကား ‌ပြောဆိုခဲ့သည်။

Dr Cynthia Maung Birthday photo-2
လက်ရှိတွင် နိုင်ငံတကာမှ ‌ပေးအပ်သည့်ဆု‌ပေါင်း ၂ဝခန့် ချီးမြှင့်ခံထားရသူ ‌ဒေါက်တာစင်သီယာ‌မောင်သည် ၁၉၈၈ခုနှစ်၊ လူထု အုံကြွမှု‌နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်သို့ ထွက်ခွာ၍ မယ်‌တော်‌ဆေးခန်းကို ထူ‌ထောင်ကာ ပရဟိတလုပ်ငန်းကို လုပ်ကိုင်‌နေ ခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ ၈၈မျိုးဆက်‌ကျောင်းသားအဖွဲ့က ယ‌နေ့ကျ‌ရောက်‌သော သူမ၏ ၅၄နှစ်‌မြောက်‌မွေး‌နေ့ပွဲကို ပထမဆုံးအကြိမ်အဖြစ် လာ‌ရောက်ဂုဏ်ပြုခြင်းဖြစ်သည်။