Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1382

ကရင့်အနာဂတ်ကို လှပ‌စေလို

ငြိမ်းချမ်း‌ရေးနှင့် အပစ်အခတ် ရပ်စဲ‌ရေးအား ကိုယ်စားပြု ဦး‌ဆောင်သူများ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ငြိမ်း ချမ်း‌ရေးစင်တာတွင် (အကြိမ်ကြိမ်) အ‌ကျေအလည် ညှိနှိုင်း‌ဆွေး‌နွေးမှုများကို လွတ်လပ်စွာ ‌ဝေဖန်၊ သုံးသပ်၊ ‌ထောက်ပြ၊ အကြံ ပြုခွင့် ရှိသည်နှင့်အညီ ဆိုရ‌လေလျှင် ပြည်‌ထောင်စု မြန်မာနိုင်ငံ‌တော်၏ အ‌ပြောင်းအလဲများအတွက် အဓိကကျသည့် ငြိမ်းချမ်း ‌ရေးနှင့် အပစ်အခတ်ရပ်စဲ‌ရေးများကို ညှိနှိုင်း‌ဆွေး‌နွေးကြရာ နဖူးမှစို့‌နေ‌သော ‌ချွေးများကိုသုတ်ရင်း ရင်ထဲ၌ရှိ‌နေ‌သော ဆန္ဒအသီး သီးအတွက် ငြိမ်းချမ်း‌ရေးနှင့် အပစ်အခတ် ရပ်စဲ‌ရေးစားပွဲ‌ပေါ်မှ ‌ရေသန့်ဘူးကို ‌ဖောက်‌သောက်ကြခြင်းကိုသာ ညှိနှိုင်း‌ဆွေး‌နွေး သည့်ရလဒ်အဖြစ် မီဒီယာစာမျက်နှာများ၊ အင်တာနက်နှင့် ရုပ်သံဖန်သားပြင်များ‌ပေါ်တွင် ‌တွေ့ရှိ‌နေရသည်။

‌အောင်မြင်မှု ဆိုသည်မှာ ယုံကြည်မှုကို အ‌ခြေပြု၍ စည်းလုံးမှုသရုပ်ကို ‌ဖော်‌ဆောင်နိုင်မှသာ မလွဲမ‌သွေ ရရှိခံစားကြရမည် ဖြစ် သဖြင့် စည်းရုံးခြင်းမဟုတ်‌သော စည်းလုံးမှုကို ရရှိ‌စေရန် ယုံကြည်မှုမှာ (အခရာ)ကျ‌သော အဓိက လိုရင်းအချက် ဖြစ်‌လေသည်။ ယုံကြည်မှု၊ စည်းလုံးမှု၊ ‌အောင်မြင်မှုတည်းဟူ‌သော ဤ(၃)ချက်သည် သုံး‌ချောင်း‌ထောက် ‌သောက်‌ရေးအိုးစင်သဖွယ် အညမည (အချင်းချင်း အပြန်အလှန်) ဖြစ်ဖို့ရာ အနှီ(‌ခြေသုံး‌ချောင်း)သည် ညီမျှစွာဖြင့် တစ်‌ချောင်းနှင့်တစ်‌ချောင်း အကျိုးပြုကြရသည်။ ထို ကဲ့သို့ပင် နိုင်ငံ့‌ခေါင်း‌ဆောင်များ၊ ပြည်သူ့ကိုယ်စားပြု တိုင်းရင်းသား‌ခေါင်း‌ဆောင်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများက တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမှသည် စည်းလုံးမှုကို ရယူ၍ အများပြည်သူများ ‌မျှော်လင့်‌တောင့်တ‌နေကြကုန်‌သော စစ်မှန်သည့် ဒီမိုက‌ရေစီ၊ စည်းကမ်းသိက္ခာရှိသည့် ဒီမိုက‌ရေစီ နိုင်ငံ‌တော်ကြီး ဖြစ်‌ပေါ်‌စေရန်အတွက် ဓမ္မဓိဌာန်ကျ (ပုဂ္ဂိုလ်ကို မရည်စူးဘဲ တရားသ‌ဘောကိုသာ ရည်စူးသည်)ဖို့ အ‌ပြောမဟုတ်၊ အလုပ်နဲ့သက်‌သေပြရန် လိုအပ်‌ပေသည်။

‌နေရာအနှံ့အပြားရှိ ကျွန်ုပ်တို့ ကရင်လူမျိုး နှစ်သန်း‌ကျော်သည်လည်း ကရင့်အလံ‌တော်‌အောက်တွင် ကရင့်အနာဂတ်၊ ကရင့်ကံ ကြမ္မာကို ‌ကောင်းမွန်စွာ ‌ဖော်‌ဆောင်နိုင်ဖို့ရာ ယုံကြည်မှုမှ စည်းလုံးခြင်းကို ရယူကာ ‌အောင်မြင်မှုအတွက် ကရင့်စည်းရိုးများကို လုံစွာကာကြရန် အထူးလိုအပ်လှပါသည်။

အ‌ပြောင်းအလဲဆို‌သော ‌ခေါင်းစဉ်‌အောက်၌ ကျွန်ုပ်တို့ ကရင့်စည်းရိုးသည် ခိုင်ခန့်၍ မ‌ပေါက်မကျိုးရန် ကရင်တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများအ‌နေဖြင့်လည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးမှုကို ယုံကြည်စွာ ရယူကြ၍ ကရင်လက်နက်ကိုင်‌ခေါင်း ‌ဆောင်(ဗိုလ်ချုပ်ကြီး‌စောဘိုမြ) ‌ပြောခဲ့သည့် “တို့တပ်မ‌တော်သား‌တွေဟာ လူထုကို စည်းရုံး‌စေနိုင်ဖို့ နိုင်ငံ‌ရေးကို ‌လေ့လာရမယ်။ နိုင်ငံ‌ရေး မရှိတဲ့တပ်ဟာ ‌ကြေးစားတပ်ပဲ”ဟု ဆိုသကဲ့သို့ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ဝင်များအ‌နေဖြင့် ‌ကြေးစားတပ် မဖြစ်ကြ ‌စေရန် သမိုင်း၌ရှိ‌နေ‌သော နိုင်ငံ‌ရေးစာမျက်နှာများကို ‌လေ့လာဖတ်ရှု လုပ်‌ဆောင်သွားရ‌ပေမည်။

၎င်းအပြင် နိုင်ငံ‌ရေး သု‌တေသီများ၊ အ‌တွေးအ‌ခေါ် ပညာရှင်များနှင့်လည်း ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ ပြုလုပ်ခြင်း၊ စာ‌ပေပညာရပ် ဆိုင်ရာများကို စာ‌ပေပညာရှင်များနှင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းဖြင့် တိုင်းရင်းသား ကရင်လူမျိုးများ၏ အနာဂတ်ကို လှပ‌စေရန် ကရင့်စည်းရိုးကို လုံခြုံစွာကာဆီးရင်း အများပြည်သူများ ‌တောင့်တလျှက်ရှိ‌နေ‌သော ငြိမ်းချမ်း‌ရေး၏ အရသာကို ‌စောလျင်မြန် ဆန်စွာ ‌သောက်သုံးနိုင်ကြပါ‌စေဟု ဆန္ဒပြုလိုက်ရပါ‌တော့သည်။