Home သတင်း မွန်၊ ကရင်နှင့် တနသင်္ာရီ‌ဒေသရှိ ‌ကျောင်းသားများအတွက် ‌ကျောင်းတစ်‌ကျောင်းတည်‌ဆောက်

မွန်၊ ကရင်နှင့် တနသင်္ာရီ‌ဒေသရှိ ‌ကျောင်းသားများအတွက် ‌ကျောင်းတစ်‌ကျောင်းတည်‌ဆောက်

1778

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)

မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသတို့မှ ‌ကျောင်းသား‌ကျောင်းသူများအတွက် ရည်ရွယ်၍ အားကစားနှင့် ကာယပညာသိပ္ပံ‌ကျောင်းတစ်‌ကျောင်းကို မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့နယ်၊ ‌မော်လမြိုင်-ကျိုက်မ‌ရော ကားလမ်း‌ဘေး ‌ခြောက်မိုင်‌ကျေးရွာအုပ်စုတွင် စတင်တည်‌ဆောက်လျှက်ရှိသည်။

အလယ်တန်းအဆင့် ၈တန်းအထိ တက်ခွင့်ရှိသည့် ၎င်း‌ကျောင်းကို ‌ခြောက်မိုင်‌ကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီး ဌာနပိုင် ‌မြေဧက ၄၅ ဧက‌ကျော်‌ပေါ်တွင် ယခုလ ဒီဇင်ဘာမှစ၍ စတည်တည်‌ဆောက်ခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးခင်‌ဇော်က “၂၀၁၃-၂၀၁၄ ဘဏ္ဍာ‌ရေးနှစ်မှာ အပြီးတည် ‌ဆောက်မယ်။ လာမယ့် ၂၀၁၄-၂၀၁၅ ဇွန်လက‌နေစပြီး‌တော့ ‌ကျောင်းသား‌တွေကို စတင်သင်ကြားပို့ချ‌ပေးသွား မှာ ဖြစ်ပါတယ်” ဟု ‌ပြောသည်။

အားကစားနှင့် ကာယပညာသိပ္ပံ‌ကျောင်းတည်‌ဆောက်‌ရေးကို U H M Family Co., Ltd.၊ စိုးပရားသားကုမ္ပဏီ နှင့် ဦးမိုး‌ကျော်ကုမ္ပဏီတို့မှ လုပ်ငန်းပိုင်းဆိုင်ရာ ၂၃ ခုကို ခွဲ‌ဝေတာဝန်ယူတည်‌ဆောက်သွားမည်ဟု ၎င်းက ဆက်‌ပြောသည်။

လာမည့် ပညာသင်နှစ်တွင် ‌ဘောလုံး၊ ‌ဘော်လီ‌ဘော၊ ဘတ်စကက်‌ဘော၊ ‌ပြေးခုန်ပစ်၊ ပိုက်‌ကျော်ခြင်း၊ သိုင်း၊ ကရာ‌တေးဒို၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ စားပွဲတင်နှင့် တင်းနစ်ကစားနည်း (၁၀) မျိုးဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်းတို့မှ ‌ကျောင်းသား/ ‌ကျောင်းသူ ၁၅ဝ ကို စတင်သင်ကြားပို့ချ‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

၎င်းအားကစားနှင့် ကာယပညာသိပ္ပံ‌ကျောင်းတည်‌ဆောက်ရာတွင် ‌ဘောလုံးကွင်း (၂) ကွင်း၊ စာသင်‌ဆောင် (၂) ‌ဆောင်၊ အိပ်‌ဆောင် (၂) ‌ဆောင်၊ ထမင်းစား‌ဆောင် (၂) ‌ဆောင်၊ အားကစားရုံး (၂)ရုံး၊ အဝီစိတွင်း၊ ‌ရေကန်၊ ရုံးခန်းနှင့် ဝန်ထမ်းအိမ်ရာများကို တည်‌ဆောက်သွားရန် ရှိသည်ဟုလည်း မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနက ဆိုသည်။

လက်ရှိ တည်‌ဆောက်‌နေသည့် အားကစားနှင့် ကာယပညာသိပ္ပံ‌ကျောင်းနှင့် ပတ်သက်၍ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ‌ရေးနှစ်အတွက် ကျပ်‌ငွေသန်း‌ပေါင်း ၁,၅၀ဝ ကို အသုံးပြုရန် ခွင့်ပြုချက်ရရှိထားသည်ဟု မွန်ပြည်နယ် စည်ပင်သာယာ‌ရေးဝန်ကြီး ‌ဒေါက်တာတိုးတိုး‌အောင်ကလည်း ‌ပြောသည်။

မြန်မာနိုင်ငံတွင် အားကစားနှင့် ကာယပညာသိပ္ပံ‌ကျောင်းကို ရန်ကုန်နှင့် မန္တ‌လေးတွင်သာတည်ရှိပြီး ယခု မွန်ပြည်နယ်တွင် ထပ်မံတည်‌ဆောက်‌နေသလို သျှမ်းပြည်နယ်၊ ‌တောင်ကြီးမြို့၌လည်း ယခုဘဏ္ဍာ‌ရေးနှစ် အတွင်းမှာပင် တည်‌ဆောက်ရန် လျာထားချက်ရှိသည်ဟု သိရသည်။