Home သတင်း ဖွံ့ဖြိုး‌ရေးထက် ငြိမ်းချမ်း‌ရေးခိုင်မာမှုကို အရင်လုပ်ရန် ကရင်ပြည်နယ်‌ဒေသခံများလိုလား

ဖွံ့ဖြိုး‌ရေးထက် ငြိမ်းချမ်း‌ရေးခိုင်မာမှုကို အရင်လုပ်ရန် ကရင်ပြည်နယ်‌ဒေသခံများလိုလား

1468

ဒီဇင်ဘာ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

မြန်မာအစိုးရအ‌နေဖြင့် ကရင်ပြည်နယ်တွင် လတ်တ‌လော ဖွံ့ဖြိုး‌ရေးလုပ်ငန်းလုပ်သည်ထက် ငြိမ်းချမ်း‌ရေး တည်‌ဆောက်မှုကို ဦးစွာ ခိုင်ခိုင်မာမာ လုပ်‌ဆောင်သင့်သည်ဟု ကရင်ပြည်နယ်‌ဒေသခံများက လိုလား‌နေကြသည်ဟု သိရသည်။

ဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းအတွက် နိုင်ငံ‌တော်ဘက်ဂျက်ဖြင့် မြို့နယ်တစ်ခုတွင် ကျပ်သိန်းတစ်‌ထောင်အထိ ထုတ်ယူသုံးစွဲနိုင်‌ကြောင်း ယခင်လ နိုဝင်ဘာ ၁၅ရက်‌နေ့က ထုတ်ပြန်သည့် အမျိုးသားလွှတ်‌တော်၏ အမိန့် ‌ကြော်ငြာစာအမှတ် ၈၂/၂၀၁၃ ထွက်‌ပေါ်ပြီး‌နောက် ကရင်ပြည်နယ်‌ဒေသခံများက ထိုသို့ ‌ပြောဆိုကြခြင်း ဖြစ်သည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်ရှိ ‌ကော့နွဲရွာသားတစ်ဦးဖြစ်သူ ‌စောမြ‌အေးက “ဒီဖွံ့ဖြိုး‌ရေးအစီအစဉ်ကို ကျ‌နော်တို့‌ဒေသခံ‌တွေ ကြိုဆိုပါတယ်။ ဒါ‌ပေမယ့် အစိုးရအ‌နေနဲ့ ငြိမ်းချမ်း‌ရေးခိုင်မာမှုကို အရင်ဆုံးလုပ်‌ဆောင် သင့်တယ်။ ဘာဖြစ်လဲဆိုရင် အခု ငြိမ်းချမ်း‌ရေးပျက်သွားရင် ဖွံ့ဖြိုး‌ရေးက အချည်းနှီးပဲ ဖြစ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်းက ‌ကော့ကရိတ်မြို့၊ အုပ်ချုပ်‌ရေးမှူးရုံး၌ ‌ဒေသခံလူထုများအပါအဝင် သက်ဆိုင်ရာ အစိုးရ တာဝန်ယူရှိသူများ၊ မြန်မာအစိုးရနှင့် ငြိမ်းချမ်း‌ရေးယူထား‌သော ကရင်လက်နက်ကိုင်အဖွဲ့ချို့တို့သည် လက်ရှိ ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုး‌ရေးဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြပြီး ‌ဒေသခံလူထုများက ငြိမ်းချမ်း‌ရေးခိုင်မာမှုရ‌အောင် အရင်လုပ်‌ဆောင်ရန် တိုက်တွန်း‌ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

အဆိုပါ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပါဝင်သည့် ‌ကော့ကရိတ်မြို့နယ်၊ မဲဆန္ဒအမှတ် (၁) ပြည်နယ်လွှတ်‌တော် ကိုယ် စားလှယ်တစ်ဦးဖြစ်သူ မန်းလှမြိုင်က “ ကျ‌နော်တို့က ငြိမ်းချမ်း‌ရေးလုပ်တယ်ဆို‌တော့ ငြိမ်းချမ်း‌ရေးအဖွဲ့‌တွေနဲ့ လည်း ‌တွေဆုံပြီး ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌ရေးကိစ္စ ‌ပြောကြတယ်။ ပြည်သူ‌တွေနဲ့လည်း ‌တွေ့တယ်။ သူတို့ လက်ခံကြိုဆိုပါတယ်”ဟု ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်‌ဆောင်မည်ဆိုပါက ‌ကော့ကရိတ်မြို့နယ်တစ်ခုတည်းတွင် လမ်း၊ တံတား၊ ‌ကျေးရွာ‌ဆေး‌ပေးခန်း၊ စာသင်‌ကျောင်းနှင့် ‌ကျောင်းသုံးပရိ‌ဘောဂများ စသည့် တည်‌ဆောက်‌ရေး လုပ်ရမည့် ‌နေရာ(၅၁)ခု ကွင်းဆင်း‌တွေ့ရှိထားပြီး လက်‌တွေ့အ‌ကောင်အထည်‌ဖော်ရန် လိုအပ်သည့် ဘတ်ဂျက် (‌ငွေ)များကို ပြည်သူ့လွှတ်‌တော်သို့ တင်ပြထား‌သော်လည်း ယခုထိ တစုံတရာ အ‌ဖြေမသိရ‌သေး‌ကြောင်း သူက ဆက်‌ပြောသည်။

‌ဒေသခံလူထုများ၏ လိုလားချက်နှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၊ ‌ကော့က ရိတ်မြို့နယ်ဥက္ကဌ ပဒို‌စော‌မောထူးကလည်း “အစိုးရက ‌ဒေသဖွံ့ဖြိုး‌ရေးလုပ်တဲ့အခါ ဥပ‌ဒေလုပ်ထုံးလုပ်နည်းနဲ့ ‌ကျေးရွာရပ်မိရပ်ဖ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူး၊ သံဃာ‌တော်နဲ့ ‌ဒေသခံ စတဲ့သူ‌တွေနဲ့‌တွေ့ဆုံပြီး လုပ်ရင် ‌ကောင်း တယ်။ ကျ‌နော်တို့က‌တော့ ပြည်သူ‌တွေအတွက် ထိခိုက်နစ်နာမှု မရှိရင် ဘာမှ‌ပြောစရာမရှိပါဘူး”ဟု ‌ပြောသည်။

အမျိုးသားလွှတ်‌တော်မှ ထုတ်ပြန်ထားသည့် အမိန့်‌ကြော်ငြာစာအမှတ် ၈၂/၂၀၁၃ အရ ‌ဒေသဖွံ့ဖြိုး‌ရေး လုပ်ငန်းများလုပ်‌ဆောင်ရန် ဘတ်ဂျက်များထုတ်ယူသုံးစွဲခြင်းနှင့်ထိန်းသိမ်းခြင်းဆိုင်ရာ နည်းဥပ‌ဒေ၌ ‌ဒေသခံ များပါဝင်သည့် ‌ကော်မတီတစ်ရပ် ဖွဲ့စည်းရမည်ဖြစ်ပြီး မြို့နယ်တစ်ခုအတွက် နိုင်ငံ‌တော်ထံမှ ကျပ်သိန်း တစ်‌ထောင် ထုတ်ယူသုံးစွဲနိုင်ပြီး ဖွံ့ဖြိုး‌ရေးလုပ်ငန်းတစ်‌နေရာတွင် ကျပ်သိန်း(၅၀)အထိ သုံးစွဲခွင့်ရှိ‌ကြောင်း ပါရှိသည်ဟု သိရသည်။