Home သတင်း ဖားအံတွင် အ‌ခြေခံသတင်း‌ရေးသားနည်းနှင့် ပဋိပက္ခဂရုပြု‌ရေးသားနည်းသင်တန်း ပြုလုပ်

ဖားအံတွင် အ‌ခြေခံသတင်း‌ရေးသားနည်းနှင့် ပဋိပက္ခဂရုပြု‌ရေးသားနည်းသင်တန်း ပြုလုပ်

1902

ဒီဇင်ဘာ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

သတင်းသမား များလာရန်နှင့် ပဋိပက္ခမဖြစ်‌စေ‌ရေး သတင်း‌ရေးသားနိုင်သည့် သတင်းသမားများ‌ပေါ်ထွက်လာ ရန် ရည်ရွယ်၍ ကရင်ပြည်နယ် ဖားအံမြို့၊ သု‌မေဓါရာမ ကြား‌တောရ‌ကျောင်းတွင် အ‌ခြေခံသတင်း‌ရေးသားနည်း နှင့် ပဋိပက္ခဂရုပြု‌ရေးသားနည်းသင်တန်းတစ်ရပ်ကို ဒီဇင်ဘာ ၁၇ မှ ၂၅ ရက်‌နေ့အထိ ပြုလုပ်လျှက်ရှိသည်။

သင်တန်းဖြစ်‌မြောက်‌ရေးတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုသိန်း‌ဇော်က “ကျ‌နော်တို့ ကရင်ပြည်နယ်မှာ အဖြစ် အပျက်‌တွေကို ဘယ်လို‌ရေးမလဲဆိုတာ ‌ရေးဖို့ သတင်းသမား‌တွေ အများကြီး လိုအပ်‌နေ‌သေးတယ်။ ဒါကို တတ်နိုင်သ‌လောက် ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားတဲ့အ‌နေနဲ့ ဒီသင်တန်းလုပ်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သင်တန်းတွင် သင်တန်းဆရာ ၄ ဦးတို့မှ သင်တန်းသား၊ သင်တန်းသားစုစု‌ပေါင်း (၄၀)‌ကျော်ကို သင်ကြား‌ပေး‌နေခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲ‌နေ့က ကရင်ပြည်နယ် လွတ်‌တော်အမတ် နန်း‌စေအွာနှင့် ကြား‌တောရ ဆရာ‌တော် ဦးစန္ဒဝရတို့ကလည်း တက်‌ရောက်အား‌ပေးခဲ့သည်ဟု သိရသည်။

ရန်ကုန်မြို့မှ လာ‌ရောက်သင်တန်းပို့ချ‌ပေးသည့် သတင်းသင်တန်း ဆရာတစ်ဦးဖြစ်သူ ကို‌ဇေယျာလှိုင်းက “မြန် မာနိုင်ငံမှာ ဒီမိုက‌ရေစီစနစ်ကို သွားမည်ဆိုရင် ပွင့်လင်းတဲ့ သတင်းမီဒီယာရှိရမယ်။ ဒါ‌ကြောင့် သတင်းသမားမျိုး ဆက်သစ်‌တွေကို ထပ်မံ‌ပေါ်လာ‌အောင်လို့ ကျ‌နော် လာ‌ရောက်သင်တန်း‌ပေတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
00
ထို့အပြင် သတင်းသမားများအ‌နေဖြင့် အ‌ကြောင်းအရာတစ်ခု ‌ရေးသား‌တော့မည်ဆိုပါက ပဋိပက္ခ မဖြစ်ပွားရန် ဘက်ညီမျှမှုရှိ‌အောင် သတိထား‌ရေးသင့်သည့် ‌ရေးသားနည်း၊ ပဋိပက္ခမဖြစ်ရန် ကြိုတင်ကာကွယ်ထားရမည့် ‌ရေးသားနည်း နှင့် ‌ရှောင်ကြဉ်ရမည့် ‌ရေးသားနည်းများကို သင်တန်းတွင် ပို့ချသင်ကြား‌ပေးသွားမည်ဟု သူက ဆက်‌ပြောသည်။

၎င်းသင်တန်းကို တက်‌ရောက်သူ ကျုံဒိုးမြို့နယ်ခွဲ၊ အမှတ်(၄)ရပ်ကွက်မှ ‌နော်‌အေးမာက “ကိုယ့်ရွာမှာ ဖြစ်ပျက် ‌နေတဲ့အရာ‌တွေကို ဘယ်လိုသတင်းအချက်အလက်‌တွေနဲ့ ‌ရေးသား‌ပေးပို့ရမလဲဆိုတာ သိ‌အောင် ဒီသင်တန်းကို လာတက်တာပါ။ ဒီသင်တန်းက‌နေ ကျမအတွက် တစ်ခုခု အကျိုးရှိမယ်လို့ ‌မျှော်လင့်ပါတယ်”ဟု ‌ပြောသည်။

ယခုပြုလုပ်‌နေသည့် သင်တန်းသည် နိုင်ငံ‌ရေးနှင့် ပတ်သက်၍ တစုံတရာ ထိခိုက်နစ်နာမှု မရှိ‌သော‌ကြောင့် ကရင်ပြည်နယ်ရှိ ပြည်နယ်ရဲမင်းကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး စသည်တို့က လိုအပ်လျှင် အကူအညီ‌ပေးရန် အသင့်ရှိသလို သင်တန်းဖြစ်‌မြောက်‌အောင် လုပ်‌စေချင်ကြ‌ကြောင်း ကိုသိန်း‌ဇော်က ဖြည့်စွက်‌ပြောဆိုသည်။

သင်တန်းဖြစ်‌မြောက်ရန်အတွက် ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ(KNU/KNLA PC)မှ ကိုခိုင်မိုးလင်း၊ (ကရင်ပြည် နယ်) နယ်ခြား‌စောင့်တပ်(BGF)မှ ဗိုလ်မြလိုင်နှင့် ကိုသိန်း‌ဇော်လင်း ဆိုသူတို့က သင်တန်းကုန်ကျစရိတ်အဖြစ် ကျပ်‌ငွေ (၁၂)သိန်း အကူအညီ‌ပေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း သု‌မေဓါရာမကြား‌တောရ‌ကျောင်း၌ ကရင်သတင်းစဉ်မှ သတင်းသင်တန်း တစ်ခုပြုလုပ်ခဲ့ရာတွင် အစိုးရဌာနဆိုင်ရာအာဏာပိုင်များ၏ လာ‌ရောက်‌မေးမြန်းခြင်း၊ ‌စောင့်ကြည့်ခြင်းနှင့် သင်တန်းသားများအမည်စာရင်း မှတ်တမ်းယူခြင်းများ ရှိခဲ့သည်။