Home သတင်း ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ယဉ်တိုက်မှုများတွင် လူငယ်အများစုဖြစ်

ကရင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် ယဉ်တိုက်မှုများတွင် လူငယ်အများစုဖြစ်

2556

ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ ‌စောညွှန့်‌သောင်း

ယဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိမှုအားနည်း‌သော‌ကြောင့် ကရင်ပြည်နယ်အတွင်း နှစ်စဉ်နှစ်တိုင်း ယဉ်တိုက်မှုဖြစ်ပွားရာ အများစုသည် လူငယ်များဖြစ်ကြသည်ဟု ဖားအံမြို့ ရထားပို့‌ဆောင်‌ရေဝန်ကြီးဌာန၏ လက်‌အောက် ကုန်းလမ်းညွှန်ကြား‌ရေး ညွှန်ကြား‌ရေးမှူးဦးစီးဌာန(ကညန)က ‌ပြောကြားလိုက်သည်။

ကရင်ပြည်နယ်တွင် (ကညန)၏ ၂၀၁၃ခုနှစ်အတွင်း ယခုအချိန်ထိ ယဉ်တိုက်မှု အမှု‌ပေါင်း ၃၃၂ ခုဖြစ်ပွားခဲ့ရာ ဒါဏ်ရာရသူ ၆၀၃ ဦးရှိပြီး ‌သေဆုံးသူ ၇၁ ဦးရှိ‌ကြောင်း ယခုလ ဒီဇင်ဘာ ၁၁ရက်‌နေ့က ဖားအံမြို့၊ (ကညန)ရုံး တွင် သုံးရက်တာ ပြုလုပ်သည့် အပတ်စဉ်(၂၉/၂၀၁၃)ကြိမ်‌မြောက် ရက်တို ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာ‌ပေးသင်တန်းတွင် လက်‌ထောက်ညွှန် ကြား‌ရေးမှူး ဦး‌အောင်နိုင်က ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ယဉ်တိုက်မှုဖြစ်ပွားရတဲ့အ‌ကြောင်းက ယဉ်များလာတာရယ်၊ ‌မောင်းသူ‌တွေက စည်းကမ်းများ မသိကြလို့ ဖြစ်တယ်။ ယဉ်တိုက်မှုဖြစ်ပွားတဲ့ လူငယ်အများစုက အသက် (၁၈) မှ (၃၀) နှစ်အရွယ်‌တွေ ဖြစ်ကြပါတယ်။ အထူးသဖြင့် ယဉ်တိုက်မှုဖြစ်များတာက မြို့‌ပေါ်မှာ ဖြစ်ပါတယ်”ဟု ဦး‌အောင်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယဉ်တိုက်မှု ဖြစ်ပွားမှုကို ‌လျှော့ပါးလာ‌စေရန် ရည်ရွယ်ပြီး ဖားအံမြို့၌ ရက်တို ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာ‌ပေးသင်တန်းကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ဖွင့်လှစ်ကာ ယဉ်‌မောင်းသူတိုင်း လိုက်နာရမည့် ယဉ်စည်း ကမ်းနှင့် လမ်းစည်းကမ်း ဆိုင်ရာ နည်းဥပ‌ဒေများ၊ အချက်ပြမီး၊ အ‌ရောင်ပြလမ်းညွှန်အမှတ်အသားများကို သင်ကြား‌ပေးသည်ဟု ၎င်းက ဆက်‌ပြောသည်။

3 - Copy
ထို့အပြင် (ကညန)မှ ဖွင့်လှစ်သည့် ၎င်းသင်တန်းများ၌ ပုံမှန် တက်‌ရောက်သူ ၆ဝ မှ ၇ဝ ဝန်းကျင်အထိရှိပြီး သင်တန်းပို့ချရာတွင် သင်တန်းသူ၊ သင်တန်းသားများအလွယ်တကူ နားလည်နိုင်ရန် ယဉ်တိုက်မှုဖြစ်စဉ်များကို (Power Point)ဖြင့် ပြသ‌ပေးကာ ရှင်းရှင်းလင်းလင်း နားမလည်ပါက ‌မေးမြန်းနိုင်သလို လက်‌တွေ့ ‌မောင်းနှင်ခိုင်းခြင်းများ လုပ်‌ဆောင်‌ပေးသည်ဟု သိရသည်။

ယဉ်စည်းကမ်းသင်တန်း အပတ်စဉ်(၂၉/၂၀၁၃)သို့ တက်‌ရောက်သည့် လူငယ်အမျိုးသမီးတစ်ဦးဖြစ်သူ နိုနိုနီဝင်းက “ယဉ်‌မောင်းသူတိုင်း စည်းကမ်းသိဖို့ အခုလို သင်တန်းတက်‌ရောက်သင့်တယ်။ ဘယ်ယဉ်ဖြစ်ဖြစ် ‌မောင်းနှင်ရင် စည်းကမ်းသိရမယ်။ ယဉ်တိုက်မှု ဖြစ်ပွားတဲ့အထဲမှာ လူငယ်‌တွေပဲ အသက်ဆုံးရှုံးမှု ဖြစ်များတာ ကို ‌တွေ့ရ‌တော့ နိုင်ငံ‌တော်အတွက် မျိုးဆက်‌တွေ ဆုံးရှုံးတယ်လို့ မြင်မိတယ်”ဟု ‌ပြောသည်။

ယခု ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလ၌ နှစ်ပတ်အ‌တောအတွင်း ဖားအံမြို့တွင် ယဉ်တိုက်မှုဖြင့် ‌သေဆုံးသူ (၇)ဦးနှင့် ဒဏ်ရာရသူ (၁၀)ဦး‌ကျော် ရှိသည်ဟု (ကညန) လက်‌ထောက်ညွန်ကြား‌ရေးမှူး ဦး‌အောင်နို်င်က ဖြည့်စွက်‌ပြောဆိုသည်။

ကရင်ပြည်နယ်ရှိ ယဉ်စည်းကမ်း၊ လမ်းစည်းကမ်း အပတ်စဉ် ရက်တိုသင်တန်းသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်မှ စ၍ ဖားအံမြို့တွင် စတင်ပြုလုပ်ခဲ့ပြီး ‌မောင်းလိုင်စင်လာ‌ရောက်‌လျှောက်ထားသူများဦး‌ရေ များလာသည်နှင့် အမျှ ယင်းကဲ့သို့ သင်တန်းပြုလုပ်ရခြင်းဖြစ်သည်ဟု (ကညန)က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်ကလည်း ကရင်ပြည်နယ်တွင် ယဉ်တိုက်မှု‌ကြောင့် ‌သေဆုံးသူ ၆ဝ ‌ကျော်နှင့် ဒါဏ်ရာ ရရှိသူဦး‌ရေ ၄၀ဝ ‌ကျော်ရှိသည်ဟု (ကညန)၏ စာရင်းအရ သိရသည်။