Home သတင်း ကရင်ပန်းချီဆရာများက ဖားအံတွင် စု‌ပေါင်းပန်းချီပြပွဲ ပထမဦးဆုံးအကြိမ် ကျင်းပမည်

ကရင်ပန်းချီဆရာများက ဖားအံတွင် စု‌ပေါင်းပန်းချီပြပွဲ ပထမဦးဆုံးအကြိမ် ကျင်းပမည်

2698

ဒီဇင်ဘာ ၂၄ရက်၊ ၂၀၁၃ခုနှစ်။ ‌စောထွန်းလင်း

ကရင်လူငယ်ပန်းချီဆရာများ စု‌ပေါင်း၍ ကရင်ပြည်နယ်၊ ဖားအံမြို့၌ ပန်းချီပြပွဲတစ်ရပ်ကို လာမည့် ၂၀၁၄ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ဒုတိယပတ်အတွင်း ပထမဦးဆုံးအကြိမ် ကျင်းပသွားမည်ဖြစ်‌ကြောင်း ယင်းပြပွဲစီစဉ်‌နေသူများက ‌ပြောဆိုသည်။

ကရင်လူငယ်ပန်းချီဆရာ ၂၀‌ကျော်၏ ပန်းချီကားများ ပါဝင်မည့် ၎င်းပြပွဲကို ကျင်းပရန် လက်ရှိအချိန်၌ ပန်းချီကားများ လိုက်လံ စုစည်းကာ ကျင်းပမည့်‌နေရာကိုလည်း စီစဉ်လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်း ပြပွဲစီစဉ်‌နေသူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ပန်းချီဆရာ‌စောမိုးဇက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကျ‌နော်တို့‌တွေ စု‌ပေါင်းပြီး ပန်းချီပြပွဲကို ရန်ကုန်မှာသုံးကြိမ်လုပ်ပြီးပြီ။ ဒီတခါ‌တော့ နယ်ကလူ‌တွေ ကြည့်လို့ရ‌အောင်ရယ်၊ ကိုယ့် လူမျိုးရဲ့ ယဉ်‌ကျေးမှု၊ ဓ‌လေ့ထုံးစံ‌တွေကို ‌ဖော်ပြချင်တာရယ်၊ ကရင်ပြည်နယ်ရဲ ့အလှအပ ရှုခင်း‌တွေကို ‌ဖော်ထုတ်ချင်တာရယ်နဲ့ ကရင်လူငယ်ပန်းချီဆရာ‌တွေထပ်ပြီး ‌ပေါ်ထွက်လာ‌အောင် ရည်ရွယ်ချက်နဲ့ ဖားအံမှာ လုပ်ရတာဖြစ်ပါတယ်။”ဟု ‌စောမိုးဇက်က ‌ပြောသည်။

ပြပွဲကို ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်၊ ကရင်ပြည်နယ်‌နေ့၌ ကျင်းပရန် မူလက ရည်ရွယ်ခဲ့‌သော်လည်း မဖြစ်‌မြောက်‌သော‌ကြောင့် လာမည့်ပြည်‌ထောင်စု‌နေ့တွင် ‌ပြောင်းလဲကျင်းပရန်နိုင်ရန် စီစဉ်လျှက်ရှိပြီး ပြပွဲတွင် ‌ခေတ်ပြိုင်ပန်းချီကားနှင့် သရုပ်‌ဖော်ပန်းချီ ကား ၄၀‌ကျော် ပြသရန် စီစဉ်ထားကာ ပန်းချီကားများကို သင့်တင့်သည့် ‌ဈေးနှုန်းဖြင့် ‌ရောင်းချရန် စီစဉ်ထား‌ကြောင်း သိရသည်။

ကရင်လူငယ်ပန်းချီဆရာများ စု‌ပေါင်း၍ ဖားအံမြို့တွင် ယခုကဲ့သို့ ပန်းချီးပြပွဲ ကျင်းပမည်နှင့်ပတ်သက်၍ လူမှု‌ရေးလုပ်ငန်း လုပ် ကိုင်‌နေသည့် လူငယ်တစ်ဦးဖြစ်သူ ‌စောထွန်းထွန်းက “ဖားအံမှာ ဒီလို ပန်းချီပြပွဲလုပ်မှာ ဖြစ်တဲ့အတွက် ဝမ်းသာမိတယ်။ လိုအပ် တာရှိရင် ကူညီ‌ပေးဖို့ ရှိပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက ဆက်လက်၍ အဆိုပါ ပန်းချီပြပွဲတွင် ဖိတ်ကြား‌ရေးအစီအစဉ်၊ ပန်းချီကားများနှင့် ပန်းချီ‌ရေးဆွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ သယ်ယူပို့‌ဆောင်‌ရေး၊ မြို့ခံစာ‌ပေယဉ်‌ကျေးမှုအဖွဲ့များနှင့် ချိတ်ဆက်ခြင်း စသည်တို့ကို ကူညီလုပ်‌ဆောင်‌ပေးမည်ဟု ‌ပြောဆိုသည်။

ကရင်လူငယ်ပန်းချီဆရာများ စုစည်းပြသသည့် ယခုလို ပန်းချီပြပွဲကို ၂၀၁၁မှ ၂၀၁၃ခုနှစ်အထိ ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းရှိ ‌လောကနတ် ပန်းချီပြခန်း၌ သုံးကြိမ် ပြပွဲကျင်းပခဲ့ရာ ‌အောင်မြင်မှု အထိုက်အ‌လျောက် ရရှိခဲ့‌ကြောင်း ပြပွဲတွင် ပါဝင်သည့် ပန်းချီ ဆရာများ၏ ‌ပြောပြချက်အရ သိရသည်။