Home သတင်း ‌ကော့ကရိတ် ဒူးရင်းစိုက် ‌တောင်သူများ အရှုံး‌ပေါ်

‌ကော့ကရိတ် ဒူးရင်းစိုက် ‌တောင်သူများ အရှုံး‌ပေါ်

2267

နိုဝင်ဘာ ၆ ရက်၊ ၂၀၁၃ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ဒူးရင်းသီးစိုက် ‌တောင်သူများသည် ယခုနှစ် သီးနှံ‌ပေါ်ချိန်တွင် အသီးမ‌ကောင်းခြင်း၊ ဒူးရင်းပင်များ‌သေဆုံးမှုများခြင်း စသည့်တို့‌ကြောင့် တွက်‌ခြေမကိုက် အရှုံး‌ပေါ်‌နေ‌ကြောင်း ‌ဒေသခံ‌တောင်သူများက ‌ပြောဆို‌နေကြသည်။

လက်ရှိ ‌ကော့ကရိတ်မြို့နယ် ဒူးရင်းခြံစိုက် ‌တောင်သူများအ‌နေဖြင့် ဒူးရင်းပင်များ‌သေဆုံးခြင်း ယခင်နှစ်ထက် ဆိုးရွားစွာ ကြုံ‌တွေ့‌နေရ‌ကြောင်း၊ မ‌သေဘဲ ကျန်ရှိသည့် ဒူးရင်းပင်များသည်လည်း အသီးထွက်နှုန်းမ‌ကောင်း ‌ကြောင်း ‌ကော့ကရိတ်မြို့နယ်‌တောင်ပိုင်း၊ ‌လောင်းကိုင်‌ကျေးရွာရှိ ဥယျာဉ်ခြံစိုက် ‌တောင်သူ ဦးစိန်က ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

“ကျ‌နော့်ဒူးရင်းခြံက‌တော့ အပင် ၅၀‌ကျော် ရှိတယ်။ ဒီနှစ်မှာ အပင် ၁ဝ ပင်‌ကျော်‌သေပြီး တချို့ခြံ‌တွေ ဒီထက် ‌တောင် အပင်‌သေများတယ်။ ထွက်နှုန်းလည်း မ‌ကောင်းဘူး။ ဒီနှစ်တွက်‌ခြေမကိုက်ဘူး။ ဒီနှစ်ရှုံးတယ်”ဟု ဦးစိန် က ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်၊ သမိန်ဒွတ်‌ကျေးရွာရှိ ဥယျာဉ်ခြံစိုက်‌တောင်သူ ဦးဖိုး‌ကော်လီကလည်း အချို့ဒူးရင်းခြံများ တစ်ခြံလုံးနီးပါး အပင်‌သေဆုံးသွားမှုများရှိပြီး အချို့ဒူးရင်းခြံများမှာမူ ယခုချိန်တွင်ပင် ‌သေဆုံးသွားခြင်းများ ဖြစ်‌ပေါ်‌နေ‌ကြောင်း၊ လာမည့်နှစ်တွင် ဒူးရင်းပင်များ ယခုထက်ပိုမို‌သေဆုံးရန် အလားအလာရှိ‌ကြောင်း ဆိုသည်။

ထို့အပြင် ဒူးရင်းပင်များ‌သေဆုံးရခြင်း၊ အသီးထွက်နှုန်းမ‌ကောင်းမွန်ခြင်းတို့မှာ ယခုနှစ် မိုးရာသီ၏ မိုး‌နှောင်းပိုင်း တွင် မိုးများခြင်းနှင့် ဒူးရင်းပင်များပိုးကိုက်သည့်အတွက်ဖြစ်‌ကြောင်း ‌တောင်သူများက ‌ပြောဆိုသည်။

တဆက်တည်းမှာပင် ‌ကော့ကရိတ်မြို့နယ်ရှိ ကွမ်းသီးစိုက်‌တောင်သူများလည်း ယခုနှစ်တွင် ကွမ်းသီးအထွက် ‌စောသည့်အတွက် မိုးများနှင့် ကြုံကြိုက်ကာ အသီးဆုံးရှုံးမှုများဖြစ်‌ပေါ်ခဲ့သလို အ‌ခြောက်လှန်းမရဘဲ စင်ထိုး၍ မီးမြိုက်အ‌ခြောက်လှန်းခဲ့ရသည်ဟု သမိန်ဒွတ်‌ကျေးရွာ ဥယျာဉ်ခြံစိုက်‌တောင်သူ ‌ဒေါ်‌နော့ပိန်းက ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

”ဒီနှစ်က ကွမ်းသီးဆိုရင်လဲ အချိန်မဟုတ်သီးတယ်။ ပုံမှန်နှစ်ဆိုရင် ကွမ်းသီးက သီတင်းကျွတ်(‌အောက်တိုဘာ)၊ တန်‌ဆောင်မုန်း(နိုဝင်ဘာ)လမှ အသီးစမှည့်လာတယ်။ ဒီနှစ်ဆို ဝါ‌ခေါင်(ဩဂုတ်)လတုန်းက အသီးမှည့်ကုန်ပြီး ဒီအချိန်လလည်း‌ရောက်‌ရော ကွမ်းသီးက ထက်ဝက်‌ကျော် ‌ကြွေကုန်ပြီ။ မိုးတွင်းတုန်းကဆိုရင်လည်း အသီးမှည့် ‌တော့ တက်လို့ မနိုင်ဘူး။ တက်လို့နိုင်တဲ့ အသီးတချို့က‌တော့ ‌နေပူနဲ့လှန်းလို့မရဘူး” ဟု ၎င်းက ‌ပြောသည်။

အဆိုပါ‌ဒေသရှိ လူအများစုသည် ဘိုးဘွားစဉ်ဆက်မှ ယခုချိန်အထိ ဥယျာဉ်ခြံနှင့် အသက်‌မွေးဝမ်း ‌ကြောင်းပြု ‌သော‌ကြောင့် ယခုလို သီးပင်များ မျိုးတုန်းပြီး‌သေသွားပါက ‌ဒေသခံ‌တောင်သူများအတွက် အခက်အခဲများ ရှိလာနိုင်သည်ဟု ‌ဒေသခံဦးဖိုး‌ကော်လီက ထပ်မံဖြည့်စွက်‌ပြောဆိုသည်။

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်အတွင်းတွင် ဥယျာဉ်ခြံ အများအပြားရှိပြီး ‌ဒေသခံ‌တောင်သူများအ‌နေဖြင့် ဒူးရင်းသီး၊ ကွမ်းသီး၊ ငရုပ်‌ကောင်းနှင့် မင်းကွတ်သီး စသည်တို့ကို အများဆုံးစိုက်ပျိုးကြကာ ‌မော်လမြိုင်နှင့် ရန်ကုန်မြို ့သို့ အများဆုံး တင်ပို့‌ရောင်းချလျှက်ရှိ‌ကြောင်း သိရသည်။