Home ဆောင်းပါး မူးယစ်‌ဆေး နှင့် ‌ရွှေသမင်

မူးယစ်‌ဆေး နှင့် ‌ရွှေသမင်

2053
(စကိုင့်မီး)

မူူးယစ်‌ဆေးဝါးပြဿနာသည် နိုင်ငံတစ်နိုင်ငံ ‌ဒေသတစ်ခုတည်းနဲ့သာ သက်ဆိုင်‌နေသည့်ပြဿနာ မဟုတ်ဘဲ တစ်ကမ္ဘာ လုံးနှင့် သက်ဆိုင်‌သော ကမ္ဘာ့လူသားတစ်ရပ်လုံးကို ခြိမ်း‌ခြောက်အန္တရာယ်ပြု‌နေ‌သော ပြဿနာပင်ဖြစ်သည်။

ထို့‌ကြောင့် မူးယစ်‌ဆေးဝါး ဆန့်ကျင်တိုက်ဖျက်‌ရေးအတွက် နှစ်စဉ် ဇွန်လ(၂၆)ရက်တိုင်း အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေး ဝါး အလွဲသုံးမှုနှင့် တရားမဝင် ‌ရောင်းဝယ်မှုတိုက်ဖျက်‌ရေး‌နေ့ အထိမ်းအမှတ် အခမ်းအနားများကို တူညီ‌သော ရည်မှန်းချက် နှင့် တစ်ကမ္ဘာလုံးတွင် ကျင်းပ‌နေကြပါသည်။

မြန်မာနိုင်ငံ‌တော်အစိုးရသည် မူးယစ်‌ဆေးဝါးပ‌ပျောက်‌ရေးကို အမျိုးသား‌ရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ထိ‌ရောက် စွာ အ‌ကောင်အထည်‌ဖေါ် ‌ဆောင်ရွက်နိုင်ရန်အတွက် (၁၉၉၆)ခုနှစ်တွင် မူးယစ်‌ဆေးဝါးအန္တရာယ် တားဆီးကာကွယ်‌ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်း‌ဆောင်ရွက်ပြီး မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနိဿ(၃)ရပ်တို့ကို ချမှတ်‌ပေးခဲ့ပါသည်။

အဆိုပါနည်းဗျူဟာများကို အ‌ကောင်အထည်‌ဖေါ်ရန် (၂၀၀၇)ခုနှစ် ဇန်နဝါရီလ(၂)ရက်‌နေ့တွင် မူးယစ်ဗဟိုအဖွဲ့ကို် ထပ်မံ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ပြည်နယ်/တိုင်း/ခရိုင်/မြို့နယ်/ရပ်ကွက်/‌ကျေးရွာ အဆင့်အထိ မူးယစ်‌ဆေးဝါးနှင့် စိတ်ကို‌ပြောင်းလဲ‌စေ ‌သော ‌ဆေးဝါးအန္တရာယ် ကာကွယ်တားဆီး‌ရေးအဖွဲ့များကိုပါ ပြင်ဆင်ဖွဲ့စည်းပြီး ထိ‌ရောက်စွာ ‌ဆောင်ရွက်‌နေပါသည်။

နိုင်ငံ‌တော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ၁၉၉၉ခုနှစ်မှစ၍ ၂၀၁၄ခုနှစ်အထိ မူးယစ်‌ဆေးဝါးပ‌ပျောက်‌ရေးကို (၁၅)နှစ် စီမံကိန်းချမှတ်ခဲ့ပြီး ပထမ(၅)နှစ်၊ ဒုတိယ(၅)နှစ်၊ တတိယ(၅)နှစ် စသည်ဖြင့် စီမံကိန်းကာလ သုံးပိုင်းပိုင်းပြီး လျာထား ‌ဆောင်ရွက်ခဲ့ပါသည်။

ကရင်ပြည်နယ်အစိုးရအ‌နေနှင့်လည်း နိုင်ငံ‌တော်၏ စီမံကိန်း၊ စီမံချက် မဟာဗျူဟာများအတွက် အရှိန်အဟုန်မြင့်စွာ စွမ်းစွမ်းတမံ အ‌ကောင်အထည်‌ဖေါ် ‌ဆောင်ရွက်‌နေသည့်ကြားကပင် ယ‌နေ့ ပြည်နယ်တရားရုံး၌ မူးယစ်‌ဆေးဝါး သုံးစွဲ‌ရောင်း ဝယ်မှုများနှင့် ပတ်သက်၍ ‌ကျောင်းသားလူငယ်၊ လူရွယ်များ၊ အမျိုးသမီးများ၊ က‌လေးငယ်မိခင်များ၊ သက်ကြီး ကျား/မများ ပင် ပြစ်မှုကျူးလွန်သူများအဖြစ်လည်း‌ကောင်း၊ ပူးတွဲတရားခံများဟူ၍လည်း‌ကောင်း၊ အမှုများ ရင်ဆိုင်‌နေကြရပြီး ‌တောင် က‌လေးအကျဉ်း‌ထောင်တွင် ပြစ်မှုပြစ်ဒဏ်များဖြင့် များပြားစွာ ရှိ‌နေကြ‌လေသည်။

ထိုသို့ မူးယစ်‌ဆေးဝါးပ‌ပျောက်‌ရေး ၁၅နှစ်စီမံကိန်းကိုချမှတ်၍ အ‌ကောင်အအထည်‌ဖေါ်လာရာ တတိယ(၅)နှစ်ပြည့်ရန် တနှစ်အလို ဖြစ်‌သော်လည်း ရှိ‌နေပြီးဖြစ်‌သော မူူးယစ်‌ဆေးဝါး သုုံးစွဲ၊ ‌ရောင်းဝယ်သူများကိုပင် ‌ကောက်သင်း‌ကောက်ခြင်း များပင် ဖမ်းဆီးအ‌ရေးယူ‌နေသည်လား(သို့မဟုတ်) နိုင်ငံအတွင်း (ဝါ) ပြည်နယ်အတွင်း၌ပင် (WY) မူးယစ်‌ဆေးဝါး ထုတ် လုပ်မှုများ ရှိ‌နေသည်သည်လားဟူ၍ သက်ဆိုင်ရာများမှ တိကျစွာ ‌ပြောဆိုမှုမရှိ‌လေ‌သော်လည်း ဆင်‌ခြေရာ‌တွေ့ပါလျက် ဆင်‌ကောင်ကို မဖမ်းမိသည်မှာ ဆင်ထိုးမည်ကို ‌ကြောက်‌နေကြသည်ဟု ပြည်သူများထံမှ ‌ဝေဖန်သံများကို ထွက်‌ပေါ်သည် ကို ကြား‌နေရပါသည်။

မည်သို့ပင်ဖြစ်‌စေ ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြစ်‌သော ၁။ KNU (KNLA) ၂။ KNU/KNLA PC ၃။ DKBA ၄။ BGF(DKBA) ၅။ BGF(KPF) ၆။ ဘုရားကုန်းငြိမ်းချမ်း‌ရေးအထူး‌ဒေသ (ပြည်သူ့စစ်ဌာ‌နေ)ဟူသည့် ပူး‌ပေါင်း (၆)ဖွဲ့သည် (ကရင်လက်နက်ကိုင်စည်းလုံးညီညွှတ်‌ရေး‌ကော်မတီ)တစ်ရပ်ကို ဖွဲ့စည်းကာ ၂၈.၅.၂၀၁၃(အဂင်္ါ‌နေ့) နံနက် (၈း၃၀)မှ မွန်းလွဲ (၁၂း၃၀)အထိ (KNU/KNLA PC) ထို့‌ကော်ကိုးရှိ ဗိုလ်ချုပ်ထိန်‌မောင်(‌ဌေး‌မောင်)၏ ‌နေအိမ်‌ရှေ့ ဧည့်‌ဆောင်၌ အဆိုပါမူးယစ် ‌ဆေးဝါးတိုက်ဖျက်‌ရေးအား စွမ်းစွမ်းတမံ ‌ဆောင်ရွက်ကြရန်ကို အမျိုးသား‌ရေးတာဝန်တစ်ရပ် အဖြစ် သတ်မှတ်ကာ အဖွဲ့စုံသည် (၃)လတစ်ကြိမ် ‌တွေ့ဆုံ၍ ပူး‌ပေါင်း‌ဆောင်ရွက်မှုများ/ ‌ရှေ့လုပ်ငန်းစဉ်များအတွက် ‌ဆွေး ‌နွေးညှိနှိုင်း အတည်ပြု မှတ်တမ်းတင်‌ရေးများအတွက် ‌ကော်မတီ၏ တာဝန်ရှိအကြီးအကဲများ၊ တာဝန်ရှိသူများက ‌ဆွေး‌နွေး ကြ‌ကြောင်းအား သတင်းဂျာနယ်တွင် ဖတ်ရှုသိရှိရပြီး သက်ဆိုင်ရာ ‌ပြော‌ရေးဆိုခွင့်ရှိသူထံမှလည်း ‌ဖေါ်ပြပါအတိုင်း သိရှိ ရပါသည်။

ထို့‌ကြောင့် နိုင်ငံ‌တော်မှ မူးယစ်‌ဆေးဝါး စီမံချက်၏ ‌နောက်ဆုံးတတိယ(၅)နှစ် ၂၀၁၄ခုနှစ်ပင် ‌ရောက်ရှိ‌တော့မည် ဖြစ်‌သော် လည်း ယ္ခုအခါ ပြည်နယ်အတွင်း မူးယစ်‌ဆေးဝါး ဖမ်းဆီးရာတွင် အပြန်ပြန် အလှန်လှန် ပစ်ခတ်မှုများပင်ရှိ‌နေ‌သော‌ကြောင့် အထူးသဖြင့် သူ့တာကိုယ်တာ ထိန်းကြဖို့ လိုအပ်ပါသည်။

7DAY DAILY NO-70-WEDNESDAY, JULY 3-2013 သတင်းတွင် ‌ဖေါ်ပြထားခဲ့‌သော ‌နောက်ခံသတင်း (Back ground stories) တစ်ခုအား ပြန်လည်‌ဖေါ်ပြ၍ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးနှင့်အတူ မူးယစ်‌ဆေးဝါး ဖမ်းဆီးအ‌ရေးယူမှုအ‌ပေါ် (အ‌ရေးယူ‌ဆောင်ရွက်ခြင်း) အထူးစုံစမ်းစစ်‌ဆေး‌ရေးအဖွဲ့ကို ဖွဲ့စည်း‌ဆောင်ရွက်နိုင်မှုအတွက် ဤ‌ဆောင်းပါးဖြင့် အကြံပြု လိုက်ရပါ‌တော့သည်။