Home သတင်း မြဝတီမြို့နယ်ရှိ သစ်‌တောများကို ဒီ‌ကေဘီ‌အေ အကွက် ချ‌ရောင်း‌နေ

မြဝတီမြို့နယ်ရှိ သစ်‌တောများကို ဒီ‌ကေဘီ‌အေ အကွက် ချ‌ရောင်း‌နေ

3147

ဩဂုတ်လ ၇ရက်၊ ၂၀၁၃ခုနှစ်။ (‌ကေအိုင်စီ)
DKBA logging-imgကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌ဝေါ်‌လေ‌ကျေးရွာအုပ်စုရှိ ပွယ်‌ကေ့‌ဒေသတွင် သစ်‌တောများကို ဒီမိုက‌ရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)က‌မေလပိုင်းမှစ၍ ယခုအချိန်ထိ အကွက်ချကာ ‌ရောင်းချလျှက်ရှိသည်ဟု ‌ဒေသခံများက‌ပြောဆိုသည်။

အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက “ဒီပွယ်‌ကေ့‌တောက သစ်‌တွေကို ဒီ‌ကေဘီ‌အေက သစ်ဝယ်သူ‌ဌေး ‌တွေကို အကွက်ချပြီး ‌ရောင်းတာပါ။ သုံး‌လေးလ ကြာလာပြီးဆို‌တော့ သစ်‌တွေကလည်း ‌တော်‌တော်ကုန်လာပြီ။ ကျ‌နော်တို့ ရွာသား‌တွေ မကြိုက်‌ပေမယ့် မ‌ပြောရဲ‌တော့ ဒီအတိုင်း ကြည့်‌နေရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ သစ်‌တောများကို အကွက်ချပြီး ‌ရောင်းချ‌နေသူများမှာ ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘော လက်‌အောက်ခံ တပ်ရင်းများဖြစ် သည့် (၉၀၈)တပ်ရင်းမှ ဒုဗိုလ်မှူးကြီး‌မောင်‌ရွှေဝါ့၊ (၉၀၉)တပ်ရင်းမှ ဒုဗိုလ်မှူးကြီး‌စောအဲ့ဖိုးတို့က အဓိက လုပ်‌ဆောင်လျှက်ရှိကြပြီး ‌ဝေါ်‌လေ‌ကျေးရွာအုပ်စုရှိ ပွယ်‌ကေ့‌တောအတွင်းရှိ သစ်များကို ‌ရောင်းချ‌နေခြင်းဖြစ်‌ကြောင်း သိရသည်။

ထို့အပြင် ယင်းဒီ‌ကေဘီ‌အေ ‌ခေါင်း‌ဆောင်များသည် ပွယ်‌ကေ့‌တောရှိ သစ်များကို အကျယ်အဝန်းအ‌ပေါ် မူတည်၍ အကွက်ချ ‌ရောင်းရာတွင် တစ်ကွက်လျှင် ထိုင်းဘတ်‌ငွေ ၁ဝသိန်းမှ သိန်း ၂ဝအထိ သတ်မှတ်ပြီး မြဝတီမြို့အနီး ‌ဝှေ့ရှမ်းရွာရှိ သစ်ဝယ်သူ‌ဌေး များထံ ‌ရောင်းချ‌ပေး‌နေခြင်းဖြစ်သည်ဟု သိရသည်။

သို့‌သော် ဒီ‌ကေဘီ‌အေ စစ်ဗျူဟာ ကလိုထူးဝါးတပ်မဟာ၏ ‌ထောက် လှမ်း‌ရေးမှူး ဗိုလ်ကြီး ‌စောသရီးတူးက ပွယ် ‌ကေ့‌ဒေသတွင် ၎င်းတို့ ဒီ‌ကေဘီ‌အေအ‌နေဖြင့် စီးပွား‌ရေးအရ သစ်များကို အကွက်ချ‌ရောင်းချခြင်းမျိုး မဟုတ်ဘဲ တပ်ရင်းတပ်ဖွဲ့အသုံးစရိတ်အတွက် ‌ရောင်းချခြင်းသာဖြစ်သလို ဒီ‌ကေဘီ‌အေနည်းတူ အခြားကရင်လက်နက် ကိုင်အဖွဲ့များလည်း လုပ်ကိုင်လျှက်ရှိသည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ဒေသခံ‌တွေ‌ပြောသလို သစ်‌တွေအကွက်ချပြီး ‌ရောင်းတာ မရှိဘူး။ ဒါ‌ပေမယ့် ကျ‌နော်တို့‌တွေဟာ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့အတွက် ကိုယ့်တပ်ဖွဲ့ရပ်တည်‌ရေးအတွက် သစ်‌ရောင်းတာ‌တော့ ရှိတယ်။ ဒီလို‌ရောင်းတာလည်း ကျ‌နော်တို့ လက်နက်ကိုင်အဖွဲ့‌တွေအပြင် ပြည်သူ‌တွေနဲ့လည်း ပူး‌ပေါင်းလုပ်တာ ရှိပါတယ်။ ဒီကိစ္စ ဟုတ်မဟုတ် အချိန်မ‌ရွေး လာစစ်‌ဆေးလို့ရတယ်”ဟု ဗိုလ်ကြီး ‌စောသရီးတူးက ဆိုသည်။

ပွယ်‌ကေ့‌တောထဲရှိ ကျွန်းပင်၊ ပျဉ်းကတုံး၊ ပိ‌တောက်၊ ကညင်ပင်၊ အင်ပင်၊ အင်ကြင်းပင်၊ ကြံပင် အပါအဝင် စသည့် အခြားသစ် မာအမျိုးအစားများကို အဆိုပါ ဒီ‌ကေဘီ‌အေက ‌ရောင်းချ‌နေခြင်းဖြစ်ပြီး ခုတ်လှဲထားသည့် သစ်များကို နွားများဖြင့် သတ်မှတ်ထားသည့် သစ်ကွင်းများသို့ သယ်‌ဆောင်ကာ ထိုမှတဆင့် ကားကြီးများဖြင့် မြဝတီသို့ ထပ်မံ သယ်‌ဆောင်‌နေသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။
DKBA logging-1
‌ဝေါ်‌လေ‌ကျေးရွာအုပ်စု၊ ပွယ်‌ကေ့‌တောအတွင်းရှိ သစ်များကို ယခုလို ခုတ်ထွင်‌ရောင်းချခြင်း‌ကြောင့် သစ်‌တော ပြုန်းတီးမှုဖြစ်ပွား ‌စေသလို ‌ကျေးရွာ‌ဒေသခံများအတွက် အမဲလိုက်ခြင်း၊ ဟင်းသီးဟင်းရွက် ရှာထွက်ခြင်းနှင့် အ‌ဆောက်အဦး ‌ဆောက်လုပ်ရန် လိုအပ်သည့် သစ်၊ ဝါး ခုတ်ယူသုံးစွဲခြင်း အခက်အခဲများနှင့် ရင်ဆိုင်ကြုံ‌တွေ့‌နေရသည်။

ယခုလို သစ်များ ခုတ်လှဲ‌ရောင်းချခံရသည့် ယခု ‌ဝေါ်‌လေ‌ကျေးရွာအုပ်စုတွင် ချူကလီး၊ ထီးသဲလယ်၊ အို့ဖိုးထာ့၊ လဲ့က‌ဝေါ်၊ ‌မော ခီး၊ ‌မောဖိုး ကလိုး၊ ကွီးချဲ‌ဖော၊ ကနဲ‌လေး၊ လားတို၊ ‌ကော်ဆဲ၊ က‌လော်‌ဝေါ်၊ ‌ဖောဘုလာ့ထာ့၊ ‌ခေါဖိုးခီး၊ ဘီးလား‌လေး၊ ပနာ့ထာ့၊ ထီးကပလဲ့၊ တ‌နောထာ့နှင့် တာအုထာ့ စသည့်‌ကျေးရွာများ တည်ရှိသည်။